Chapter 44

238 23 16
                                    

(Unicode)

Playlist - Salvatore (Lana Del Ray)

လက်ဝှေ့ရုံတစ်ခု။ အတွင်းဘက်မှာ မှောင်ရိပ်ခိုနေသည်။ ပြင်ပကအလင်းအချို့သာစီးဝင်နိုင်တဲ့အတွက် အလင်းရောင်က ကွက်တိကွက်ကြားပေါ်နေသည်။ လက်ဝှေ့ရုံဆိုပေမယ့် မြို့ထဲကမဟုတ်။ တောစပ်တစ်ခုအတွင်းက စွန့်ပစ်အဆောက်အဦအဟောင်းတစ်ခုသာဖြစ်သည်။ သို့ပေမယ့် လက်ဝှေ့ရုံဟု အမည်ပေးထားပြီး ထိုနေရာမှာ တကယ်ပဲ လက်ဝှေ့ထိုးကြသည်။

"အား! အ! အား!"

နာကျင်၍လား... ကိုက်ခဲ၍လား... မသေချာပေမယ့် ရင်ခေါင်းထဲကအသံနဲ့ ညည်းနေသူရှိနေတာ သေချာသည်။ တစ်ချက်တစ်ချက်တော့ လက်ဝှေ့ရုံပြင်ပက ကျီးငှက်အာသံက စူးရဲ၍ ထွက်ပေါ်လာသည်။ ထို့နောက် ခေတ္တမျှ ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်သွားသည်။ ထိုအနေအထားကို ဖြိုခွင်းလာတဲ့အသံ... သံတုတ်တစ်ချောင်းကို ကြမ်းပြင်ပေါ်မှာ တရွတ်တိုက်ဆွဲလာတဲ့အသံဖြစ်သည်။

ကြမ်းပြင်ပေါ်က သံတုတ်ဆွဲသံဟာ ကျောချမ်းဖွယ်ကောင်းသည်။ လက်ဝှေ့ရုံရဲ့တစ်နေရာမှာ ရုတ်တရက် စီးကရက်နံ့တွေ ပျံ့နှံ့လာသည်။ ဗြိတိန်နိုင်ငံထုတ် Worldwide Brand ဖြစ်တဲ့ Treasurer Luxury Black ကို သောက်နိုင်တဲ့လူက ဒီမြို့မှာ တစ်ဦးတည်းသာရှိလိမ့်မည်။

ဦးသီဟန်။ ငွေရောင်ဆံပင်တွေကို သပ်ရပ်စွာလှန်တင်ထားသည်။ စွဲလမ်းနှစ်ခြိုက်စွာသောက်ပုံရတဲ့စီးကရက်ကို လက်ကြားထဲမှာ မြဲနေအောင်ထားသည်။ အခြားလက်တစ်ဖက်ကတော့ သံတုတ်ကို ပွတ်တိုက်ဆွဲယူလာသည်။

တစ်ဖက် ခပ်လှမ်းလှမ်းမှာ လက်ဝှေ့ထိုးသံကိုကြားနေရသည်။ ဖက်...ဖက်...ဖက်...ဆိုတဲ့အသံက ပြတ်သားစွာပေါ်ထွက်လာသည်။ ဦးသီဟန် ကြိိုးဝိုင်းနားရောက်တော့ လက်ဝှေ့ထိုးနေသူက လှုပ်ရွနေတဲ့သဲအိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီး ဦးသီဟန်ကို ခေါင်းငုံ့နှုတ်ဆက်သည်။

ဦးသီဟန်က စီးကရက်လက်ကြားညှပ်ထားလျက် သဲအိတ်ကိုဖွင့်ရန် လက်ဟန်ပြသည်။ သဲအိတ်ကိုဖွင့်လိုက်တော့ သဲတွေအစား သွေးတွေချင်းချင်းနီနေတဲ့လူတစ်ယောက် ဇောက်ထိုးကြလာသည်။ ထိုအခါ မနီးမဝေးတစ်နေရာက အော်သံနဲ့ငိုသံလိုမျိုးအသံတွေကို ခပ်အုပ်အုပ်ကြားလိုက်ရသည်။

Darling DearestWhere stories live. Discover now