(Unicode)
ပြည့်ရည်ဖူးက ဟန်နွေးကိုဖုန်းခေါ်နေသည်။ တော်ရုံနဲ့မကိုင်လို့ စိတ်မရှည်ပင်ဖြစ်လာပြီ။ ညက ဟန်နွေးပို့ထားတဲ့စာတွေကိုဖတ်ရင်း ပြည့်ရည်ဖူး ရင်လည်းခုန်ရသလို၊ ငိုလည်းငိုချင်သည်။ အကြောင်းအရင်းသေချာသိရအောင် ဖုန်းဆက်နေပေမယ့် ဟန်နွေးက ၆ကြိမ်မြောက်အထိ လုံးဝမကိုင်ခဲ့ပေ။
"ဖုန်းကိုင်စမ်းပါဟန်နွေးရယ်"
K Construction ဆိုတာ ဆောက်လုပ်ရေးလောကမှာ နာမည်ကြီးတဲ့လုပ်ငန်းဖြစ်သည်။ လေလံပွဲတော်တော်များများကိုအောင်ပြီး လမ်း၊ တံတားခင်းတာကအစ နေရာရတဲ့လုပ်ငန်းတစ်ခုဖြစ်သည်။ ထိုလုပ်ငန်းရဲ့ပင်မရုံးချုပ်က ပြင်ဦးလွင်တဲ့။ ဒီအထိသိရပြီဖြစ်၍ ပြည့်ရည်ဖူးအနေနဲ့ မဝံ့မရဲလှုပ်ရှားမှုလေးတွေကို စတင်ချင်လာပြီ။
"အမလေး...အခုမှကိုင်ပေတော့"
၇ကြိမ်မြောက်မှာဖုန်းကိုင်လို့ ပြည့်ရည်ဖူးစိတ်အေးသွားရသည်။
("ဘာလို့ခေါ်")
"ကောင်စုတ်...နင်ငါ့ကိုတန်းလန်းကြီးထားခဲ့တယ်"
("ဗုဒ္ဓေါမြတ်စွာ! ဘာတွေပြောနေတာလဲဖူးဖူး...နားထောင်ရတာ ကိုးလိုးကန့်လန့်ဟာ")
"ဟဲ့ လျှောက်တွေးမနေနဲ့၊ နင်မနေ့ကပြောတဲ့ K Construction ကိစ္စလေ...ငါ့ကိုသိသလောက်ဆက်ပြောပါဦး"
("ဪ အဲ့တာလား...")
ဟန်နွေးက ရေချိုးခန်းထဲကနေထွက်ခါစ ခန္ဓာကိုယ်မှာရေစက်လက်နဲ့ ဖုန်းထိုင်ပြောနေသည်။ ဆံပင်ရှည်တွေက ရေခါထားစမို့လို့ ရေအရှင်းမပြောင်သေးဘဲ ရေစက်လေးတွေက ဆံဖျားထိပ်တွေမှာ ယီးလေးခိုနေသည်။ တဘက်ကြီးတစ်ထည်ကို ခန္ဓာကိုယ်မှာလွှမ်းခြုံလိုက်ပြီး Sun Cream ဘူးကိုယူကာ မျက်နှာကိုပွတ်လိမ်းနေသည်။ ပါးစပ်ကဖုန်းပြောနေသည့်တိုင် ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကတော့မပြတ်။
တကယ်ပဲ ၆တန်းတည်းကအခုထိ ငြိမ်ကုပ်နေတဲ့ပြည့်ရည်ဖူးကို သူတကယ်အားမရဖြစ်ရသည်။ သူ့လိုအခြေအနေမျိုးနဲ့သာဆိုရင် ပြည့်ရည်ဖူးက တစ်သက်လုံး အလွမ်းသမဇာတ်ထုတ်ကိုခင်းနေရလိမ့်မည်။ ခံစားချက်တွေကို လျစ်လျူမရှူ့ဖို့ ဟန်နွေးအကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဒါကို အခုမှ စိတ်အားထက်သန်နေတဲ့အတွက်လည်း ဟန်နွေးအပြစ်မတင်ရက်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...