Chapter 46

267 36 15
                                    

(Unicode)

ပြင်ဦးလွင်မြို့မှာ ချစ်စရာကောင်းတဲ့ကော်ဖီဆိုင်တွေရှိသည်။ တချို့ဆိုင်တွေဆိုရင် လမ်းဘေးလေးမှာမှီးတည်ထားပြီး ခုံလှလှတွေကို ဆိုင်ရှေ့မှာနေရာချထားသည်။ ညနေခင်းလောက်ဆိုရင် မီးရောင်တွေတောက်ပနေပြီး ဥရောပဆန်တဲ့အလှတရားမျိုးကို တွေ့မြင်ရသည်။

ချမ်းထက်ခေါင်က ထိုဆိုင်အလှတွေထဲကတစ်ဆိုင်ကိုဝင်သွားပြီး ဟန်နွေးအတွက် ရေခဲမုန့်ဝယ်သည်။

"မိုင်လိုဘူးကြီးတစ်ဘူးပေးပါ"

သူ့အနေနဲ့ ဘယ်လိုမှခံစားကြည့်လို့မရတဲ့အရသာဆိုပေမယ့် ဟန်နွေးက နှစ်နှစ်ခြိုက်ခြိုက်စားတတ်သည်။ အိမ်မှာဆို အားလေတိုင်း မိုင်လိုရေခဲမုန့်ကိုသာစားတတ်သည်။ ဒါ့ကြောင့် ဒါသာဝယ်သွားရင် ဟန်နွေးပျော်မည်ကိုတွေးပြီး ကြိုတင်ပီတိဖြစ်လျက်ရှိသည်။

"ရပါပြီ"

စက္ကူဘူးကြီးကြီးကို ပလက်စတစ်အိတ်အဖြူနဲ့ထည့်ပေးထားသည်။ ချမ်းထက်ခေါင်က ရေခဲမုန့်ထုတ်ကိုဆွဲလျက် ဆိုင်ပြင်ထွက်လာခဲ့သည်။ ဆိုင်ပြင်ရောက်ရောက်ချင်း လမ်းမမှာ လူတွေပြေးလွှားနေကြသည်။ ကပျာကသီနဲ့ အရှေ့နဲ့အနောက်ကို စုန်ဆန်ပြေးနေကြသည်။ ဆိုင်ရှေ့မှာမုန့်စားနေတဲ့ကောင်မလေးတစ်ယောက်က သိချင်စိတ်နဲ့မေးတော့...

"လူတစ်ယောက်လေ တောင်စောင်းကနေပြုတ်ကျလို့"

ဒိန်းခနဲ... ချမ်းထက်ခေါင်ရဲ့ရင်ဘတ်ထဲမှာဆောင့်သွားသည်။ ရေခဲမုန့်ထုတ်ကိုင်ထားတဲ့သူ့လက်တွေက ရုတ်တရက် တဆတ်ဆတ်နဲ့ တုန်သယောင်ဖြစ်လာသည်။ အကြည့်တွေလည်း ဝေဝါးစပြုလာသည်။ ရင်ထဲမှာလည်း လှိုက်မောလာပြီး ခြေထောက်များတောင် မခိုင်ချင်အောင်ဖြစ်သွားရသည်။

"မင်းကိုငါသတ်မယ်!...တွေ့တာနဲ့သတ်မယ်!"

သူ့နားထဲမှာပြေးလွှားနေတဲ့စကားတစ်ခွန်း။ စူးရဲလှ၏။ သူကြောက်သလိုလိုရှိလာသည်။ ပြင်ပကိုသူကြည့်နေပေမယ့် သတိတော့သိပ်မကပ်လှ။

"မင်းကိုငါသတ်မယ်!...တွေ့တာနဲ့သတ်မယ်!"

ထိုစကားက သူ့နားထဲမှာ ပဲ့တင်ထပ်လာပြန်သည်။ သေချာတာတစ်ခုကတော့ ဒါက အပြင်ကလူတွေပြောနေတာမဟုတ်။ သူ့နားထဲမှာ ကြားယောင်နေတာမျှသာဖြစ်သည်။

Darling DearestWhere stories live. Discover now