(Unicode)
"ဟန်နွေး...နင်နေမကောင်းဘူးလား"
ပြည့်ရည်ဖူးက မေးလည်းမေးရင် လက်က ဟန်နွေးရဲ့နဖူးပေါ်ရောက်လာသည်။ ဟန်နွေးက မြန်မြန်ပင်ပုတ်ချပြီး တစ်ချက်စောင်းကြည့်လိုက်သည်။
"အံမယ်...အသားယူတယ်များမှတ်နေလားမသိဘူး"
မျက်နှာဘေးနဲ့ပြောချလိုက်တော့ ဟန်နွေးပြုံးလိုက်သည်။
"အဖျားကူးမှာစိုးလို့ပါ"
"ဆင်ခြေ"
မကျေနပ်စွာနဲ့ပြောနေတဲ့ပြည့်ရည်ဖူးကိုကြည့်ရင်း ဟန်နွေး နောက်တစ်ကြိမ်ထပ်ပြုံးမိသည်။
"ဒါနဲ့ မနေ့ကတောင် Itt နဲ့တွေ့လို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်...ဒီမှာကြည့်..."
ပြည့်ရည်ဖူးက ပြောရင်းနဲ့ ဟန်နွေးကို ဖုန်းပေးသည်။ မနေ့က ဟန်နွေးဆီမှာ ကုသမှုခံယူပြီး Itt ပြန်တော့ ပြည့်ရည်ဖူးနဲ့ ဓာတ်လှေကားထဲမှာတွေ့ကြသည်။ အဲ့တုန်းက ဓာတ်ပုံရိုက်ပြီး လက်မှတ်ပါတောင်းခဲ့သေးသည်။
"Itt ကိုဘယ်တုန်းကကြိုက်သွားတာလဲ"
"မနေ့က"
"နင် Celebrity Crush တွေအရမ်းများနေပြီ"
ဟန်နွေးက ခေါင်းတစ်ခါခါနဲ့ပြောတော့ ပြည့်ရည်ဖူးက ဟန်နွေးလက်ထဲကသူ့ဖုန်းကိုဆွဲလုရင်း...
"နင့်အပူမပါဘူး"
မျက်နှာပြောင်ပြကာ အနားမှထွက်သွားသည်။ ပြည့်ရည်ဖူးက များသောအားဖြင့် တည်ငြိမ်ပြီး တကယ့်ကို Therapist ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကိုက်ညီစွာနေတတ်သည်။ ဒါပေမယ့် သူနဲ့ဆိုရင်တော့ အခုလိုတွေ နောက်တီးနောက်တတ်နဲ့ ကလေးဆန်နေဆဲသာဖြစ်သည်။
"ဖူးဖူး...Itt နဲ့တွဲရိုက်ထားတဲ့ပုံတွေမတင်နဲ့နော်"
"အို...တင်စရာလား၊ သူကဒီကို Healing Process အတွက်ရောက်နေတာလေ၊ ငါတင်လိုက်ရင် သတင်းပေါက်ကြားသွားမှာပေါ့"
Itt သူတို့ဆီရောက်ပြီး စတင်ကုသမှုခံယူတဲ့နေ့ကတည်းက သူဟာ Psycho Therapist နဲ့တွေ့ဆုံဆွေးနွေးမှုခံယူနေတဲ့အကြောင်းကို လျှို့ဝှက်ချက်အဖြစ်ထားပေးဖို့ မေတ္တာရပ်ခံထားသည်။ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စအဖြစ် မပေါက်ကြားစေရန်အကူအညီတောင်းထားတာကြောင့် ဟန်နွေးက ပြည့်ရည်ဖူးကို သတိပေးသည်။ သို့ပေမယ့် ပြည့်ရည်ဖူးကလည်း အလိုက်သိပြီး အကင်းပါးတာကြောင့် သတိမပေးလည်း သဘောပေါက်နေပြီးသားပင်ဖြစ်သည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...