ဒီလို ကောင်မလေးမျိုးကို အိမ်တွင်းဝှက်ကာ ထားခဲ့တာ မှန်သည်ဟု သူပင်တွေးထင်လာသည်။ ကြည့်လေ သူမက လူအားလုံး၏ အသည်းနှလုံးကို လွယ်လွယ် ရယူနိုင်သည်ဆိုတာ။ပိုတိတိကျကျပြောရလျှင် အသက်ကြီးသူတွေ၏ ချစ်ခင်ခြင်းကို ပို၍ ရယူနိုင်စွမ်းရှိသူ ဆိုတာ။
မနေ့က ဈေးထဲမှာလည်း သူမ ဝိုင်းအုံ ချစ်ပေးနေသူတွေက အသက်ကြီးကြီး အဒေါ်ကြီးတွေ။ခုဆို သူမကို ကလေးသဖွယ် စနောက် ချစ်သွားသူကလည်း သူ့ senior အကို။
ဘယ်လိုပဲဖြစ်နေနေ အကို Neo က သူ့ထက် ၆နှစ်ကျော်လောက်ပင် ကြီးသူ ဆိုတော့ ခုဆို ၄၀ ဝန်းကျင်လောက်တော့ ရှိနေရော့မည်။ဒါပေမဲ့ အကိုက ဖြောင့်တုန်း။ဒီအရွယ်ထိ အိမ်ထောင်လည်းမပြု လွတ်လွတ်လပ်လပ်ပင် နေနေတော့ ဘာပူပင်သောကမှလည်းမရှိ လူငယ်လူရွယ်လေးလို နုတုန်း သန်မာတုန်း ပျော်ကောင်းတုန်းပင်ရှိသေးသည်။
သူ ငိုင်နေတုန်း
'ဟေ့ရောင် မင်းဘာလုပ်နေတာလဲ ? ကလေးနားရအောင် အပေါ်ခေါ်သွားတော့လေ။နောက်မင်းနှုတ်ခမ်းလည်း ဆေးလေးဘာလေးထည့်လိုက်ဦး။´
ဟု ဆိုလိုက်၍ သူ သတိပြန်ဝင်သွားသည်။ခုမှ သူ့နှုတ်ခမ်းမှ အကို Neo ထိုးလိုက်တကြောင့် ရသွားသော အနာကလည်း တဆစ်ဆစ်ဖြစ်လာသည်။
' ဟင် ! ကိုကြီးရှင်း ? ဟုတ်ပါရဲ့ သွေးတောင်ထွက်နေပြီ။´'နဲနဲလေးပါကွာ။ကိုယ့် လက်ဆက ခုနောက်ပိုင်း သိပ်မပြင်းတော့ပါဘူး။´
'ဘာနဲနဲလေးရမှာလဲ။ ဟွန်း စိတ်ပုပ်ကိုကြီး ရဲ့။´
' ဟ ဘာ ?´
အကို Neo က ထပ်ပြီးမပြောသာတော့။သူမက သူမခေါင်းမှ အနာပင်မေ့ကာ သူ့အတင်းတွဲခေါ်နေတော့ ရယ်ပင် ရယ်လာလေတော့သည်။' ဟပ် !´
ပိန်ပိန်သေးသေး ဖြူဖြူသွယ်သွယ်လေးက သန်သန်မာမာ ထွားထွားကြိုင်းကြိုင်းကြီးကို ကြင်ကြင်နာနာ ဂရုတစိုက် တွဲခေါ်သွားတာ မြင်ရတော့ သူ့မှာ ရယ်ချင်စိတ် ချုပ်တီးမထားနိုင်တော့။
သူတို့ရှေ့ ထုတ်ရီပြန်လည်း နှစ်ယောက်စလုံး၏ ရန်လိုဖွယ် အကြည့်တွေရမှာ သိနေပြန်၍
' ဪ Shinn ..Shinn. မင်းရဲ့ အချစ်တွေက ဒီကလေးမ ဆီမှာပဲကို။ဒါတောင် ဘာအချစ်မှ မရှိခဲ့သလို ဟန်ဆောင်နေခဲ့တယ်။မင်းတော့ တွေ့ကြပြီပေါ့ကွာ။´
ဟု ရယ်ကျဲကျဲဖြင့်တွေး စနောက်ဖို့ အစီစဉ်တွေထုတ် ကျန်ခဲ့လေတော့သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။