(Unicode)
ပြင်ဦးလွင်...။ မန္တလေးနဲ့ရှမ်းပြည်နယ်စပ်မြို့။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀၀ကျော်မှာတည်ရှိနေတဲ့မြို့ငယ်လေး။ ပန်းမြို့တော်ဟူသောအမည်ဖြင့် ထင်ရှားတဲ့မြို့လေးဟာ အေးမြတဲ့ရာသီဥတုကြောင့် လူကြိုက်များသည်။ ကိုလိုနီခေတ်ရဲ့အပန်းဖြေစခန်းဖြစ်ခဲ့တဲ့ဒီမြို့လေးက ရှေးဟောင်းအင်္ဂလိပ်ခေတ်ရဲ့အကြွင်းအကျန်လက်ရာတွေဖြင့် လှပစွာဖြစ်တည်နေသည်။
ပုဂံမှာရက်၂၀တိတိနေထိုင်ပြီးတဲ့နောက် ပြင်ဦးလွင်ကို ဟန်နွေးရောက်လာခဲ့သည်။ အစတုန်းကတော့ ပုဂံမှာ တစ်လနေရန်စိတ်ကူးထားခဲ့ပေမယ့် ပြင်ဦးလွင်ကိုလာဖို့ မစောင့်နိုင်တော့တဲ့အတွက် ခပ်သွက်သွက်ပင် ပုဂံကိုနှုတ်ဆက်ခဲ့လိုက်၏။
ပြင်ဦးလွင်ကိုရောက်လာတဲ့ဟန်နွေးက အလောတကြီးပင်ဖြစ်သည်။ မလာခင် သူ့အိမ်လေးကိုရှင်းဖို့ ပြင်ဦးလွင်ကိုရောက်နှင့်နေပြီဖြစ်တဲ့ပြည့်ရည်ဖူးအား အကူအညီတောင်းထားရသည်။ အိမ်သော့ကို ရန်ကုန်မှာကတည်းက တစ်ခါတည်းပေးလိုက်ပြီးဖြစ်၍ ပြည့်ရည်ဖူးဘာသာ Cleaning Service နဲ့ ချိတ်ဆတ်ပြင်ဆင်မည်ဖြစ်သည်။
ဟန်နွေး ပြင်ဦးလွင်ကိုရောက်ချိန်ဟာ ဒီဇင်ဘာလဖြစ်တဲ့အတွက် အချမ်းပိုကာ အေးမြနေသည်။ ရာသီဥတုက ကြည်လင်လတ်ဆတ်သော်ငြား ဟန်နွေးကတော့ သူ့ကိစ္စများနဲ့သူ အတွေးတွေများနေရသည်။
"ငါပြန်ပြီ...အိမ်ရော ခြံရော သေချာရှင်းထားတယ်၊ ပြီးတော့ အပင်တွေအများကြီးဝယ်ပြီး တစ်ခါတည်းစိုက်ထားပေးတယ်၊ ရေလောင်းဖို့မမေ့နဲ့ဦး"
"အပင်စိုက်တာငါ့ဝါသနာပါ၊ ငါသိပါတယ်၊ ဆရာကြီးမလုပ်စမ်းပါနဲ့"
"ပြီးရော ပြီးရော"
ပြည့်ရည်ဖူးဟာ နှုတ်ခမ်းစူကာ မျက်စောင်းခဲပြီးနောက် ဂျစ်ကားလေးစီးပြီးပြန်သွားလေပြီ။ ဒီပြင်ဦးလွင်ကိုရောက်လာပြီး ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို မေးချင်ပေမယ့် ခရီးရောက်မဆိုက်ဖြစ်တာကြောင့် မမေးလိုက်တော့။ နောက်မှ အေးအေးဆေးဆေးမေးမည်လို့သာ တွေးထားလိုက်ပါ၏။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...