Chapter 10

347 48 14
                                    

(Unicode)

သုံးရက်ကြာသော်...

"အခုချက်ချင်း ဘန်ကောက်ကိုပြန်လို့ဖြစ်ပါ့မလားဆရာဟန်နွေး"

"ရပါတယ်...ကျွန်တော်သက်သာနေပါပြီ"

ဦးခေါင်းအနောက်မှာ ပတ်တီးစည်းကပ်ထားလျက်ပင် ဆေးရုံကနေဆင်းချင်နေသောဟန်နွေး။ သူသတိရတဲ့အချိန်ကတည်းက ချမ်းထက်ခေါင်ကိုရှာနေပေမယ့် အခုထိ ဆေးရုံမှာ အရိပ်အယောင်တောင်မတွေ့။

"Khun Chan က ဒီနေ့ရော ဆေးရုံမလာဘူးထင်တယ်နော်"

"ဪ ခေါင်းဆောင်လား...ဘယ်လာမလဲဗျ၊ သူကဘန်ကောက်မှာကို"

"ဟမ် ဘန်ကောက်"

"ဟုတ်တယ်ဗျ၊ ဆရာဟန်နွေး Accident ဖြစ်တဲ့ညကပဲ ချက်ချင်း ဘန်ကောက်ကိုပြန်သွားတာလေ"

ဟန်နွေးပါးစပ်လေးဟောင်းလောင်းဖြစ်သွားရသည်။ သူ့အနေနဲ့ နုံခိုင်မှာ ချမ်းထက်ခေါင် ရှိနေသေးလိမ့်မယ်ထင်နေခဲ့တာ။ သတိရရခြင်းမမေးမြန်းကြည့်ဖြစ်ခဲ့တာ အခု မျှော်လင့်ခြင်းတွေသာ အဖက်တင်ကျန်ရစ်ခဲ့သည်။

"ကျွန်တော့်ကိုဆေးရုံလိုက်ပို့တာကရော ဘယ်သူလဲ"

"အာ...အဲ့တာ...ကျွန်တော်ပါ"

"အခြားဘယ်သူပါသေးလဲ"

"မပါဘူးဗျ...ကျွန်တော်တစ်ယောက်တည်းပဲ"

လိမ်တာ... ဟန်နွေးစိတ်ထဲရေရွတ်လိုက်သည်။ သူခိုလှုံခဲ့တဲ့ရင်ခွင်တစ်ခုကို သူမမေ့။ သူ့ကိုစိုးရိမ်နေတဲ့မျက်နှာပိုင်ရှင်ကိုလည်း သူမမေ့။ ပြီးတော့ လိမ်နေတဲ့လူဟာ မျက်လုံးချင်းဆုံအောင်မပြောတတ်ဘဲ မျက်နှာအမူအရာရော ခန္ဓာကိုယ်အမူအရာပါ ပျက်ယွင်းတတ်တယ်ဆိုတာ ဟန်နွေးလို Psychology သမားအသိဆုံးဖြစ်သည်။ အခုလိုမျိုး အထင်နဲ့ရော အမြင်နဲ့ပါ လိမ်နေတာသိသွားပေမယ့် ဘာလို့လိမ်ရတာလဲဆိုတာကိုတော့ ဟန်နွေးမသိခဲ့ပေ။

"ကျွန်တော် ဘန်ကောက်ပြန်ချင်တယ်"

"ဟုတ်ကဲ့...ကျွန်တော်ပြင်ဆင်လိုက်ပါ့မယ်"

ဆေးရုံကုတင်ပေါ်မှာ တစ်ယောက်တည်းထိုင်လျက်ကျန်ခဲ့တဲ့ဟန်နွေးက သက်ပြင်းရှိုက်လိုက်သည်။ စိတ်မကောင်းလည်းဖြစ်သွားသည်။ ထိုစဉ် သူ့ခေါင်းက ဖျဉ်းခနဲတစ်ချက်နာကျင်သွားသည်။ ဒါကလည်း အချစ်အတွက်ပေးဆပ်တဲ့ဒဏ်ရာဆိုတော့ ဟန်နွေးက အကြောင်းပြချက်မဲ့စွာ ပြုံးမိလိုက်သေးသည်။ ထိုအခါ ခေါင်းကပိုတိုးလို့နာလာသည်။ ဆရာဝန်က နှစ်ပတ်နားရမယ်ပြောပေမယ့် Itt ကြောင့် ဘန်ကောက်ပြန်ပြီး အလုပ်လုပ်ရဦးမည်။

Darling DearestWhere stories live. Discover now