(Unicode)
မိုးလေးတွေဟာ ဖြိုးဖြိုးဖြောက်ဖြောက်နဲ့ တစိမ့်စိမ့်ရွာနေသည်။ ဒီဇင်ဘာဟာ ဆုံခလာမှာ အေးသည်ထက်ပိုတဲ့ရာသီဥတုမျိုးဖြင့် တစ်မြို့လုံးကို ချမ်းနေစေသည်။
မနက်ခင်းမှာ တိမ်တွေလည်းမလှနိုင်သေး၊ နေလည်းမပွင့်နိုင်သေး။ လေနုအေးတွေရစ်ပတ်လွှမ်းမိုးနေတဲ့ပတ်ဝန်းကျင်ဟာ မိုးရိပ်တွေနဲ့ လွမ်းဆွေးဖွယ်ကောင်းနေသည်။
ထိုမိုးတွေရဲ့အောက်မှာ အပြာရောင်ထီးလေးတစ်ချောင်းကိုဆောင်းထားတဲ့ကောင်လေးဟာ မိုးရေစိုနေတဲ့လမ်းမပေါ်၌ အပြေးတစ်ပိုင်းနဲ့ လမ်းလျှောက်နေသည်။ ကားလမ်းမရဲ့ဘေးကနေကပ်ပြီး တစ်ယောက်တည်းလျှောက်လာတာကို ခပ်ဝေးဝေးတစ်နေရာမှာရပ်စောင့်နေတဲ့ကောင်လေးတစ်ယောက်က ကြည့်နေသည်။
Itt နဲ့ Dew... ကံဇာတ်ဆရာအလိုကျ အိမ်နီးချင်းတွေဖြစ်ခဲ့သောနှစ်ယောက်။
Night Duty ဖြင့် မနက်မိုးလင်းမှအိမ်သို့ပြန်လာနိုင်သောဆရာဝန်လေး Dew ဟာ မောပန်းနွမ်းနယ်သောကိုယ်ဟန်ဖြင့် အိမ်သို့ လမ်းလျှောက်ပြန်လာသည်။ ညက အလောင်းတစ်လောင်းအတွက် အပြီးသတ် Report ရေးခဲ့ရသောကြောင့် ပင်ပန်းပြီးအိပ်ချင်နေသည်။ မိုးကလည်းတဖြောက်ဖြောက်နဲ့ဆိုတော့ အနားယူချင်စိတ်တွေသာကြီးစိုးနေလေ၏။
Itt ကတော့ Dew ပြန်လာရာလမ်းမထက်မှာ Dew ကိုစောင့်မျှော်နေသည်။ သူငယ်ချင်းဖြစ်ခွင့်ရဖို့ ခက်ခက်ခဲခဲကြိုးစားထားရပြီးနောက် ဒီဆက်ဆံရေးဆက်လက်တည်တံ့စေဖို့အတွက် Itt ဘက်က အားတက်သရောကြိုးစားနေရှာသည်။ Dew ဘက်ကတော့ သူ့မိဘတွေနဲ့ပါရင်းနှီးအောင်ကြိုးစားပြီး သူ့အနားမှာဝဲနေတတ်တဲ့ ထိုနာမည်ကြီးမော်ဒယ်ကို တွန်းထုတ်လျစ်လျူရှူ့ပစ်ဖို့ အင်အားမရှိတော့ပေ။ အလွန်ဇွဲကောင်းပြီး Dew အနောက် တကောက်ကောက်လိုက်နေတတ်တာမို့လို့ Dew ဘက်ကလည်း တစ်ထစ်လျှော့ပေးကာ သူငယ်ချင်းဆက်ဆံရေးကိုခေါင်းညိမ့်ခဲ့သည်။ မနေ့ကပင် သူတို့ သူငယ်ချင်းဖြစ်သွားကြတာဖြစ်၏။
"ဒေါက်တာ"
Itt က နာမည်မခေါ်ဘဲ လေးစားစွာနဲ့ ဒေါက်တာလို့သာခေါ်တတ်သည်။ အိမ်ရှေ့ရောက်ရောက်ချင်းမှာ မြင်လိုက်ရတဲ့မျက်နှာကြောင့် Dew အံ့ဩသွားသည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...