Chapter 45

242 27 13
                                    

(Unicode)

hanway__ started following you

Notification တက်လာတော့ Itt ပြုံးလိုက်သည်။ ချက်ချင်းပင် ပြန်ပြီး Follow လုပ်တဲ့အတွက် ဝမ်းသာမိပါသည်။ Itt က ဖုန်းမကိုင်အားသေးတဲ့အတွက် လှမ်းပဲကြည့်လိုက်သည်။

Itt က Makeup Room ထဲမှာရောက်နေတာဖြစ်ပြီး မီးလုံးလှလှတွေဝိုင်းရံထားတဲ့မှန်တင်ခုံကြီးရှေ့မှာထိုင်ကာ ချောချောမောမောနဲ့ အပြင်ဆင်ခံနေသည်။ မန်နေဂျာသီးသန့်ထပ်မခန့်သေးဘဲ အစ်မဖြစ်သူကသာ Itt ရဲ့ကိစ္စအဝဝကို တာဝန်ယူလုပ်ကိုင်ပေးသည်။ အခုလည်း ဘေးနားမှာထိုင်ကာ iPad တစ်လုံးနဲ့ Schedule တွေကို စီစစ်နေသည်။

"ခဏနေ တရားရုံးရှေ့မှာ မီဒီယာတွေကိုတွေ့ရမယ်၊ နေ့လည်ကျရင် Perfect Serum က တာဝန်ရှိသူတွေနဲ့ Contract ချုပ်ရင်း Lunch စားရမယ်၊ ညနေမှာ Spotlight Magazine ရဲ့ နောက်လအတွက် Photoshoot ရှိတယ်"

"နောက်အပတ် Fan Meeting အတွက်ကရော"

"အားလုံးစီစဉ်ပြီးပြီ...နေဦး၊ ငါတစ်ချက်စစ်ကြည့်လိုက်ဦးမယ်"

Itt ကို အလှပြင်ပေးသူက မျက်ခုံးမွှေးရေးရေးဆွဲပေးကာ မျက်တောင်ကို ဖျော့ဖျော့ကော့ပေးသည်။ နှုတ်ခမ်းကို အဆီဆိုး၍ မေးရိုးထင်းအောင် Brush ကို ထပ်သုံးသည်။

"ဟယ် အံ့ဩစရာကြီး...Itt ဒီမှာကြည့်"

အစ်မက အံ့ဩနပန်းလေသံနဲ့ပြောပြီး iPad ထိုးပေးတော့ Itt လည်း ယူကြည့်လိုက်မိသည်။

"ဟာ"

နောက်တစ်ပတ်မှာလုပ်မယ့် Itt ရဲ့ Come Back Fan Meeting အတွက်လက်မှတ်စောင်ရေ၁သောင်းဟာ ၂မိနစ်အတွင်းရောင်းကုန်သွားသည်။ လက်မှတ်မရလိုက်တဲ့သူတွေက တငိုငိုတရယ်ရယ်ဖြစ်နေတဲ့ Post တွေတင်ပြီး X မှာ ဆူညံနေကြသည်။ သူတို့အရမ်းချစ်တဲ့ Itt နဲ့တွေ့ခွင့်မရတော့လို့...ဆိုပြီး ကြေကွဲနေကြသည်။ ဒီလိုဆိုပြန်တော့ Fan တွေအတွက် စိတ်မကောင်းဖြစ်မိသည်။ ခဏကြာတော့ FC ဘက်က လက်မှတ်ရောင်းကုန်ပြီဖြစ်ကြောင်း တရားဝင်စာထုတ်ကြေညာသည်။ လက်မှတ်ရတဲ့သူတွေအတွက် ဂုဏ်ယူကြောင်းပါ တစ်ခါတည်းရေးတင်ထား၏။

"ကျွန်တော့်ကို အခုလိုပြန်တွေ့ဖို့မျှော်နေကြမှန်း တကယ်မသိခဲ့ဘူး"

Darling DearestWhere stories live. Discover now