Chapter 7

430 42 10
                                    

(Unicode)

သွေးစွန်းပန်းချီ... လက်ကိုတိုက်ရိုက်အသုံးပြုပြီးဆွဲထားတဲ့ပန်းချီဖြစ်တဲ့အတွက် အာရုံဝင်စားရတာ ပိုထိရောက်သည်။

Interpol က Meeting Room ထဲမှာ ဟန်နွေးရောက်နေသည်။ အခန်းရဲ့ထိပ်ဆုံးထိုင်ခုံမှာ ဟန်နွေးထိုင်နေပြီး စားပွဲပေါ်က ပန်းချီကို လက်နဲ့ထိကိုင်ကာ မျက်လုံးတွေမှိတ်ထားသည်။ အခန်းထဲမှာတော့ ချမ်းထက်ခေါင်နဲ့ ဌာနမှူးအပါအဝင် လူ၂ယောက်ထပ်ရှိနေပြီး ဟန်နွေးနဲ့ ခပ်လှမ်းလှမ်းမှာထိုင်နေကြသည်။

ဟန်နွေးက ပန်းချီကိုထိကိုင်ပြီး Leo ရဲ့စိတ်ကို ကြိုးစားပြီးဖတ်သည်။ ဟန်နွေးအတွက်တော့ ပြင်းထန်တဲ့စိန်ခေါ်မှုလို့ဆိုလို့ရလောက်အောင် သေခါနီးလူရဲ့စိတ်ကိုဖတ်ရတာ အင်မတန်ခက်ခဲသည်။ ပြင်းပြမှုတွေပြည့်နှက်နေတဲ့စိတ်ကို တစ်ကြိမ်ဖတ်ပြီးတိုင်း ဟန်နွေးက မောပန်းနွမ်းနယ်ကာ ကျန်ခဲ့ရသည်။

ဒီတစ်ခေါက်လည်း သူကြိုးစားပြီးဖတ်ကြည့်နေစဉ် ချမ်းထက်ခေါင်ကတော့ စိတ်ပျက်စွာ စောင့်ကြည့်နေခဲ့ပါသည်။ အယုံအကြည်လည်းမရှိတာမို့လို့ ဒီအခန်းထဲမှာ ထိုင်ကိုထိုင်မနေချင်။ ဟန်နွေးကိုလည်းမမြင်ချင်။ အထူးသဖြင့် ဟန်နွေးရဲ့ဆံပင်ရှည်တွေကို အကြောင်းမရှိဘဲ သူမျက်မုန်းကျိုးသည်။

"နာကျင်တဲ့ခံစားချက်တွေအရမ်းများနေတယ်...အံ့ဩမှုတွေနဲ့အတူ နာကြည်းခြင်းတွေလည်းပါတယ်...ယောက်ျားတစ်ယောက် သူ့ဆီရောက်လာတယ်၊ အဲ့ယောက်ျားကိုသူသိတယ်၊ ရင်းနှီးတယ်၊ မိတ်ဆွေလိုမျိုးမဟုတ်ဘူး၊ အလုပ်သဘောအရပတ်သက်မှုရှိတာ..."

ချမ်းထက်ခေါင်ရဲ့စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေသည်။ ဒါက တရားမဝင်ဘူးလို့ခံစားရလို့ သူ့စိတ်ထဲမှာ ခဲဆွဲသလိုလေးလံနေသည်။ ဌာနမှူးက ကျွမ်းကျင်ပန်းချီဆရာဆိုပြီးခေါ်ခဲ့တဲ့လူက စိတ်ဖတ်တတ်တဲ့လူဖြစ်နေပြီး သူ့ဆီကနေ အချက်အလက်တွေယူနေတာ မတရားဘူးဟု ခံစားလာရသည်။

"ဓားနဲ့တဖြည်းဖြည်းချင်းလှီးတယ်...သွေးတွေတစိမ့်စိမ့်ထွက်ကျလာတယ်...သူအော်လို့မရဘူး...အသက်ရှူတွေကြပ်လာတယ်...သူလဲကျသွားတယ်..."

Darling DearestWhere stories live. Discover now