သူတို့ coffee ဆိုင်မှ မျက်လှည့်ဆရာလေးနှင့်ခွဲထွက်လာကြတော့ သူကထူးထူးခြားခြားငြိမ်နေ၍
' ဘာဖြစ်လို့လဲဟင်။နေမကောင်းဘူးလား ?´
' ဟင် ! ဪ ကောင်းပါတယ်။နဲနဲစဉ်းစားစရာလေးတွေရှိနေလို့ပါ။´
သူမက သူ့စကားကြောင့် ရယ်လိုက်မိရင်း
' ဒီတစ်ခါပဲ ရှင့်ဆီက ဒီလိုစကားမျိုး ကြားဖူးတော့တယ်။နဂိုကတော့ ဘာမှ ကြိုမစဉ်းစားတတ်ပဲ ကြုံသလို ကျသလိုရှင်းတတ်တဲ့လူက။´
' မင်းက ကိုယ့်ကို ဒီလိုပဲမြင်တယ်ပေါ့။ကိုယ်က ကာယပဲအားကိုးပြီး မစဉ်းစားတဲ့လူလို့လေ။´
သူမေးတော့ သူမက မော့ကြည့်လာလျက်
' အင်း ဒါပေမဲ့ အဲ့ဒီအမြင်ကို ဒီနေ့ပဲပြောင်းရတော့မလားပဲ။ဦးနှောက်ကြီးပေါက်အောင် ဒီလိုစဉ်းစားနေတော့လေ။
ပြောကြည့် မျက်လှည့်ဆရာလေးက ရှင့်ဘာတွေခေါင်းစားသွားလို့လဲ။ကျွန်မလည်း ကူစဉ်းစားပေးမယ်။
ဘာလဲ နောက်တစ်ခါတွေ့ရင်ဖြေဖို့ စကားဝှက်တွေဘာတွေများ မေးသွားလို့လား။´
သူကခေါင်းခါပြီးပင် ' မဟုတ်တာကွာ။ငါက အဲ့ဒီလိုဟာတွေအတွက် ခေါင်းရှုပ်ခံတဲ့ကောင်မဟုတ်ဖူး။´
' ဒါဆိုလည်းပြီးရောလေ။မျက်မှောင်ကြီးကြုတ်မနေနဲ့။ဟော ရောက်လာပါပြီရှင်။ရှင့်အတွက် လေ့ကျင့်ဖို့နေရာ။´
'ဟင် ?´
သူမပြော၍ ကြည့်မိလိုက်လျင် သူ့အတွက် လက်ဝှေ့ရေး ကျင့်နိုင်သော အားကစားခန်းနေရာ ရောက်နေ၍ အံ့ဩသွားမိသည်။သူ ဒီလာဖို့ အာရုံတောင်မရှိခဲ့ပဲ ဘယ်လိုရောက်လာတာပါလိမ့်။
သူမက' ရှင့်အတွက် ကျွန်မတွေးပေးခဲ့တာလေ။ ရှင်ငိုင်နေလို့ stress တွေပြေသွားအောင် လေ့ကျင့်ရေးလေးဆင်းလိုက်။´ ဟု ပင်ဆိုနေတော့ သူသက်ပြင်းချကာပင် အဝတ်အစားလဲ လေ့ကျင့်ရန်ပြင်လိုက်ရသည်။
သူက သဲအိတ်ကြီးပင် မညှာမတာထိုးနေတော့ သူမ သူ့ကြည့်သက်ပြင်းချကာပင် အခန်းထဲလှည့်ပတ်ကြည့်နေမိသည်။ဒီနေရာမျိုးတွေ မရောက်ဖူးခဲ့လည်း ခုတော့ သူ့ကြောင့် ရောက်လာခဲ့ဖူးပြီ။
နေရာက ယောင်္ကျားသားများသာ အများစု လာတတ်သောနေရာဖြစ်၍လည်း ခပ်ပြင်းပြင်းချွေးနံ့တွေရှိနေသလိုပင်။သူမ ဒီလို ယောင်္ကျားမျိုးကို ချစ်ကြိုက်မိနေတာလား။ကိုယ့်ကိုယ်ကိုပင် မယုံနိုင်တော့။
သူမ ရှေ့ဆက် သူနှင့်ဘယ်လိုများသွားရဦးမလဲ တွေးသက်ပြင်းမောလေးချမိရင်း သူ့ဆီပြန်ရောက်လာတော့ သူက ထိုးတာရပ်၍ပင် ခဏအမောဖြေလိုက်လျက် သူမကြည့်လာကာ
