အပိုင်း ၁၅

530 13 1
                                    

        🔞

                    သူမ အခန်းလေးထဲ နှုတ်ခမ်းစူစူလေးနှင့်ပြန်လာခဲ့မိသည်။သူက လူတစ်မျိုးတော့ တစ်မျိုးပင်။နဲနဲ လက်ပေါက်ကပ်သည်ပဲ ဆိုရမလား။ဒါမှမဟုတ် အားနာတတ်လွန်းသူလို့ ဆိုရလေမလား။
              ဗမာပြည်မှာ ကိုယ့်အိမ်လာတည်းနေသည့် လူကို ဘယ်သူက သူ့ဟာသူ ဝယ်စားခိုင်းတတ်ကြလို့လဲ။အရမ်း ဆင်းရဲသူတွေဆိုရင်တော့ တစ်မျိုးပေါ့။
              တစ်ခါတစ်လေ အပြင်ထွက်စားကြလို့ သူက ဒကာခံ​ကျွေးသည်ဆိုလည်း ထားတော့။ခုဟာက သူ့ဟာသူပင် အပြင်က စားလာ ပြန်လာအိပ်မည့်ပုံ။ဒါကလည်း အကိုကြီးက အိမ်မှာနေရန် အတင်းခေါ်ထား၍ မတတ်သာသည့်အဆုံး လာနေရသည့်ပုံမျိုးနှင့်။အကြောကတော့ မာလွန်းသည်။
                ဒါဆိုလည်း ဘာလို့ ရှင်း ဖျော်ထားသည့် သံပုရာရည်တွေ လာသောက်နေသည်လဲ။ဒီတိုင်း ရေပင် ထမသောက်ပဲ အိပ်လိုက်ရောပေါ့။သူမ အမြင်ကပ်ကပ်တွေးနေမိသည်။အကိုကြီးကတော့ သူ့ခင်လွန်း၍ ဗမာပြည် သူပြန်ရောက်စဉ် ဗမာစာလေးတွေ ချက်ကျွေးဖို့အရေး  မအိပ်ခင် သူမထံ ဈေးဖိုးထပ်လာ ထုထ်ပေးကာ မှာထားခဲ့သေးသည်။
              ..ဟွန်း ´
              သူမ မကျေမနပ်လေး ငြူစူမိရင်း
              ' မစားဘူးဆိုလည်း နေပေါ့။´
              တွေးစောင်ခြုံ ပြန်အိပ်ဖို့ပြင်သည်။ဗိုက်ကလေးတင်းသွား၍ ခုမှ ကောင်းကောင်းအိပ်ရတော့မည်။
              ' ကိုယ်ကတော့ မင်းကျွေးတာတွေ တဝစားမှာနော်။´
                ..အမေ့ ! ဘုရားရေ။ ရှင် ?´
              ' ဘာလဲ ကိုယ်မရှိတော့ဘူးထင်နေလို့လား။ကိုယ်က မင်းအနားမှာပဲရှိနေတာ မင်းမတွေ့လို့။မင်း ဟိုကောင်နဲ့ စကားပြောနေတုန်းကလည်း ဘေးမှာရှိနေတယ်။´
               ' ဟင်..ဟင် ! ဒါဆိုရှင်က ghost များလား။´
               'အဲ့ဒါလည်း ဖြစ်နိုင်တာပဲ။ကိုယ်လည်း ဝင်္ကပါထဲကနေ ဒီအိမ် ရောက်လာကတည်းက ကိုယ်က ဘာလဲ အဆက်မပြတ်တွေးနေမိတာ။နောက်ဆုံးမင်းလိုပဲ ကောက်ချက်ချနိုင်တော့တယ်။ တန်တော့ ကိုယ်က မင်းကိုတွယ်ကပ်နေတဲ့ ghost တစ်ကောင်များလားပဲ။´
           ဆိုလိုက်တော့ သူမ သူ့ပင် မျက်လုံးလေးတွေ ပြူး ကြည့်မိရလေတော့သည်။

                    သူက သူပြောခဲ့သလိုပင် သူမနောက်နားတွယ်ကပ်နေရင်း
                ' ကိုယ်က ဘာများလဲ ? မင်းရဲ့ စိတ်ကူးယဉ် ချစ်သူများလား။ဒါပေမဲ့ ဟိုကောင့်မျက်နှာနဲ့ ဘာလို့ လာတူနေတာလဲ ?
              ကလေးလေး မင်းအဲ့ဒီကောင်ကို စိတ်ကူးယဉ်ပြီး ကြိတ်ကြိုက်နေခဲ့တာများလား ?´
            ' ဟင် ! မဟုတ်ရပါဘူး။သူ့ ခုမှဖြင့်ပြန်မြင်ဖူးတာပါ။နယ်မှာနေတုန်းက သိခဲ့ဖူးလည်း သူ့ရုပ်က ရှင်း စိတ်ထဲဝိုးတဝါးပဲ။နောက်ပိုင်း အကိုကြီးဆီက သူ့နံမည် ခဏခဏကြားဖူးခဲ့လည်း ခုမှ သေချာပြန်မြင်ဖူးတာ။´
               'ဒါဆို သူက မင်းအိပ်မက်ထဲက ရည်းစားလည်းမဟုတ်ဖူးပေါ့။´
               ..အင်း ဟင်း .ဟုတ်ဖူး။´
               သူမလေးက ပြန်အိပ်ပျော်သွားသည်။
               ..ဒါဆို ငါက သူနဲ့ဘာလို့ ဒီလောက်ရုပ်တူနေရတာလဲ။ငါက သူ့အမွှာများလား။ဒါဖြစ်နိုင်တယ်။ငါကသေပြီး ရှင်းလေးနား ghost အဖြစ်ရောက်နေတာ။
             ' ရှင်းလေး။မနက်ဖြန် သူ့မှာ အမွှာအကို ရှိမရှိမေးပေး။´
              ' ဟင် ! အင်း အင်း..´
               ဒီကောင်မလေးကတော့။သူ့ပြီးစလွယ်ဖြေ ပြန်အိပ်ပျော်သွားပြန်သည်။သူ့မှာသာ မေးခွန်းတွေ တသီတတန်းကြီး။
               သူ ဒီကောင်ကြီးနှင့် ရှင်းလေးပင် မနာလိုဝန်တို ဖြစ်မိနေသေးသည်။ဘာပဲဖြစ်ဖြစ် ဒီကောင်နှင့် ရှင်းလေးတို့ ဇာတ်လမ်းစတော့မှာ အသိသာကြီးပင်။
                သူက သူမအတွက်  If (Imagination friend) ဖြစ်နေလျှင် သူက အနှေးနှင့်အမြန် သူမနားကပျောက်ကွယ်သွားရတော့မှာ။သူတွေးရင်း သူမလေးပင် တင်းတင်း ဆွဲဖက်ထားမိလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now