အပိုင်း ၅

159 5 0
                                    

                      သူမတို့ အဝတ်လျှော်ခန်းမှ ထွက်လာကြပြီး စားသောက်ကုန်စိမ်း ဈေးတန်းရှိရာ အခန်းတစ်ခုထဲဝင်လာကြတော့ သူကအံ့ဩကာ
            ' ငါတို့ဘာလို့ ဒီကိုရောက်လာတာပါလိမ့်။ငါတို့အစားအသောက်အတွက် ချက်စရာမှမလိုပဲ။ဒီထဲ ဗိုက်ဆာလာရင် ဝယ်စားလိုက်ရုံပဲ မဟုတ်လား။မင်းကောဘယ်လိုထင်လဲ။´ ဟု သူမပင်လှည့်ကြည့်မေးလာတော့ သူမက လိုချင်သော သားငါး သီးနှံ အရွက်စိမ်းများပင် ရှာဖွေရွေးချယ်နေတော့ အံ့ဩကြည့်မိရရင်း
             ' မင်းချက်မလို့လား ?´ ဟုမေးသည်။သူမလည်း
             ' ကျွန်မ ရှင့်ကိုချက်ကျွေးချင်လို့ ဒီကိုရောက်လာတာလေ။ရှင်ဝယ်ပေးတဲ့ အင်္ကျီအတွက် ကျွန်မကလည်းတစ်ခုခုပြန်ပေးချင်တာ။´
            သူက 'မင်းက ငါ့အတွက်ချက်ပေးမယ်တဲ့လား။မင်းတကယ် ချက်ကောချက်တတ်လို့လား။´ ဟု မေးနေတော့ သူမက
           ' ကျွန်မက ငယ်ငယ်ထဲက အမေနဲ့အတူတူ မီးဖိုထဲဝင်ချက်ခဲ့တာပဲလေ။လက်ရာကတော့ အသင့်အတင့်လောက်ပေါ့။ဆိုင်ထမင်းဟင်းတွေလိုတော့ ပျံနေအောင်မချက်တတ်လို့ ရှင်ကြိုက်ပါ့မလားတော့မသိဘူး။´
           သူကဝမ်းသာရင်းပင် သူမနှင့်လိုက်ကူသယ်ပေးရင်း
          ' ငါ ဒီလိုဆို မင်းကျေးဇူးနဲ့ အိမ်ချက်လက်ရာစားဖူးတော့မှာပေါ့။ငါ့တစ်သက် ဆိုင်ထမင်းဟင်းပဲစားခဲ့ရတာကို။တခါလောက်တော့ အိမ်ထမင်းဟင်း စားဖူးချင်ခဲ့တာ။မင်းနဲ့တွေ့မှ ဆန္ဒပြည့်တော့မယ်။´
         ' အမယ် လွန်နေပါပြီ။ဘယ်သူမဆို အမေချက်ကျွေးတဲ့ အိမ်ချက်လက်ရာတော့ စားဖူးခဲ့မှာပါ။´
          သူက သူမပြောတော့ မျက်နှာပျက်သွားလျက်
          ' ငါ့အမေက ငါငယ်ငယ်ထဲက ငါ့ကိုထားပြီးထွက်သွားတာ။ငါက အဖေနဲ့ကြီးပြင်းခဲ့ပြီး အဖေသွားတဲ့ လက်ဝှေ့ပြိုင်ပွဲ နေရာတွေလိုက် ထမင်းဆိုင်မျိုးစုံမှာစားပြီးကြီးပြင်းခဲ့ရတာ။
           အဖေအဆင်မပြေလို့ ဆိုင်မှာမစားနိုင်တဲ့ရက် အပြင်ကအလွယ်ဝယ်နိုင်တဲ့ ခေါက်ဆွဲထုပ်စားပြီးပဲ နေခဲ့ရတယ်။
            နောက်ပိုင်း အဖေကအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ ရေသောက်ဗိုက်မှောက်ပြီးနေခဲ့ရတဲ့ ရက်တွေလည်းမနဲဘူး။
             မင်းက မိသားစုကောင်းမှာကြီးပြင်းခဲ့တဲ့သူဆိုတော့ ဒါတွေသိမှာမဟုတ်ဘူး။မိသားစု မကောင်းရင် ကလေးတွေဘဝက ဘယ်လောက်ဒုက္ခရောက်ရလဲဆိုတာ။´
              သူမ သူ့စိတ်မကောင်းမော့ကြည့်ရင်းပင်
           ' ကျွန်မ ရှင်ပြောသလို အဲဒီလိုဘဝတွေ မသိခဲ့ပါဘူး။ဒါပေမဲ့ ရှင့်ကြည့်ပြီး ကျွန်မ​ သိခဲ့ရတာကတော့ ရှင်ကကောင်းကောင်းကြီးပြင်းခဲ့တယ်ဆိုတာပါပဲ။ ရှင်က ဘယ်လိုဘဝမှာနေခဲ့ရလည်း ကောင်းကောင်းကြီးပြင်းခဲ့တယ်။´
    ဟု သူ့ပခုံးပင်နှစ်သိမ့်ဟန် ပုတ်ဆိုလိုက်တော့ သူ သူမပင်ငေးကြည့်မိသွားရသည်။
           လူကြားထဲပင် သူမလေး နမ်းချင်မိသွားရလည်း စိတ်ကို ချုပ်တီးလိုက်ရလျက်
            'ကဲ ဒီလိုဆို ခုကိုယ့်ဘာတွေချက်ကျွေးမှာလဲ ?´
            'ငါး ချက်မလားလို့။ဒါပေမဲ့ပြောကြည့်လေ ရှင်စားချင်တာလေးတွေ ရှိမယ်ဆို ကျွန်မက တတ်နိုင်သလောက်ချက်ပေးကြည့်မယ်။´ ဟု ဆိုသည်။
             သူကသူမလေးပင် ငေးကြည့်မိရရင်း
               ' မင်းကြိုက်သလိုသာချက်ပါ။ငါက ဘာဖြစ်ဖြစ်ကြိုက်ပါတယ်။´ ဟု ဆိုလိုက်တော့ သူမက ခေါင်းညိတ်ရင်းပင် သူ့အတွက်ချက်ပြုတ်ပေးရန် ကောင်းနိုးရာရာလေးတွေ ရှာဖွေနေလေတော့ ဘေးမှလိုက်လာရင်း မြတ်နိုးငေးကြည့်မိနေရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now