(Unicode)
ဘာသာရပ်ပညာတိုင်းဟာ သူ့နေရာနဲ့သူ နက်နဲသည်။ ဟန်နွေးသင်နေတဲ့စိတ်ပညာကလည်း သူ့နည်းသူ့ဟန်နဲ့ နက်နဲသည်။ ချမ်းထက်ခေါင်လုပ်နေတဲ့စုံထောက်ပညာကလည်း သူ့သဘာဝနဲ့သူ နက်နဲသည်။ သူတို့နှစ်ယောက်ကို ဆုံမှတ်တစ်ခုအဖြစ် ကံကြမ္မာကချမှတ်ပေးလိုက်တဲ့ပညာရပ်တစ်ခုဖြစ်တဲ့ ပန်းချီပညာဆိုတာလည်း နက်နဲလေသည်။
ဟန်နွေးက ပန်းချီကို တခုတ်တရသင်ခဲ့ဖူးတဲ့လူတစ်ယောက်တော့မဟုတ်ပေ။ ကိုယ်တိုင်က အနုပညာကုထုံး Art Therapy ကို အထူးပြုလေ့လာနေတဲ့လူတစ်ယောက်မို့လို့သာ သိသင့်သလောက် သိထားသည်ဟုပြောရမည်။ ချမ်းထက်ခေါင်ဘက်ကတော့ ဒါတွေနဲ့ပတ်သက်ပြီး လုံးလုံးလျားလျားနားလည်တာမဟုတ်တဲ့အပြင် အလုပ်ကိစ္စနဲ့သာ သင်မယ်ပြောခဲ့တာ၊ ကိုယ်တိုင်က နည်းနည်းတောင်မှ စိတ်ဝင်စားဟန်မပြပေ။ ဒါ့ကြောင့် ဟန်နွေးက သူ့အကြံကို အကောင်အထည်ဖော်နိုင်ဖို့ စတင်လုပ်ဆောင်ရတော့သည်။
ဟန်နွေးရဲ့အကြံဉာဏ်ဆိုတာကလည်း ချမ်းထက်ခေါင်ရဲ့ Trauma စိတ်ဒဏ်ရာတွေကို ချဉ်းကပ်ဖို့အတွက်ဖြစ်သည်။ ထိုသို့ချဉ်းကပ်ဖို့အတွက်က အနုပညာကုထုံးတွေထဲကတစ်ခုကိုဆွဲထုတ်ကာ ချမ်းထက်ခေါင်ကိုဆွဲစေပြီး စိတ်ကိုဖတ်ကြည့်မှာဖြစ်သည်။
"လုပ်သင့်ပါ့မလားမသိဘူး...သူများရဲ့စိတ်ကိုဖတ်တာက Privacy ချိုးဖောက်ရာကျတယ်၊ မာမားသင်ပေးထားတဲ့စကားတွေကို မလိုက်နာဘဲနေရတော့မယ်"
ဟန်နွေးက သက်ပြင်းတွေမှုတ်ထုတ်လိုက်သည်။ တချို့ကိစ္စတွေက လောကနီတိအရ မလုပ်သင့်ဘူးမှန်သော်လည်း လုပ်ကိုလုပ်ရမယ့်အကြောင်းအချို့ရှိလာရင်တော့ ရှောင်လွှဲပြီးမနေချင်။ ဒါတွေအားလုံးက ချမ်းထက်ခေါင်ရဲ့ကောင်းကျိုးကို ရှေးရှူ့ပြီးလုပ်တာပဲဖြစ်သည်။ ဒါ့ကြောင့် အပြစ်တော့မသင့်ဘူးဟု ဟန်နွေးစိတ်ဖြေဖျောက်ရ၏။
အိမ်ရှေ့ Dashboard မှာတော့ ချမ်းထက်ခေါင်က ဝရန်တာဘက်မျက်နှာမူကာ ပန်းချီထောက်တိုင်နဲ့ ကင်းဗက်စကို ပြင်ဆင်နေသည်။ ပန်းချီဆိုတာနဲ့ ဒါမျိုးတွေကိုပြင်ဆင်ရမယ်မှန်းတော့ ချမ်းထက်ခေါင်သိနေခဲ့သည်။ ဟန်နွေးရဲ့အိမ်က ရှူ့ခင်းကောင်းပြီး ခြံဝန်းထဲကြည့်လိုက်တာနဲ့ ရောင်စုံပန်းခင်းတွေရယ်၊ အပင်မျိုးစုံရယ် စိမ်းစိုလှပနေသည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...