အပိုင်း ၄၀

263 9 0
                                    

      🔞

                      'အဲ့ဒီလိုလား ...´
                     သူမ ရှင်းပြမှု့တွေအပြီး မျက်လှည့်ဆရာလေးထံမှ ထိုမှတ်ချက်လေးပင် ထွက်လာတော့ သူမ သူ့ အားမလိုအားမရ မော့ကြည့်မိရင်း
               '...အဲ့ဒါ အမတို့အိမ်ရှေ့ မင်းလိုက်ကြည့်ပေးပါလား။အိမ်က ဒီ bus gate နဲ့ဆို သိပ်မဝေးပါဘူး။အမ အိမ်ထဲ ဘယ်လိုပြန်ဝင်ရမလဲ မင်းဆိုရင်တော့ သိနိုင်တယ်။´
               ဟု သူ့လက်ပင်ဆွဲယူ ဆိုမိတော့ သူက သက်ပြင်းချရင်း
               ' အဲ့ဒါပဲ လူတွေဟာ ပုံရိပ်ယောင်ကို  တကယ်လို့ထင်၊ တံလျှပ်ကိုပဲ တစ်ကမ္ဘာလို့ထင် အတင်းဖမ်းဆုပ်ထားချင်နေကြတယ်ဆိုတာ။အမ ထိုင်ပါဦး။´
               ဟု ဆို၍ သူမလည်း သူ့အနားပြန်ထိုင်လိုက်ရသည်။
               ' အမ ခုချိန်ထိ နားမလည်သေးဘူးလား ? အမ ဖြစ်နေရတဲ့ အဖြစ်သနစ်တွေကိုလေ။´
               သူမ မျက်လှည့်ဆရာလေးပင် အတန်ပြန်ငေး ကြည့်လိုက်မိသည်။သူမမျက်လုံးထဲ မျက်လှည့်ဆရာလေးက အရင်ထက်ပို လူကို ဆွဲဆောင် လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်း ရှိနေသည်ဟု ထင်လိုက်မိသည်။
                သစ်လွင်တောက်ပပြီး ခန့်ငြားသည့် အဝတ်တွေပဲ ဝတ်ဆင်ထား၍ပဲလား ?
               လူက အရင်ထက် အမြင်ထူးခြားလွန်းနေပြီး အားကိုးချင်စိတ်တွေလည်း ပေါ်လာရသည်။ဒါပေမဲ့ သူကတော့ သူမ သိပ်အကူအညီမပေးချင်တော့သလို ညစ်ကပ်ကပ်ထိုင်နေတော့ ခက်နေသည်။
   
                       သူက တစ်ခဏစဉ်းစား သက်ပြင်းရှည်ချပြီးလျှင်
               'အေးလေ အမကိုလည်း အပြစ်မတင်ရက်ပါဘူး။အမလို လူမျိုးက ကိုယ်ဖြစ်ချင်နေတဲ့ ဘဝလေးမှာရောက်နေရပြီး ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ကို ချစ်ပေးမဲ့ သူတွေ အနားရှိနေရင်ပဲ တစ်ခြားမလိုအပ်တော့သလို ခံစားရပြီး အရမ်းပျော်နေရှာတော့မှာပေါ့။
                ဒါပေမဲ့ အမနေရာမှာ တစ်ခြားသူတစ်ယောက်ဆို အမက ပြီးပြည့်စုံတယ် ထင်ခဲ့တဲ့ ဘဝလေးကို သူက ပြည့်စုံတယ်ထင် ကျေနပ်နိုင်ပါ့မလား။
                ကျွန်တော်လည်း မိန်းမတွေ စိတ်သဘော ဘယ်လိုရှိမယ် သိချင်လို့လိုက်ကြည့်ချင်မိသေးတယ်။ ကဲ အမ ထ။´
                'ဘာလဲဟင် ?´
                'အမပဲ အိမ်ထဲ ပြန်ဝင်ချင်တယ်ဆို ကျွန်တော်လိုက်ပို့ပေးမယ်။´
               သူမ ဝမ်းသာစွာ ထလိုက်မိသည်။
               ဒါကြောင့် မျက်လှည့်ဆရာလေးကို သူမအားကိုးလို့ ရသည်ဆိုတာ သိတာပေါ့။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now