ဖေကြီးက သူ့စကားတွေကြောင့် တစ်ထစ်လျှော့သွားလည်း ခပ်မာမာပင်
' အေး သမီးကို ရှင်းဆက်နဲ့တွဲဖို့ ခွင့်ပြုပေးမယ်။ဒါပေမဲ့ ၃လပဲ။ ၃လကျော်တာနဲ့ တင့်တောင်းတင့်တယ် လက်ထပ်ယူရမယ်လို့ ပြောလိုက်။´သူ သက်ပြင်းချမိလိုက်သည်။ဖေကြီးက သမာရိုးကျသမားကြီးပင်။အသက်ကြီးလည်း လူရေးလူရာ ခုထိ သိပ်နားမလည်ရှာသေး။
'ကျွတ်..´
'ဘာလဲကွ ဟိတ်ကောင်။အဖေတစ်ယောက်အနေနဲ့ သိက္ခာအကျခံပြီး ဒီလိုခွင့်ပေးတာတောင် နဲတယ်ထင်နေလို့လား။မဟုတ်မှ ငါက သမီးကို တစ်သက်လုံး အိမ်ထောင်မချပေးပဲ ဒီလိုပဲ ထားရတော့မယ်လို့ ဆိုလိုချင်နေတာလား။´
'မဟုတ်ပါဘူး ဖေကြီးရာ စိတ်ကြီးပဲ။အင်းပါလေ ကျွန်တော် နောင်ကြီးဒီလိုပြောလိုက်ပါမယ်။´
ဆို နေရာမှ ထလာခဲ့သည်။မထလို့ကလည်းမဖြစ် ည၁နာရီကျော်နေပြီ။ကောင်းကောင်းမအိပ်ရသေး။
သူနောင်ကြီးထံပင် phone ခေါ်လိုက်ပြီး
' ကြားလားကွဟေ ခွင့်ပေးလိုက်ပြီ။ခုဆို မင်းနဲ့ ညီမလေးနဲ့က မိဘမောင်ဘွားတွေ သဘောတူ ခွင့်ပြုချက်နဲ့ ပုဆိုးတန်းတင် အကြင်လင်မယားတွေ ဖြစ်သွားကြပြီ။ကျန်တာကတော့ မင်းတို့အပိုင်း။
မင်း ညီမလေးကို ထားခဲ့လို့ကတော့ ငါတို့အဖေက မင်း ကမ္ဘာခြားသွားလည်း လိုက်သတ်မဲ့အမျိုး။အဲ့ဒါတော့ မင်းစိတ်ထဲ အမြဲရှိနေပါစေ။ဟင်း..´
ဟု ဆို phone ချသွားတော့ သူလည်း သက်ပြင်းမော ချလိုက်ရပါလေတော့သည်။သူ သူမလေးအခန်းထဲ ည၂နာရီကျော်လောက်မှ ဝင်လာခဲ့ပြီး အိပ်နေသော သူမနောက်နားလေး အသာအယာကပ် ဝင်လှဲကာ ဖက်ထားလိုက်ရတော့ သူမက
' ...အင်း.. ဘယ်တွေရောက်နေတာလဲဟင်။ရှင်က ကျွန်မကို ပစ်သွားပြီလို့တောင် ထင်နေခဲ့တာ.. ကျွန်မကိုဘယ်တော့မှ ထားသွားမှာ မဟုတ်ဖူး မဟုတ်လား။´
ဟု အိပ်ချင်မူးတူးလေး သူ့လက်တွေပင် ဆုပ်ကိုင်ပြီး မေးနေတော့ သူ အတန်ပင်ကြောင်သွားလည်း သက်ပြင်းချပြီးပင်
' အင်းပါ ကိုယ်က ရှင်းလေးကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ပါဘူး။ရှင်းလေး သေချာ စိတ်ချလက်ချ အိပ်လိုက်နော်။ကိုယ့် ကလေးလေး..´
ဟု ချော့ ဆိုလိုက်တော့ သူမက သက်ပြင်းချ ပြုံးရင်းပင် သူ့ရင်ခွင်ထဲ ပြန်အိပ်ပျော် သွားလေတော့သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။