(Unicode)
စာရွက်တစ်ရွက်ပေါ်မှာ ခဲတံချွန်ချွန်တစ်ချောင်းနဲ့ အဆက်မပြတ်ခြစ်နေတဲ့အသံပေါ်ထွက်နေသည်။ နေရာလေးကလည်း ထိုခြစ်သံမှတစ်ပါး အခြားမရှိဘဲ တိတ်ဆိတ်နေလေသည်။ ဂျစ် ဂျစ် ဂျစ် ဂျစ်...ဟူသောအသံဟာ မရပ်မနားဆက်တိုက်ပေါ်ထွက်နေပြီး မိနစ်၂၀လောက်ကြာတဲ့အချိန်မှာတော့ ရပ်တန့်သွားသည်။
ခဲတံပစ်ချသံနဲ့အတူ အနောက်မှာ သက်ပြင်းရှိူက်သံဟာ တွဲပါလာသည်။ ထို့နောက် လေဟာနယ်ဟာ ပြန်လည်တိတ်ဆိတ်သွားသည်။
ဟန်နွေးရဲ့စိတ်ထဲမှာတင်းအားတစ်ခုရှိသည်။ အစိုင်အခဲလိုမာကြောနေပြီး ဖြိုဖျက်ရခက်တဲ့ခံစားချက်တစ်ခုကို ရစ်ပိုက်ပြီးနေနေရသည်။ ဒါ့ကြောင့် Scribbling on the Paper လို့ခေါ်တဲ့ သတ်မှတ်မှုမရှိဘဲ ကိုယ့်ရဲ့စိတ်ဆန္ဒအလျှောက် စိတ်ကြိုက်ရေးခြစ်နိုင်တဲ့နည်းလမ်းကိုသုံးကာ စိတ်ကိုကုစားနေသည်။ Scribbling on the Paper ဟာ Art Therapy နည်းလမ်းတွေထဲကတစ်ခုဖြစ်ပြီး ထိုနည်းလမ်းကိုအသုံးပြုခြင်းက Tension ကျစေတယ်လို့ ဟန်နွေးသင်ယူခဲ့ရသည်။
ဟန်နွေးအတွက် Tension က ချမ်းထက်ခေါင်ပင်။ မောင်းထုတ်လို့ထွက်လာခဲ့တာ တစ်ပတ်ရှိပြီ။ သူအခုထိ ရင်မောမိတုန်းမို့လို့ ချမ်းထက်ခေါင်အိမ်ဘက် ခြေဦးတောင်မလှည့်။ ကိုယ်တိုင်က အိမ်ထဲမှာပဲနေလိုက်၊ စိတ်အကြံပေးရုံးခန်းလေးဆီလာလိုက်နဲ့ အချိန်တွေကိုဖြုန်းနေမိသည်။ ခံစားချက်တွေကတော့ အခုထိ အစိမ်းလိုက်ပြတ်ရှတုန်း။ သွေးရှင်ရှင်ပန်းထွက်တုန်း။
တကယ်က တော်တော်လေးပြိုလဲနာကျင်ခဲ့ရပြီး ကြွေကွဲဆို့နင့်နေခဲ့ရသည်။ စားလည်းဒီစိတ်... သွားလည်းဒီစိတ်ဆိုသလိုဖြစ်နေရလို့ စိတ်ဒဏ်ရာရမှာစိုးတာကြောင့် အချိန်မီ Healing လုပ်နေရခြင်းဖြစ်သည်။ မေ့ပျောက်တာတွေဘာတွေနောက်ထား... ဟန်နွေးအတွက်ကတော့ ဒီနာကျင်မှုကို လျော့ပါးအောင်သာ ကုနိုင်မည်ဖြစ်ပြီး ဆက်မချစ်ဖို့ကတော့ ကိုယ့်ကိုကိုယ်တားလိမ့်မည်မဟုတ်။ ထို့အတွက် ပိုနာကျင်ရမယ်ဆိုရင်လည်း ဖြစ်ပြီး အဲ့တာကို ဘယ်လိုမျိုးကျော်ဖြတ်ရမလဲဆိုတာကိုလည်း သိသည်။ ဒါ့ကြောင့် နောက်တော့မဆုတ်ဘူးဟု ဆုံးဖြတ်ထားပေမယ့် ရှေ့လည်းဆက်လို့မရသေးတဲ့အနေအထားမျိုးမှာ ဟန်နွေးတစ်ယောက် စိတ်ပင်ပန်းရသည်။
YOU ARE READING
Darling Dearest
Romance[Book 4] Story Genre: Romance, Drama, Action (+Crime Investigation and Psychology Theme) Age Restriction: 15 years and older စိတ်ဒဏ်ရာတွေအပြည့်နဲ့မှုခင်းစုံထောက်တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့ စိတ်ကုထုံးပညာရှင်ကောင်လေးရဲ့ သံယောဇဉ်တွေ၊ မေတ္တ...