အပိုင်း ၁၈

506 12 0
                                    

        🔞

                     သူ ပြန်လာတော့ အခန်းတံခါးပင်ဆောင့်ပိတ်ပြီး ပြန်ထွက်မလာတော့။သူမက အကိုဖြစ်သူနှင့်သူ ဘာဖြစ်လာသည်မသိ၍ အံ့ဩရင်း အကိုဖြစ်သူနောက် လိုက်မေးကျန်ခဲ့သည်။
              ' အကိုရှင်း စိတ်ဆိုးလာတာလား ?´ တဲ့။သူမက သူ့အကို လုပ်ရပ်များ သိလျှင် ဘယ်လိုများနေမည်လည်းမသိ။ဇေကြီးတို့က ညီမဖြစ်သူလေးအပေါ် ဂရုစိုက်မှု့က တခြားသူတွေနှင့်မတူ ထူးခြားလွန်းနေသည်။
              ဆေးရုံမှာ သူပြောခဲ့တာက
             'ဆေးစစ်ပြီး မင်းကို ညီမလေးနဲ့ အိပ်ဖို့ ခွင့်ပေးတော့မလို့ ´တဲ့။
               ဒါက ဘာစကားကြီးလဲ။အကိုက ညီမဖြစ်သူအတွက် ပြောလို့ကောင်းသည့် စကားကော ဟုတ်ရဲ့လား။ နားမလည်နိုင်တော့။