' ခုမှ ခေါင်းထဲ ရှင်းသွားပြီ။မင်းကိုကျေးဇူးဆပ်တဲ့အနေနဲ့ တစ်နေရာခေါ်သွားပေးမယ်။´
သူ့စကားကြောင့် မော့ကြည့်မိရတော့ သူက သူမလက်ဆွဲကာ တစ်နေရာခေါ်ဆောင်လာခဲ့သည်။ကြည့်တော့ ရေနွေးကန်တွေ။အံ့ဩမိရလျက်
'ရှင်ဒီမှာရေနွေးစိမ်ဦးမလို့လား။´
'အင်းလေ။မင်းလည်းကိုယ်နဲ့ အတူဝင်။´
'ဟင် !´
' ဘာလဲ။ငြင်းချင်ပြန်လို့လား။ဟိုမှာ တခြားမိန်းကလေးတွေလည်း စိမ်နေကြတာပဲ။´
လှမ်းကြည့်တော့ သူပြောသလို ယောင်္ကျားသားတွေနှင့်အတူ မိန်းကလေးတွေလည်း ရှိနေတာတွေ့ ခေါင်းညိတ်လိုက်ရသည်။သူမလည်း ငြီးစီစီကြီးဖြစ်နေ၍ ရေချိုးချင်နေသည်။
သူက သူမလက်ခံတော့ပြုံးကာ အဝတ်လဲခန်းထဲကိုယ်စီသွား အဝတ်လဲပြီးထွက်လာတော့ အပြင်မှာ စောင့်နှင့်နေသည်။
သူကသူမကိုယ်လေးမှာ ရေနွေးစိမ်ရန် သပတ်ဖြူလေးတစ်ထည် ပတ်လာတာမြင် ပြုံးလိုက်တော့ လုံခြုံသည်ဟု မခံစားရတော့။
သူကတော့ ခါးမှာဖူးစောင်သပတ် တစ်ထည်ပတ်ထားပြီး ရေကန်ထဲအရင်ဆင်း သူမလက်တွဲခေါ်ပေးသည်။
သူမလည်းအတန်ချောသောလှေခါးလေးမှ သတိထားဆင်းလိုက်လဲ ရေထဲဖြစ်နေ၍ အမြင်မှား လဲမလိုဖြစ်သွား၍ သူကထိန်းပေးလိုက်ရသည်။
ခပ်လှမ်းလှမ်းရေကန်များမှ မိန်းကလေးတွေက ရေစိမ်နေရင်း သူတို့အတွဲလှမ်းကြည့် အချင်းချင်းလက်တို့ပြ ပြုံးကြသည်။
သူမပုံက ဒီလိုနေရာမျိုး မရောက်ဖူးတာ အသိသာကြီးပင်။တချို့ ယောင်္ကျားသားတွေကလည်း လှမ်းကြည့်လာကြတော့ သူမကရှက်ကိုးရှက်ကန်း ဖြစ်လာရပြန်သည်။
ဒါကို သိသောသူက စိတ်မရှည် လှေကားမှ ပွေ့ယူလိုက်တော့ ကောင်မလေးတွေထံမှ သဲသဲလှုပ်သံတွေ တိုးတိုးကျိတ်ကျိတ် ထွက်လာရသည်။
သူမ သူ့လုပ်ပုံကြောင့် ပိုရှက်သွားလည်း သူ့ရင်မှာမျက်နှာလေး ဝှက်ကာပင် ပါလာခဲ့ရသည်။သူက စပ်စုတတ်လွန်းသော မျက်လုံးတွေအောက်မှ လွတ်ရန်ပင် အားလုံးကိုကျောပေးထားသော ရေကန်နေရာလေး ခေါ်ဆောင်လာပြီး သူမ သူ့ဘေးထားလိုက်ကာ အေးအေးလူလူ ရေနွေးစိမ်နေတော့သည်။
သူမ သူ့ပင်မော့ကြည့်တော့ သူက မျက်လုံးများမှိတ်ထားပြီး အိပ်နေဟန်ပေါ်လည်း လက်ကလေးတွေ ဆုပ်ကိုင်ပေးထားကာ
' ဘာလို့ ဘေးဘီတွေလိုက်ကြည့်နေသလဲ။ခဏလောက် မျက်လုံးမှိတ်ထားပြီး ကိုယ့်ကိုယ်ကို အနားပေးလိုက်။
ခန္ဓာကိုယ်ကိုလည်း ဖြေလျှော့ထားလိုက်။ဒီလိုပဲနေရင် ညောင်းညာကိုက်ခဲနေတာတွေ ပျောက်သွားလိမ့်မယ်။´
