(Unicode)
TH Group လုပ်ငန်းစုရဲ့ ၁၂ထပ်မြောက်က အခန်းကျယ်တစ်ခုအတွင်းတွင် စီးကရက်နံ့တွေလှိုင်နေသည်။ ထို့အပြင် အခြားသောမွှေးရနံ့တစ်မျိုးကလည်း စီးကရက်နံ့နဲ့အတူ ရောနှောပျံ့လွင့်နေသည်။
"မင်းသူ့ကိုဘာလို့လက်ခံလိုက်တာလဲဟန်!"
မေးသူက ဒေါသအမျက်အနည်းငယ်ပါတဲ့လေသံနဲ့ပြောပေမယ့် တစ်ဖက်လူက စီးကရက်ကိုသာ တွင်တွင်ဖွါနေလေသည်။
"ငါမေးတာကြားလား...မင်းသူ့ကိုလက်ခံတာ သိပ်မြန်လွန်းတယ်"
"ငါသိပါတယ်...ကောင်း"
ထိုအခါကျမှ စီးကရက်ကို ပြာခွက်ထဲထည့်၍ ချေမွလိုက်ရင်း ဖြေသည်။
"သူကဘယ်လောက်ထိယုံကြည်ရလဲဆိုတာမသိဘဲနဲ့ တွေ့တာမကြာသေးတဲ့လူကို ငါတို့အတွက် ပန်းချီဆွဲပေးဖို့ ဘာလို့ခန့်လိုက်တာလဲ"
"မင်းစိုးရိမ်စိတ်တွေအရမ်းများနေတယ်...ငါကသူ့ကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာပါ၊ သံသယဖြစ်စရာတွေ့တာနဲ့ ရှင်းပစ်မှာ"
ဦးသီဟန်က ခပ်ပေါ့ပေါ့ပင်ဖြေသော်ငြား ဦးကောင်းထွဋ်က လန့်ဖျန့်သွားတဲ့မျက်လုံးတွေနဲ့ ဦးသီဟန်ကို ကြည့်လိုက်သည်။ လူတစ်ယောက်ကိုရှင်းပစ်တဲ့ကိစ္စဆိုတာ သူတို့နှစ်ဦးလုံးအတွက် လွယ်ကူရိုးရှင်းတဲ့ကိစ္စဖြစ်သော်လည်း ဦးကောင်းထွဋ်က ထူးဆန်းသောအမူအရာနဲ့ တုံ့ပြန်သည်။
"ဘာလို့လဲ၊ ငါပြောတဲ့အထဲမှာ မင်းမကြိုက်တာပါလို့လား"
"မပါပါဘူး"
ဦးကောင်းထွဋ်က မျက်နှာလွှဲ၍ သူ့ရှေ့က ကျွန်းစားပွဲခုံကြီးအပေါ်မှာတင်ထားတဲ့ ကျူရိုးတံအမွှေးဆီပုလင်းကို စိုက်ကြည့်နေလေ၏။
"ခေါင်က အခုထိ သံသယဝင်စရာမတွေ့သေးဘူး၊ Leo ရဲ့သူငယ်ချင်းလည်းဖြစ်တော့ ငါတို့လုပ်နေတဲ့အပိုင်းတွေကို သူနားလည်ထားတယ်၊ အဲ့တစ်ခုကြောင့်ပဲ၊ ငါသူ့ကိုတောက်လျှောက်စောင့်ကြည့်နေတာ"
"ဒီတစ်ခေါက်ကျတော့ မင်းအရမ်းမြန်တယ်၊ ငါ့ကိုတောင်မတိုင်ပင်ဘူး"
"Sorry ကောင်း...ခေါင်က တစ်မျိုးတော့တစ်မျိုးပဲ၊ ငါသူ့ကိုမြင်တာ ရင်းနှီးနေတယ်လို့ခံစားရတယ်၊ မင်းသိလား၊ သူ့ကိုကြည့်ရတာ ငါငယ်ငယ်ကနဲ့သိပ်တူတယ်"
YOU ARE READING
Darling Dearest
Romansa[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older ဘားမှာတွေ့ခဲ့တဲ့အချစ်ဦး... ၈နှစ်အကြာမှာ မှုခင်းစုံထောက်အဖြစ် သူ့အရှေ့ကိုပြန်ရောက်လာတယ်... အချစ်ဦးစုံထောက်နဲ့ စိတ်ကုပညာရှင်ဖ...