Chapter 29

254 42 15
                                    

(Unicode)

မိုးသည်းထန်တုန်းကမပျက်ခဲ့တဲ့မီးဟာ မိုးလုံးလုံးတိတ်မှ ထပျက်တော့သည်။ အိမ်ထဲသို့ဝင်ဝင်ချင်း မီးပျက်သွားခဲ့တာကြောင့် အရာအားလုံးမှောင်အတိကျသွားသည်။ ပြင်ပကအလင်းရောင်လည်းရှိမနေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေခဲ့၏။

"အစ်ကို ခဏလေးနော်...ကျွန်တော်မီးဖွင့်လိုက်ဦးမယ်"

ဟန်နွေးက ချမ်းထက်ခေါင်ကိုတွဲထားရာကနေ ခဏဖယ်ပြီး မီးခလုတ်ကိုလိုက်စမ်းသည်။ ဟန်နွေးရဲ့အိမ်မှာ မီးပျက်ရင်တောင် မီးထွန်းလို့ရမယ့်စနစ်မျိုးတပ်ဆင်ထားသောကြောင့် ခလုတ်နှိပ်လိုက်ရုံနဲ့ တစ်အိမ်လုံးမီးပြန်လင်းလာနိုင်သည်။

"ဟမ်...ဘာလို့မလင်းတာလဲ"

ခလုတ်ကိုဆက်တိုက်နှိပ်နေသော်ငြားလည်း မီးမလင်းလာသောကြောင့် ဟန်နွေးကြောင်သွားသည်။ မသုံးတာကြာလို့ ဒီလိုဖြစ်တာပဲနေမယ်လို့တွေးမိပြီး နောက်ဆုံးတစ်ချက်အနှိပ်မှာတော့ မီးလင်းသွားလေသည်။ သို့ပေမယ့် တစ်အိမ်လုံးတော့မဟုတ်။ ဧည့်ခန်းထဲက မီးဆိုင်းတစ်ခုသာလင်းသည်။ ဘာပဲဖြစ်ဖြစ် လုံးဝမလင်းတာထက်စာရင်တော့ တော်ပါသေးသည်။

"System Broke ဖြစ်နေလို့ ဒီတစ်ခုပဲလင်းတော့မယ်အစ်ကို...အားတောင်နာသွားပြီ"

ဧည့်သည်ကိုဧည့်ဝတ်ကျေချင်တဲ့အိမ်ရှင်ပမာ ဟန်နွေးက အားနာစကားဆိုတော့ ချမ်းထက်ခေါင်က ဘာတုံ့ပြန်မှုမှမပေးဘဲ ရပ်ကြည့်နေသည်။

"လာ အစ်ကို"

အိမ်တံခါးကိုမှီရပ်နေတဲ့ချမ်းထက်ခေါင်ကို ဟန်နွေးက သွားတွဲကာ ဧည့်ခန်းထဲက ကျွန်းထိုင်ခုံပေါ်ထိုင်စေလိုက်သည်။

"မိုးမိတာတော်တော်ကြာနေပြီ၊ ဒီတိုင်းဆိုဖျားတော့မှာပဲ"

ဟန်နွေးခမျာ စိတ်ပူလွန်းတာကြောင့် မျက်နှာမှာညှိုးငယ်ပြီး ချမ်းထက်ခေါင်ကိုကြည့်ကာပြောသည်။ ထို့နောက် ချက်ချင်းပင် အခန်းတစ်ခုထဲဝင်သွားပြီး ပဝါအကြီးတစ်ထည်ယူကာ ပြန်ထွက်လာသည်။

"အစ်ကို ရေတွေကိုဒါနဲ့အရင်သုတ်လိုက်နော်၊ ပဝါကအသန့်သိလား၊ ကျွန်တော်မသုံးရသေးဘူး"

Darling DearestWhere stories live. Discover now