အပိုင်း ၃၈

199 6 0
                                    

                       ဆိုင်ရှင် မရူပါတစ်ယောက် သူမဆိုင်မှ များစွာဝယ်ယူသွားသော အားကျစရာကောင်းသည့် အတွဲလေးပင် ဆိုင်ပြင်ထိ လိုက်ပါနှုတ်ဆက်အပြီး သူတို့ပျောက်ကွယ်သွားသည်အထိပင် ငေးကြည့် ကျန်ခဲ့မိရကာ ပြန်ဝင်လာပြီးနောက်
                 'အမလေး အားကျလိုက်တာနော်။သူများအတွဲလေးတွေများ။အမျိုးသားဖြစ်သူကလည်း ကောင်မလေး တယု တယနဲ့ အရမ်းချစ်တဲ့ပုံ။
                 ကောင်မလေးကလည်း အချစ်ခံရလောက်တယ်။ပုံလေးက နုနုညံ့ညံ့ အေးအေးချမ်းချမ်းလေးနဲ့။
                 ငါတို့များ ဒီလို အချစ်ခံရဖို့ ကံ မပါလာဘူးများလားပဲ။ခုထိ တစ်ယောက်မှကို မတွေ့ဘူး။´
                'အဲ့ဒါကလည်း အမက အရိုးများသလေး ချေးခါးသလေး လုပ်နေလို့လေ။နွေး တို့ဆို အမလို စဉ်းစားမနေနိုင်ပါဘူး။ ဒီလိုပဲ ရောက်လာတဲ့သူ အရအမိ ဖမ်းဆွဲ ယူလိုက်ရတာပဲ။
                ဒီလိုပဲ လျှောက်တွေးနေရင်တော့ သူများလက်ထဲပဲ ရောက်သွားတော့မှာပေါ့။ဟုတ်တယ်မဟုတ်လား အေး။´
               'အင်းလေ အမကလည်း အမအနေအထားနဲ့ လိုချင် တစ်ယောက်လောက်တော့ အလွယ်ရနိုင်ရဲ့သားနဲ့။´
                ထုံးစံအတိုင်း သူမ ဆိုင်အကူလေးတွေက သူမပင် အားမလို အားမရဟန်ပြန်ပြောလာကြတော့ သူမ coffee လေးပင် ဖျော်သောက်ဖို့ပြင်လိုက်ရင်း
                'ဟဲ့ ငါက Korea ကားတွေ တစ်အားကြည့်တာ များထားတော့ ငါ့ စံနှုန်းက အရမ်းမြင့်နေတာ။တော်ရုံလူ မျက်လုံးထဲ လုံးဝ တိုးမဝင်နိုင်တော့ဘူး။
              မရ နေပါစေ။ငါ့ဟာငါ အေးအေးပဲ တစ်သက်လုံး Korea ကားတွေထဲက မင်းသားလေးတွေပဲ ကြည့် ထမင်းစားနေတော့မယ်။
              မလိုချင်တဲ့ ဟာကြီးတွေတော့ ယူပြီး တစ်သက်လုံး ထမင်းစားတိုင်း ထိုင်ကြည့် စိတ်ညစ်ခံမနေဘူး။´
              ဟု ခပ်ပြတ်ပြတ်ပင် ဆိုလိုက်တော့ကောင်မလေးတွေက ခုန သူတို့အမကဆိုင်ရှိသမျှ ထုတ်ပြလိုက်၍ ပွနေသော အဝတ်အစားများပင် တနံတလျားလိုက်သိမ်းဆည်းနေရရင်း တစ်ဦးနှင့် တစ်ဦးကြည့် ခေါင်းပင် ခါနေကြတော့သည်။

                        ပြောပုံလည်း ကြည့်အုံး။ထမင်းအစားပဲ ပျက်မှာစိုး၍ ယောင်္ကျားပဲ မယူသည့် ပုံ။သူတို့ဆိုင်ရှင်အမက ထူးပင် ထူးသည့်သူပင်။
                 .. အေးလေ သူကတော့ သူ့ဟာသူ ရှာနိုင်ဖွေနိုင်တော့ ထမင်းစားဖို့ ပူမနေရ။သူမ ဆိုင်အကူတွေဖြစ်သည့် အေး နှင့် နွေးကတော့ ထမင်းစားဖို့ ယောင်္ကျားယူဖို့ လိုသေးသည်။မယူလျှင် သူမတို့ မည်သူကလာ ရှာကျွေးမည်နည်း။ဒီဆိုင်အကူ လစာလေးနှင့် တစ်ဝမ်းတစ်ခါးပင် လှအောင်မဆင်နိုင်...
                  ထိုစဉ်
                  ' ခုန အတွဲ ယူသွားတဲ့ အဝတ်အစား မှန်သမျှ အကုန်ယူမယ်။တစ်ခုမကျန် ထုတ်ပြ။´
                   ဖျော်ပြီး coffee လေးပင် အမောပြေ အေးအေးသောက်မည် ကြံကာနှုတ်ခမ်းနှင့်တေ့ရုံ ရှိသေး ဆိုင်အပေါက်ဝ ရပ်လာပြီး ပြောလိုက်သော ခပ်စာစာ အသံလေးတစ်ခုကြောင့် သူတို့အားလုံးလန့် လှည့်ကြည့် လိုက်ရပါလေတော့သည်။
     

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now