(Unicode)
ဆုံခလာ... Volunteer Camp
စိတ်ပြဿနာရှိဖူးသူအချို့ဟာ တစ်ယောက်တစ်နေရာစီထိုင်ကာ ငေးငိုင်လျက်ရှိကြသည်။ သူတို့တွေရဲ့ မှိုင်းနေတဲ့မျက်ဝန်းတွေကို Itt ဟာ ရင်းနှီးခဲ့ပါ၏။ စိတ်မပျော်တော့ လူလည်းမပျော်နိုင်တော့။ မပျော်ရွှင်မှုတွေကို ဖော်ညွှန်းပြသတတ်တဲ့မျက်လုံးတွေဆီက ထိုအမှိုင်းတရားတွေကို Itt ကြည့်တတ်၊ မြင်တတ်ခဲ့ပါပြီ။
Itt ဆုံခလာရောက်နေတာ တစ်လနီးပါးပင်ရှိတော့မည်။ စိတ်ပညာ Camp လေးကိုလာရင်း သူတစ်ပါးကိုကူညီရင်း ကိုယ်တိုင်လည်း Healing အောင်သည်ထက် ပိုလာခဲ့ပြီ။ Itt က ကောင်းမွန်စွာနားထောင်ပေးတတ်တဲ့သူတစ်ယောက်အဖြစ် Camp မှာ လူသိကြသည်။ ထိုသို့နားထောင်ပေးလိုက်တဲ့အခါတိုင်း ကြုံခဲ့ရတဲ့ကိစ္စအပေါ်မှာ Itt ပိုပြီးနားလည်မှုရှိလာသည်။
လူတွေဟာ မတူညီတဲ့အကြောင်းကိစ္စတွေကနေ မတူညီတဲ့ပြဿနာတွေကိုရင်ဆိုင်နေကြရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှုတွေ အနည်းနဲ့အများရှိတတ်ကြတာကိုလည်း ပွင့်ပွင့်လင်းလင်းသိလာရသည်။ Camp ကိုလာတဲ့ Client တွေဟာ များသောအားဖြင့် ဆုံခလာကလူတွေပဲဖြစ်ပြီး Counselling လုပ်ပေးတဲ့သူတွေကျတော့ အခြားမြို့နယ်ကလူတွေများသည်။ Itt လို Healing အောင်ပြီး ကူညီပေးချင်လို့လာတဲ့သူတွေအပြင် Ph.D ဘွဲ့အတွက် လာပြင်ဆင်ကြတဲ့သူတွေ၊ Full-time Therapist ဖြစ်ဖို့ အတွေ့အကြုံလာယူတဲ့သူတွေလည်းရှိသည်။ ဘယ်လိုပုံစံမျိုးနဲ့ပဲလာလာ အားလုံးဟာ ကောင်းမွန်သောလာခြင်းတွေနဲ့ လူတွေကိုကူညီပေးနိုင်ကြတာပင်ဖြစ်သည်။
"Dew"
Camp မှာလမ်းလျှောက်နေတုန်း ဟိုးခပ်လှမ်းလှမ်းမှာ ဟိုကြည့်ဒီကြည့်နဲ့ ယောင်လည်လည်ဖြစ်နေတဲ့လူတစ်ယောက်ကို Itt မြင်လိုက်သည်။ Dew တဲ့...။ Dew မှန်း သူသိလိုက်သည်။
သိရတဲ့အကြောင်းကို ပြန်ပြောင်းပြောရမယ်ဆိုရင် ဘယ်ညာမှာအထုပ်တွေအပြည့်နဲ့ ကားလမ်းမပေါ် လမ်းတက်လျှောက်နေတဲ့လူတစ်ယောက်ကို Itt ကယ်ခဲ့တာကနေစသည်။ တစ်ကိုယ်လုံး အပြည့်အဝကာထားတာတောင် သူမှန်းသိတဲ့ထိုလူဟာ Itt ဘက်က ဘယ်လိုမှမေ့မရနိုင်ခဲ့တဲ့လူသားတစ်ဦးပင်ဖြစ်သည်။ တိုက်ဆိုင်ချင်တော့ အဲ့ဒီနေ့က ထိုလူ စျေးထဲစဝင်တဲ့အချိန် ဖျပ်ခနဲတွေ့လိုက်ရတဲ့အခိုက်အတန့်ကနေစပြီး ရင်ခုန်ကြည်နူးစွာဖြင့် အနောက်ကနေ တကောက်ကောက်လိုက်ခဲ့သည်။ သူလိုက်နေမှန်း နည်းနည်းတောင်မရိပ်မိတဲ့ထိုလူဟာ ကလေးတစ်ယောက်သဖွယ် အစာစားနေရရင်ကို ပျော်နေတတ်သည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...