🔞
သူက မီးအိမ်ကို အလင်းလျှော့ချလိုက်ပြီး သူမကို အုပ်မိုးကာ အနမ်းနွေးနွေးပေးလာတော့ သူမက သူ့အံ့ဩ မော့ကြည့်နေရာမှ မျက်လွှာလေးချ ခံယူနေသည်။ သူမလေး ဒီလိုတုံ့ပြန်မှု့ပြုတာကသူ့အတွက် သဘောတူ ခွင့်ပြုမိန့် ရလိုက်သလိုပင်။ဒါကြောင့် သူ့ shirt အင်္ကျီမှ ကြယ်သီးတွေပင်ဖြုတ်ကာ သူမ စွဲမက်ဖွယ် အနမ်းတွေစပေးတော့သည်။
သူမကိုယ်ပေါ် ဝတ်ထားဆဲဖြစ်သော အင်္ကျီဖြူလေးလည်း ပခုံးပေါ်မှ ခွာချလိုက်ကာ သူ့ရင်နှင့် ထိကပ်လိုက်တော့ သူမကိုယ်လေးက မီးရောင်လို နွေးထွေးနေလည်း လေပြင်းထိ၍ လှုပ်ရှားနေသော မီးရိပ်ကလေးလို တုန်ယင်နေသည်။
သူမ မျက်နှာလေးကလည်း မီးအပူရှေ့ရောက်နေသလို ရဲရဲနီနေတော့ ၊အဖိုဆို ရင်ဖိုတောင် မသမ်းဖူးသေးသော သူမလေး ကြင်နာစွာ ငုံ့ကြည့်မိရင်း သူမကိုယ်လုံးလေး သူ့ရင်ခွင်နှင့် ငုံထားလိုက်ရသည်။သူ ဘယ်လိုပဲဖြစ်နေနေ ဒီမိန်းကလေးကို သူ့ အပိုင်အဖြစ်သိမ်းယူ ရတော့မည်။ဒီလိုပင် သူမကို လွှတ်မထားချင်တော့။လွှတ်လဲ မထားနိုင်တော့။ဒီလို လုပ်ပြီးမှ ရှေ့ဆက် သူတို့ အတူရှိရန်က ပိုစိတ်ချလို့ရမည်။
သူမနှင့် ထပ်မခွဲနိုင်တော့။ခွဲလို့လည်းမဖြစ်တော့။ သူမနှင့် ကွဲကွာခဲ့စဉ်က ဒီကောင် အရူးလိုဖြစ်သွားခဲ့သည်။ကိုယ့်ကိုယ်ကို မနဲ စိတ်နှင့်လူနှင့်ကပ်ကာ သူမလိုက်ရှာခဲ့ရသည်။မတွေ့ခဲ့သည့်နေ့တွေဆို အိပ်လို့ပင်မပျော်။စားလို့လည်း မဝင်ဖြစ်ကာ လူက ပိန်ချုံးကျသွားသည်။
တနေ့နေ့လည်း သူမလေး သူ မရှိပဲ ဘယ်လို အခက်ခဲတွေ ၊ဒုက္ခတွေ၊ အန္တရာယ်တွေနှင့် ရင်ဆိုင်ကြုံတွေ့ နေရမလဲ တွေးပူမိရတာကလည်း အချိန်ပြည့်လိုပင်။ သူ သူမနှင့် နောက်တစ်ခါထပ် ခွဲရမည်ဆိုက အရူးလုံးလုံး ဖြစ်သွားပေလိမ့်မည်။သူမနှင့် ရှေ့ဆက် အတူရှိရန်ကလည်း ဒီတနည်းပင် ရှိတော့သည်။သူတွေး ဆုံးဖြတ်ချက် ချလိုက်ပြီး သူမကိုယ်လေး သူ့ရှိရာ ခပ်ကြမ်းကြမ်း ဆွဲယူလိုက်တော့ သူမကလည်း သူ့လက်ထဲ လိုသလို ပျော့ပျော့ပျောင်းပျောင်းလေး လိုက်ပါလာသည်။ သူ့အတွေ့ ကြမ်းကြမ်းတွေနှင့် တွေ့လာရလည်း ရုန်းထွက်မသွားပဲ ငြီးငြူလာသည်။သူလည်း သူမလေး ဒီ့ထက်ပို နာကျင်မှု့ မပေးချင်လည်း သူ့အလိုပြည့်ဝရန်နှင့် သူမလေး သူ့အပိုင်အဖြစ် သိမ်းပိုက်နိုင်ရန် ရှေ့ဆက်တိုးလိုက်ရလေတော့သည်။
သူက သူမလေး ညင်ညင်သာသာနှင့် ချည်းကပ်နေရာမှ အတန်ကြမ်းတမ်းလာတော့ သူမလည်းသူ့ရင်ခွင်အောက် လူးလွန့်နေရသည်။သူက သူမ ရင်ခွင်ထဲထား ဖိကပ်ဆက်ဆံနေရာမှ ပို၍ ကာမစိတ်ပြင်းထန်လာနေသည်။သူ့ အသက်ရှုသံပြင်းပြင်းက သူမ နားနားဆူညံနေပြီး သူမရင်ကို ပိုတုန်လှုပ်လာစေသည်။
..ခု သူမနှင့် ဆက်ဆံနေသူက သူမှ ဟုတ်ပါလေစ။ မယုံမရဲလေးဖြစ်လာရကာ မျက်လုံးလေးဖွင့်ကြည့်လိုက်မိသည်။
မီးအိမ်အလင်းသိပ်မရှိ၍ သူ့ကိုသဲသဲကွဲကွဲ မမြင်။ဒါပေမဲ့ သူမကို အုပ်မိုးထားသူက သူပဲဆိုတာ သိနိုင်သေးသည်။သူမ သက်ပြင်းမောလေးချမိလိုက်သည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormalelove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။