အပိုင်း ၄၃

202 11 5
                                    

                  'အမ ! ဘယ်သွားမလို့လဲဟင် ? ဘယ်သွားမလို့လဲ ? မေသက်တို့လိုက်ပို့ပေးမယ်။´
                 သူမ camp တဲလေးထဲမှ ထွက်ထွက်ချင်း ဆိုသလို အနီးနားမှ အမွှာမိန်းကလေးနှစ်ယောက်က သူမထံပြေးလာ သူမပင် တစ်ဖက်တစ်ချက် ကူတွဲပေးလိုက်ကြတော့ သူမ ရုတ်ခြည်းအံ့ဩ သူတို့ပင် ကြည့်မိလိုက်သည်။
                 သူမနှင့် ဒီဝင်္ကပါထဲ အတူ ဝင်လာကြသော အမွှာညီအမ နှစ်ယောက်ပင်။
                'ညီမတို့ ဘယ်လို ဒီထဲရောက်..´
                သူမ ပြောလက်စ ဒီစာအုပ်ခန်းထဲ သူမလို camp တဲလေးများထိုး အသီးသီးနေထိုင်နေကြသော မိန်းမတွေက သူမထွက်လာတာပင်တွေ့ သူမပင် အားကျနေကြဟန် ရပ်ငေးကြည့်နေကြတာတွေ့ တံ့သွားရသည်။
                 သူမ ခန္ဓာမှ အလင်းရောင်ဖျော့ဖျော့လေး ထွက်နေလို့ပဲလား ..

                 ရှိနေသော လူအရည်အတွက်က ၁၀ယောက် ၁၅ယောက်ပင် မကနိုင်တော့။သူတို့က သူမလိုပင် အဖြူရောင် ညဝတ်ဂါဝန်ရှည်တွေနှင့်။
                 တစ်ချို့က camp တဲတွေထဲ သူမလိုပင် အေးအေးလူလူအိပ်လို့။တစ်ချို့ကလည်း camp တဲဝ ချက်ပြုတ် စားသောက်ကြလို့။စာအုပ်ခန်းထဲ မှောင်နေလည်း အသီးသီး မီးအိမ် မီးခွက် မီးအုပ်ဆောင်းလေးတွေနှင့် တစ်မျိုး အမြင်ဆန်းနေသည်။
                တစ်ချို့ဆို အခန်းထဲအေးနေ၍ ၄၊၅ ဦး စုထိုင် သူတို့ရှေ့ ကိုယ်ပိုင် မီးအိမ်လေးတွေ စုချထားကာ တစ်ဦးထဲ နေတာထက် ပိုနွေးထွေးမှု့ရရန် စုဝေးထိုင်နေကြသည်။
                သူမ ထိုသူတွေကိုမြင် စိတ်လေး အတန်ပင် သက်သာရာ ရသွားသည်။

                 မေသက်က
               'အမ toilet မဟုတ်လား ညီမတို့ လိုက်ပို့ပေးမယ်။´
               သူမ လူမမာ တစ်ဦးလိုပင် သူတို့ကြားလျှောက်လာရပြီး တစ်ဖက်ခန်းရောက်တော့ တစ်ခြားယောင်္ကျားသားတွေမြင် အံ့ဩရှက်ရွံ့သွားရသည်။လူငယ်တွေက အယောက် ၂၀၊၃၀ ပင်မက။သူတို့က ဒီအထဲစုဝေးနေကာ Boxing club ထဲ မှာလိုပင် ကိုယ်ခံပညာ လေ့ကျင့်နေကြတာ မြင်ရတော့ ပို အံ့ဩမိသွားသည်။
                 လူငယ်တွေက သူမ မြင် အရိုအသေပြုကြလည်း သူမက မေသက်တို့ကြား အတန်အနေရ ခက်နေသည်။သူမ လမ်းလျှောက်လာပုံက အတော်ထူးဆန်းနေသည် မဟုတ်ပါလား။
                 'ဟဲ့ သွားကြ။ဘာလို့ Alpha ရဲ့ mate ကို ဒီလို မရိုမသေ ရပ်ကြည့်နေကြတာလဲ ? ´
                  မေခက်က ရန်စွာတော့ ကောင်လေးတွေက သဘောပေါက် အကြည့်တွေ လွှဲသွားကြသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now