Chapter 3

550 50 3
                                    

(Unicode)

Dead Body ကြည့်ဖို့ ရုံးကိုပြန်လာရသည်။ Autopsy Department (အလောင်းစစ်ဌာန) ဟာ Interpol ရဲ့ ရုံးဝန်းအတွင်းမှာပင်တည်ရှိပြီး တော်ရုံတန်ရုံဝန်ထမ်း ဝင်ထွက်လေ့သိပ်မရှိတဲ့နေရာတစ်ခုဖြစ်သည်။ သို့သော် ဝန်ထမ်းတစ်ယောက်ကတော့ အမြဲလိုလို သွားလာကျင်လည်တတ်သည်။

ချမ်းထက်ခေါင်... မှုခင်းစုံစမ်းရေးအဖွဲ့ခေါင်းဆောင်ဟာ ပြင်သစ်ပန်းချီဆရာရဲ့ Dead Body ကြည့်ဖို့ရောက်နေသည်။ ပြင်ပအပူချိန်ထက် ပိုမိုအေးစက်သည်ဟု ခံစားရတဲ့နေရာတစ်ခုတွင် နှာခေါင်းစည်းကို နေ့ရောညရောတပ်ကာ တာဝန်တွေထမ်းဆောင်နေသူက Dew။

"Hi Babe"

"Chan...အဲ့လိုမခေါ်ပါနဲ့ဆို"

Dew က အလေးအနက်ကြီးပြောသော်လည်း ချမ်းထက်ခေါင်က ပုခုံးသာတွန့်ပြသည်။

"သေဆုံးချိန်"

"ည၇နာရီနဲ့၇ခွဲကြား"

"Dead Body အခြေအနေ..."

"အဓိကသေဆုံးတာကတော့ ဒီလည်ပင်းလှီးဖြတ်ဒဏ်ရာကြောင့်ပဲ၊ သွေးထွက်လွန်ပြီးသေဆုံးတာ"

"ဘယ်လိုလက်နက်နဲ့တိုက်ခိုက်သွားတာလဲ"

"လက်နက်က ချွန်ထက်တဲ့အရာမျိုးပဲ၊ ဒဏ်ရာကိုစစ်ဆေးကြည့်လိုက်တဲ့အခါ လူသတ်လက်နက်က ဓားပဲ...လည်ပင်းမှာရှိတဲ့ ပင်မသွေးလွှတ်ကြောကိုဖြတ်လိုက်လို့ သေဆုံးတာ"

"အချိန်မီဆေးရုံရောက်ရင် အသက်ရှင်နိုင်ချေရှိလား"

"မရှိဘူး...ပင်မသွေးလွှတ်ကြောကိုဖြတ်လိုက်တဲ့အချိန် အသက်ရှင်နိုင်ချေက တစ်မိနစ်ထက်မပိုဘူး"

"ရည်ရွယ်ချက်ရှိရှိလူသတ်တာပေါ့"

"သိပ်သေချာတာပေါ့၊ လည်ပင်းကိုလှီးဖြတ်ထားပုံက စနစ်ကျတယ်၊ လက်ယဉ်နေသူတစ်ယောက်က လုပ်သွားတာဖြစ်နိုင်တယ်"

ချမ်းထက်ခေါင်က ခေါင်းတညိမ့်ညိမ့်နဲ့ ပန်းချီဆရာရဲ့လည်ပင်းမှဒဏ်ရာကိုကြည့်နေသည်။

"ခုခံတိုက်ခိုက်ထားတဲ့ဒဏ်ရာတို့ အခြားဒဏ်ရာတို့ရော"

"ခုခံထားတာမျိုးမရှိဘူး၊ ကျန်တာပုံမှန်ပဲ၊ ဒီလည်ပင်းက ဒဏ်ရာတစ်ခုပဲရှိတယ်"

Darling DearestWhere stories live. Discover now