' ဟဲ့ ရှင်းရှင်း။နင်တို့အိမ်က ကားက လဲထားတာလား ? ဟိုတလောကမှ နင့်အကိုကြီးကားကလည်း လဲထားသေးတယ်လေ။နင်တို့အိမ် ခုတလော ဘယ်ကပိုက်ဆံတွေရလာလို့ ဒီလိုဈေးကြီးတဲ့ကားတွေ ဝယ်စီးနေနိုင်ကြတာလဲ ?
နင်တို့အိမ်အတွက် တင်ထားတဲ့ အကြွေးတွေကလည်း ခုထိတောင် ဆပ်လို့ မပြီးသေးဘူးမဟုတ်လား ? ကြည့်လဲသုံးကြ ဖြုန်းကြဦးနော်။နောက်မှ ဘယ်လိုမှ မတတ်နိုင်တော့လို့ အိမ်ကို ရောင်းရပါတော့မယ် အဖေ့လာ မပြောကြနဲ့.. ဒါနဲ့ ကားကဘယ်လောက်ပေးလိုက်ရလဲ ? အသစ်ချက်ချွတ်ကြီးလည်းဆိုတော့..´
သူမက ယဲ့ယဲ့လေးသက်ပြင်းချပြီးပင်
' အမလေး သင်းသိင်္ဂီ ရယ်။ငါ ဖြေတာလေးများ နဲနဲစောင့်နားထောင်ပါဦးလား။ပြောချင်ရာတွေပြော ထင်ချင်ရာတွေ ထင်ပြီး..
ဒီကားက ဒီကအကိုရှင်းရဲ့ ကားပါ။အကိုကြီးရဲ့ ငယ်သူငယ်ချင်းလေ။အိမ်မှာတည်းနေတာ။ဒီမနက် ဈေးထွက်မယ်ဆိုတော့ ဖေကြီးကားက ပျက်နေလို့ သူက လိုက်ပို့ပေးတာ။ ဟင်း...´
'ဪ ဒီလိုကို..´
မျက်နှာဝင်းပသွားလျှက်
' ဒါကြောင့် နင်တို့အိမ် အကြွေးတွေနဲ့ ဘယ်လိုမှ ဒီလိုကားမျိုး ဝယ်မစီးနိုင်ပါဘူးလို့။ဟင်းဟင်း..
ဦးညီကလည်း ပင်စင်ယူပြီး ဘာစီးပွားရေးမှလည်း ထပ်မလုပ်တတ် မကိုင်တတ်နဲ့ ပင်စင်လစာလေးပဲ ထိုင်စားနေရတာမဟုတ်လား။ဒီကြားထဲ စုထားတဲ့ငွေလေး လိမ်တာခံလိုက်ရသေးတယ်။
နင့်အကိုကြီးကလည်း ပုဂ္ဂလိက ဆေးရုံမှာ အလုပ်ရနေလည်း နေဖို့စားဖို့လောက်ပဲ။သူ့ရှေ့ရေးအတွက် နိုင်ငံခြားသွား ဘွဲ့ထပ်ယူဖို့တောင် ခြေဦး မလှည့်နိုင်သေးဖူး။
ဦးညီရဲ့ ကားစုတ်ကြီးကလည်း ကဂျီကဂျောင်တွေဖြစ်လွန်းလို့ တလောကပဲ ရောင်းတော့မလိုပြောနေတာ။ နင်က နောက်ဆို bus ပဲ စီးရတော့မှာ..´တီတီ..
' ဟို အကို ..ကားက ထွက်တော့မှာလား ? ကျွန်တော် parking ထိုးဖို့ နေရာမရှိလို့။´
'ဟာ အေးညီ sorry. ရှင်းလေး မြန်မြန်လာ ကားပေါ်တက်။´
သူက ကားဖယ်ပေးဖို့ အရေး သူမလေးပင် အလျှင်စလို ကားပေါ်တက်စေလိုက်တော့ သင်းသိင်္ဂီ ဆိုသည့် မိန်းကလေးက ကြောင်တောင်ဖြစ်ကျန်ခဲ့တော့သည်။သူမလေးက လည်း တစ်လမ်းလုံး ငြိမ်တိတ် ပါလာလေတော့သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။