အပိုင်း ၁၁

308 7 0
                                    

                            သူက သူမဆီ အပြေးရောက်လာပြီး မီးအိမ်ကိုပင် အမြင့်စာအုပ်စင်ပေါ် တင်လိုက်ကာ သူမဆွဲဖက်ပြီး မွတ်သိပ်စွာ နမ်းရှိုက်တော့သည်။နမ်းပြီးတော့လည်း သူ့ရင်ခွင်ထဲမှ ပြန်လွှတ် မပေးတော့ပဲ
                       ' ဘယ်တွေရောက်နေတာလဲကွာ။ဘယ်တွေရောက်သွားလို့ ကိုယ်က မင်း ဒီလောက် အရှာရခက်နေတာလဲ။ပြောစမ်းပါဦး။ဘာကြောင့် ကိုယ့်ထားပြီး ထွက်ပြေး သွားခဲ့သလဲ။´
                        မေးနေလဲ သူက သူမအဖြေပင် မခံ။သူမ ကိုယ်လုံးလေးသာ ပြင်းပြသောစိတ်နှင့် တိုးဖက်နေပြီး ပြန်လွတ်ထွက်သွားမှာ စိုးရိမ်နေသလို သူမလက်မလွှတ်တော့။သူမလည်း သူ့လက်ထဲ မျက်ရည်လေးဝဲ ပျော့ခွေနေတော့သည်။
                       သူ့လက်ထဲ နေရင်း အရင်က သူပြောခဲ့ဖူးတာ သတိရလာသည်။ဒီထဲ ခု သူက သူမရှေ့ ရှိနေလည်း မရှိခဲ့သလို ပြန်ပျောက်သွားနိုင်ပြီး ခု ရှိမနေလဲ သူမရှေ့ မျက်လှည့်ပြသလို ပြန်ရောက်လာနိုင်သည်တဲ့။
                        ခုလည်း သူနှင့် မျက်လှည့်ဆရာလေးက မျက်လှည့်ပြလိုက်သလို သူမရှေ့ လူပြောင်းရောက်လာခဲ့ခြင်းဖြစ်သည်။
                      'မျက်လှည့်ဆရာလေးကော ?´
                     သူမအသံ တိမ်တိမ်လေးနှင့်မေးလိုက်တော့ သူကငုံ့ကြည့်ကာ
                    ' မျက်လှည့်ဆရာလေးလား ? သူကော ဒီမှာရှိနေတာလား။´
                     'အင်း။´
                     သူက သူမခေါင်းညိတ်တော့ အံ့ဩသွားသည်။သူမ ပြန်လွှတ်ပေးလာရင်း
                     'မင်း သူနဲ့အတူ ရှိနေခဲ့တာလား ?´
                     'အင်း။´
                     သူက သူမအဖြေကြောင့် အတန်ပင် စိတ်ရှုပ်သွားပုံရသည်။သူမကို ငုံ့ကြည့်လိုက်ရင်း
                    ' ဒါဆို သူကော ?´
                    ' အဲဒီ စာအုပ်စင်တွေကြား ဝင်သွားတာပဲ။ဒါပေမဲ့ ခုထိ ပြန်ထွက် မလာသေးဘူး။သူပြောတော့ သူက ရှင့်ရှာပြီး အတူပြန်လာခဲ့မယ်တဲ့။´
                    'သူက ဒီလိုပြောသွားခဲ့တာလား ? ဒါပေမဲ့ ကိုယ်က သူ့ မတွေ့ခဲ့ပါလား။ခုနကပဲ ကိုယ် အဲဒီဘက်က လာခဲ့တာလေ။ ´
                        သူမ သူ့ ဘယ်လို ရှင်းပြရမည် မသိ မျက်ရည်လေးဝဲလာတော့ သူက သူမ အခြေအနေကြည့်