                သူဇေကြီးကို စိတ်တိုခဲ့သည်။အဲ့ဒီတုန်းကတော့ ဇေကြီးက သူ့စမ်းသပ်နေမှန်း မသိခဲ့။သူ့ သွေးစစ်ခိုင်းတာရော ဆရာမတွေရှေ့ ပါးစပ်ဖွာတာပါအတွက်ပါ ကြိတ်မနိုင်ခဲမရဖြစ် ဒေါသတွေ အလိပ်လိုက်ထွက်ရင်း
               ' ငါ ဘယ်နိုင်ငံခြားသူနဲ့မှ မအိပ်ဖူး ဟေ့ကောင်။နောက်ပြီး မင်းက ငါတို့ MMA ကစားသမားတွေကို ဘယ်လိုများထင်နေလဲ ? တွေ့ရာ မြင်ရာ မိန်းမနဲ့ အိပ်နိုင်မယ်ထင်နေလို့လား ?´
               ဇေကြီးက သူ့ စကားကြောင့် သူ့ပင်စိုက်ကြည့်လာကာ Dr House ပုံစံမျိုး မျက်နှာသေကြီးဖြင့် ( Dr House , English ဆရာဝန် ရုပ်သံ ဇာတ်လမ်းတွဲမှ နံမည်ကြီး ဆရာဝန်။
                လူနာမှာ ပြင်းပြင်းထန်ထန် သေမလို ခံစားနေရပြီး အမည်မဖော်နိုင်သော ရောဂါများကို မဆုတ်မနစ် သောစိတ်နှင့် ကြိုးစား ရှာဖွေ ကုသပေးသူ။)
                'ဒါကြောင့် မင်းလက်ရည်တွေကျနေတာ ဟေ့ကောင်။ မင်း ပခုံးက ငါ စစ်ဆေးကြည့်ရသလောက် ပုံမှန်ဖြစ်နေပြီ။ဒါပေမဲ့ ပွဲကစားတော့ မင်းဒဏ်က ပြန်ပေါ်လာပြီး ရှုံးတယ်ပြောတယ်။တကယ်တော့ မင်း ပင်ပင်ပန်းပန်း အနာခံဆော့လည်း ပွဲပြီးရင် မင်းအတွက် ဆုလာဘ် မရှိတော့လို့ ဒီလိုဖြစ်နေတာ။ ဟုတ်တယ်မဟုတ်လား။´
                ' ဘယ်လို ?´
                'မင်းနဲ့ ပွဲပြီးရင် အိပ်ပေးမဲ့သူ မရှိတော့ဘူးလေ။မင်း ကစားပြီးရင် ထွက်လာတဲ့ Hormone တွေ လျှော့ချဖို့ sex partner မရှိတော့ဘူး။မင်းက ပွဲပြီးရင် အရင်လို ရင်ခုန်စရာ မရှိတော့ပဲ ရေချိုးခန်းထဲဝင် ရေချိုးချဖို့ပဲရှိတော့တယ်။
                နောက် မင်းစိတ်ဓာတ်ကျလာမယ်။နိုင်ငံရပ်ခြားမှာ ဘယ်သူမှလည်း ယုံနိုင်စရာမရှိ။အချစ်ပေးစရာလည်းမရှိ ၊အချစ်ပေးတဲ့သူလည်းမရှိလို့ ညောင်နာနာဖြစ်လာမယ်။ကျားတစ်ကောင် နာနေသလို။စိတ်ကလည်း ပုံမှန်မဟုတ်တော့ဘူး။
                 ထစ်ခနဲရှိ စိတ်တိုလာလို့ ပွဲမှာလည်းပြဿနာ အပြင်မှာလည်း ပြဿနာတွေများပြီး ရန်ပွဲတွေချည်းဖြစ်နေတဲ့ မင်းကို ထိန်းမရတော့လို့ မင်း manager က မင်း မြန်မာပြည် ပြန် အနားယူဖို့ လွှတ်လိုက်ရတော့တယ်။အဲ့ဒါ ဟုတ်သလား ?´
                  သူ ကြက်ကြီး လည်လိမ်သလိုပင် ဖြစ်သွားရသည်။ဇေကြီးပြောသည့်အတိုင်း အားလုံးဖြစ်ခဲ့သည်။အရက်တွေပင်သောက်လာပြီး သူ့ထိန်းမရ ဖြစ်လာ၍ manager က သူ့ပွဲတွေပင် ရပ်လိုက်ကာ အိမ်ပြန် အနားယူစေခြင်းပင်။
                 ' မင်း Hanery ဆီ ဖုန်းဆက် မေးထားတာလား ဟေ့ကောင်။´
                'ငါ ဘာမှ ဖုန်းဆက် မမေးဖူး။မင်းအခြေအနေကြည့် ငါ သိတယ်။ငါလည်း ယောင်္ကျားတစ်ယောက်ပါကွာ။ငါ ရတီနဲ့ ပြတ်တော့ မင်းလိုဖြစ်ခဲ့တာပဲ။ဒါပေမဲ့ မင်းလောက် မဖြစ်ဖူးပေါ့။
                  ဘာလို့လဲ ငါ့မှာက အစားထိုးစရာ ကောင်မလေးတွေ ရှိတယ်လေ။မင်းကတော့ မရှိဘူး။အဲ့ဒါကလည်း မင်းက ငါ့လို စော်ကြည်ဘဲ မဟုတ်လို့ လို့ ငါ မ​ဆိုလိုဖူးနော်။မင်းက ဘယ်မိန်းကလေးကိုမှ ငါ့ ညီမ ရှင်းလေးလောက် မချစ်နိုင် မမြတ်နိုးနိုင်တော့လို့..´
                 'ငါက ရှင်းလေးကို..´
                 'မင်း ဖြေရှင်းပြနေစရာ မလိုဘူး။မင်း ငါ့ညီမလေးကို ဟိုးအရင်ထဲက ချစ်တာ ငါသိတယ်။ခင်နှင်း ဆိုတာကလည်း ညီမလေးအစား မင်းအဖြည့်ခံထားတဲ့ သူပဲ။
               ဒါပေမဲ့ ကြာလာတာနဲ့အမျှ မင်း ခင်နှင်းကိုလည်း စိတ်တိုင်းမကျတော့ဘူး။ဘာလို့လဲ ? ခင်နှင်းမှာ ညီမလေးနဲ့တူတာ တစ်ကွက်မှ မရှိဘူးဆိုတာ တဖြည်းဖြည်းနဲ့ သိလာရလို့ပဲ။နောက် အရေးကြီးတာက ခင်နှင်းမှာ ညီမလေးက မင်းကို ကြည့်တတ်တဲ့ အကြည့်မျိုးတွေ မရှိဘူး။´
                'ဟင်..´
                'ငါပြောတာ ဟုတ်သွားပြီမဟုတ်လား။မင်းက ညီမလေးကိုချစ်တယ်။ဒါကြောင့် မင်းပြန်လာတိုင်းလည်း သူ့ လာလာ ခိုးကြည့်တတ်တယ်။မင်းက ငါ့ရှေ့မှာတော့ ညီမလေး စိတ်မဝင်စားသယောင် ဟန်ဆောင်နေတယ်။ငါက မင်း ညီမလေးနဲ့ သဘောတူနေတာသိလည်း ဒီလို လုပ်ဖို့ မင်းမှာ အကြောင်းရှိနေတယ်။အဲ့ဒါက ဘာလဲ ဟေ့ကောင် ?´
             ဟု ခပ်ဆတ်ဆတ် မေးလိုက်တော့ သူလည်း ခွေးအကြီးလှည်းနင်း သလို ဖြစ်သွားရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now