သူမ သူပြောတော့ ခေါင်းလေးညိတ်ကာပင် ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်တော့ သွေးလည်ပတ်မှု့လည်းကောင်းလာကာ ခဏပင်ငိုက်မျဉ်းလာသည်။
သူက ဒါကိုသိတော့ သူမခေါင်းမှီလို့ရရန် သူ့ခန္ဓာကို ရေထဲ အတန်လျောချပေးပြီး ခေါင်းလေး မှီစေလိုက်သည်။
သူမက ကောင်းကောင်း အနားရသွားဟန် အိပ်ပျော်သွားတော့ မျက်နှာလေး အနီးကပ်စောင့်ကြည့်ရင်းပင် ရင်ခုန်နေရလေတော့သည်။
သူမ ဘယ်လောက်ပင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်မသိတော့။နိုးလာတော့ လူက သားရည်ဖုံး အိပ်ရာလေးတစ်ခုပေါ် မှောက်လျက်အနေထားရောက်နေပြီး တစုံတစ်ဦးက သူမကျောပြင် ပွတ်သပ်ပေးနေတာ ခံစားလိုက်ရတော့ ရုတ်ခနဲတုန်ရင်သွားရသည်။
ဒါကိုဘေးမှ သူက အနှိပ်ခံနေရင်း သူမလက်ကိုဆွဲထား၍ သိလိုက်ရကာ ချက်ချင်းပင်
' ကိုယ်ရှိနေပါတယ်။ကိုယ်ကဒီမှာပါ။´ ဟု လှမ်းပြောလိုက်ရသည်။
သူမလည်းကြည့်တော့ သူကလည်း သူမလိုပင် အနှိပ်စင်တစ်ခုမှာ မှောက်လျက်လှဲ အနှိပ်ခံနေတာတွေ့လိုက်ရတော့ စိတ်သက်သာရာရသွားသည်။
သူတို့ဘေးမှာတော့ အမျိုးသမီးကြီးနှစ်ဦးက ရပ်နေပြီး သူမတို့ကျောပြင်ပေါ် ဆီတစ်မျိုးလိမ်းကာ နှိပ်နယ်ပေးနေကြသည်။
သူမတို့ ခန္ဓာအောက်ပိုင်းကိုတော့ ဖူးစောင်အဖြူနှင့် ခြုံလွှမ်းထား၍ သူမမှာ သက်ပြင်းပင်ချနိုင်တော့သည်။
အနှိပ်သည်တွေက အရည်အချင်းရှိပြီး သူတို့ နှိပ်ပေးပုံက ညင်သာ၍ အကျောအချင်များလည်းပြေစေတော့ သဘောကျစရာပင်။သူက သူမလေးလှမ်းကြည့်ကာပင်
' မင်းအိပ်မောကျနေလို့ ကိုယ်မနှိုးတော့ပဲ ဒီခေါ်လာတာပါ။ကိုယ်သိတယ်။မင်းဒီဝင်္ကပါထဲ ဝင်လာကတည်းက ကောင်းကောင်းမအိပ်ရဘူးဆိုတာ။
အိပ်လည်းသတိနဲ့အိပ်နေရတော့ အိပ်ရေးမဝတော့ဘူး။ဒါကြောင့်သေချာအိပ်စေချင်လို့။´
သူမက သူ့လှမ်းကြည့်ကျေးဇူးတင်ဟန် ခေါင်းလေးညိတ်ပြသည်။သူက
'ပြန်အိပ်လိုက်ဦး။နောက်ထပ်နာရီဝက်လောက်အချိန်ရသေးတယ်။´ ဟုဆိုတော့ သူမ သူ့စကားနာခံပြီးပင် မျက်လုံးလေးတွေ မှေးချလိုက်တော့ သူလည်းကျေနပ်ကြည့်မိရင်း သူမလက်ကလေးပင် တစ်ဖက်မှ ဆွဲကိုင် ကာ ပြန်မှေးနေလိုက်တော့သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။