                       ' သူနဲနဲ ခရီးလွန်သွားတာ နေမှာပါ။တော်ကြာနေ ပြန်လာမှာပေါ့။ကိုယ်တို့ ဒီမှာပဲ စောင့်နေလိုက်ကြမယ်။´
                      သူမခေါင်းညိတ်တော့ သူက သူမပင် ငုံ့ကြည့်ရင်း
                     ' မပူပါနဲ့။နောက် ကိုယ်တို့ ဘယ်တော့မှ မခွဲတော့ဘူးနော်။´ ဟု ပခုံးလေးပင်ကိုင် ဆိုနေသည်။
                     သူမ သူ့ပင် ကျစ်ကျစ်ပါ ပြန်ဖက်ထားမိရတော့ သူ့ဆီက လူသားတစ်ဦး၏ အနွေးဓာတ်ပင် ခံစားလာရသည်။   မျက်လှည့်ဆရာလေးနှင့်တုန်းကတော့ ဒီလို အနွေးဓာတ်မျိုးမရခဲ့။သူမ သူ့ပင် လက်မလွှတ် ဖက်ထားမိရတော့ သူက သဘောကျ ငုံ့ကြည့်ပြီး
                     ' ကိုယ်က မင်းဘယ်လို ပုံပဲဖြစ်နေနေ ရှာနိုင်တယ်၊ မှတ်မိနိုင်တယ် ဆိုတာ ယုံပြီမဟုတ်လား။ဘယ်လိုဖြစ်တာလဲကွာ။ ဒီလောက်ထိ ပိန်ချုံးသွားရအောင်။မင်း အစာကော စားခဲ့ရဲ့လား။´
                      သူမ မဖြေနိုင် သူ့ကိုပင် ပြန်ပျောက်ကွယ်သွားမှာ စိုးရိမ် ဖက်ထားမိနေသည်။ သူက
                     ' ဘာမှ မဖြစ်တော့ဘူးနော်။စိတ်မပူတော့နဲ့။ကိုယ်ရှိနေပြီ။´ ဆိုရင်း သူမခြေထောက်လေးမှာ အဝတ်စလေး တစ်စဖြင့် စည်းနှောင်ထားသော အနာပင်မြင်
                     ' ခြေထောက်က ဘာလဲ။ဒဏ်ရာ ရခဲ့တာလား။မှန်း ကိုယ်ကြည့်ပေးမယ်။´ ဆို သူမ အနီးရှိ ခုံလေးပေါ် ထိုင်ခိုင်းလိုက်သည်။
                      သူက သူမရှေ့ အနာကြည့်ရန် မုဆိုးထိုင် ထိုင်လိုက်တော့ သူမ သူ့ငုံ့ငေးကြည့်ရင်း ဒီလိုပြုမူ ခဲ့ဖူးသော မျက်လှည့်ဆရာလေးပင် ပြန်မြင်ယောင်နေမိသည်။သူမဘဝက သူ့ကိုမြင် ဝမ်းသာရမည်မှန်လည်း အချိန်ကြာ အတူရှိခဲ့ဖူးသော မျက်လှည့်ဆရာလေးကြောင့် မပျော်နိုင်ပြန်။
                        ဒါကို သူကလည်း သိပုံရသည်။သူမကို ကြင်နာစွာဆက်ဆံပြီး အနီးနားမှာပင် သူမအိပ်ရန်  camp တဲလေးထိုးပေးနေတော့ သူမ သူ့ကို ငေးကြည့်နေမိလေတော့သည်။
    
                        သူက အအေးလွန်နေ၍ သူမကို camp တဲ ထဲ ဝင်နေစေကာ သူကတော့ စာအုပ်စင်တွေရှိရာဘက် သွားနေသည်။သူက အချိန်အတန်ကြာ သူမ မျက်စိရှေ့ပျောက်ကွယ်နေတော့ သူမမှာ အသံတစ်ချို့ ထပ်ကြားလာရကာ တုန်လှုပ်နေရပြန်သည်။
                         အသံက မိန်းမသံ ဖြစ်ပြီး သူမနားထဲ လေသံလေးနှင့်ပင် လာကပ်ပြောနေလည်း သူမနား အကျယ်ကြီး အော်ပြောနေသလို ကြားနေရသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now