(Unicode)
Playlist - မင်းအတွက်ငါ (ရှိူင်း)
Tent အပြာနုလေးဟာ ရေတံခွန်နဲ့ ပနံရလှသည်။ ပိတုန်းပေါက်ကလေးတွေက Tent အမိုးပေါ်မှာ မကြာမကြာလာနားကြတာကို ဟန်နွေးက ဓာတ်ပုံရိုက်ယူထားသည်။
Tent ထဲကိုလှမ်းကြည့်တော့ ချမ်းထက်ခေါင်က အိပ်မောကျနေသည်။ အမြဲတမ်း ပင်ပင်ပန်းပန်းနဲ့ အမှုစုံစမ်းနေရပြီး ညစဉ်ညတိုင်း အိပ်ယာဝင်နောက်ကျတဲ့ကောင်လေးကို ဟန်နွေးနားလည်ပါသည်။ သနားလည်းသနားသည်။ Trauma နဲ့မသက်ဆိုင်ဘဲ Stress တွေများပြီး စိတ်ရောလူရောမောပန်းနေရတဲ့အတွက်လည်း ဟန်နွေးဘက်က အများကြီးအကူအညီဖြစ်အောင်နေပေးရသည်။ ဒီခရီးတိုလေးအတွင်းမှာ အခြားသောအရာတွေကိုလွှတ်ချပြီး ကိုယ့်ကိုကိုယ်အချိန်ပေးဖို့နဲ့ ကိုယ်ပျော်တာလေးတွေလုပ်ဖို့ ဟန်နွေးစီစဉ်ပေးခဲ့တာ အတော်ပဲဖြစ်သွားသည်။
အခုတော့ ချမ်းထက်ခေါင်နိုးလာရင်စားလို့ရအောင် ဟန်နွေးက ပြင်ဆင်နေလျက်ရှိသည်။ Tent အရှေ့မှာပဲ ချက်ပြုတ်နေစဉ်မှာ ချမ်းထက်ခေါင်နိုးလာသည်။ အကြောဆန့်လိုက်ပြီး ဟန်နွေးဆီလာကာ အနောက်ကနေသိုင်းဖက်လိုက်သည်။
"ကိုကို...နိုးပြီလား"
"ကိုယ်အိပ်ပျော်သွားတယ်...နွေးပျင်းနေပြီလား"
"မပျင်းပါဘူးဗျာ၊ ကိုကိုနိုးလာရင်စားရအောင်လုပ်နေတာ"
"ဘာလုပ်နေတာလဲ"
"တိုဖူးပါစတာ"
တို့ဖူးပါစတာဆိုတာ ဟန်နွေးထွင်ထားတဲ့ဟင်းချက်နည်းတစ်ခုဖြစ်သည်။ ပါစတာချောင်းတွေကို ခရမ်းချဉ်သီးနဲ့ချက်ကာ တို့ဖူးကြော်နဲ့ ပြန်နှပ်တဲ့ပုံစံမျိုးဖြစ်သည်။ ပြီးတော့ ပေါင်မုန့်ကို မီးအေးအေးနဲ့ကင်ပြီး တွဲစားလို့ရအောင်ပါ ပြင်ထားသည်။
"ဗိုက်ဆာပြီလား"
"အင်း နွေးရော"
"အတူတူစားမယ်လေ"
နှစ်ယောက်သား ပန်းကန်ပြားကိုယ်စီကိုင်ပြီး ခေါက်ထိုင်ခုံမှာ ထိုင်လိုက်ကြသည်။ လေဝေ့တိုက်နေတဲ့ပတ်ဝန်းကျင်ထဲမှာ ရေကျသံကိုနားထောင်ပြီးစားရတဲ့နေ့လည်စာဟာ အင်မတန်အရသာရှိလှသည်။
YOU ARE READING
Darling Dearest
Romantik[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older ဘားမှာတွေ့ခဲ့တဲ့အချစ်ဦး... ၈နှစ်အကြာမှာ မှုခင်းစုံထောက်အဖြစ် သူ့အရှေ့ကိုပြန်ရောက်လာတယ်... အချစ်ဦးစုံထောက်နဲ့ စိတ်ကုပညာရှင်ဖ...