အပိုင်း ၂၁

438 9 0
                                    

                          ...အဲ့ဒီနောက်မှာတော့ သူမလေးက သူ့ထံမလာတော့။သူ အိမ်သွားလည်း ထွက်ပင်မတွေ့တော့။ သူ့ တစ်အားကြောက်ရွံ့သွားပြီ ဖြစ်သည်။
                     ငယ်ရွယ်လွန်းပြီး စိတ်နှလုံးသား အလွန် နုညံ့သော သူမလေးအတွက် သူ့ သက်မွေးဝမ်းကျောင်း အလုပ်က အဆင်မပြေနိုင်မှန်း သိခဲ့ရသည်။
                    ဘာပဲဖြစ်ဖြစ် သူမလေး သူ့အပေါ် ဒီလိုစိမ်းသွားတာလည်း ကောင်းပါသည် ဟု တွေးခဲ့မိသည်။

                        နောက် သူက လူရွေးသည့်အထဲ ပါသွား၍ ရန်ကုန်မှာပင် ပြောင်းနေထိုင်ခဲ့သည်။ဘယ်လိုပင် အခက်အခဲတွေ စိမ်ခေါ်မှု့တွေ ရှိခဲ့လည်း စိတ်ဓာတ်မကျခဲ့။
                  နောက် သူ့အဖေလည်း ရန်ကုန်မှာပင် ဆုံးပါးသွားခဲ့သည်။ဇေကြီးနှင့် ဦးက နာရေးပင် ရောက်အောင်လာ ကူညီသွားခဲ့ကြသေးသည်။
                  ဒီ့နောက်မှာတော့ သူက Thai club အသင်းတစ်ခုမှပင် professional ကစားသမားအဖြစ် ခေါ်ယူတာခံလိုက်ရကာ ထိုင်းနိုင်ငံမှာ အနေများသွားပြီး နိုင်ငံတကာလှည့် ကစားပွဲများပင် ကစားနေတော့သည်။
    
                   သူက အဲ့ဒီအချိန်တုန်းကတော့ ၃နှစ် တစ်ကြိမ်လောက်သာ မြန်မာပြည် ပြန်လာဖြစ်သည်။
               သူမလေးလည်း ၉တန်း ၁၀တန်းပင် ရောက်နေပြီဖြစ်သည်။သူပြန်ရောက်လာတော့ ဇေကြီးနှင့်ပင်တွေ့ပြီး သူမအတွက် ရည်ရွယ် ဝယ်ယူလာသော ချောကလက်တွေပင် လက်ဆောင်အဖြစ် ပေးဖြစ်လိုက်သည်။
               သူက အရင်လို ခြိုးခြံချွေတာနေစရာ မလိုတော့ပဲ ပိုက်ဆံလည်း သုံးနိုင်နေပြီမို့ တခြားစိတ်ကူးမရှိပဲ သူမလေးအတွက် သူမကြိုက်တတ်သောချောကလက်တွေ ဝယ်ပို့ ပေးချင်ခဲ့တာသာဖြစ်သည်။

                        ဇေကြီးက သူမက သူ့ချောကလက်တွေ ဖန်ပုလင်းလေးတွေနှင့်ပင် အလှထည့်ပြီး စားနေကြောင်း ဓာတ်ပုံပင် သူ့ထံလှမ်း ပို့ပေးခဲ့၍ ဝမ်းသာခဲ့ရသေးသည်။ဒါပေမဲ့ သူ့ စိတ်ဝိညာဉ်ကိုတော့ သူမထံ မလွှတ်တော့။သူမကအရွယ်ရောက်နေပြီဖြစ်၍ စိတ်ဝိညာဉ်ဖြင့်ပင် သူမထံ မသွားသင့်တော့။
                 ဒါပေမဲ့ တစ်ခါတော့ သူမကို လွမ်းလွန်းလှ၍ သွားခိုးကြည့်ခဲ့ဖူးသည်။သူရောက်သွားတော့ သူမလေးက အိပ်နေတာ လနတ်သမီးလေးလိုပင်။
                သူ ဝိညာဉ် အနေနှင့်ဖြစ်နေစဉ် သူမကိုလည်း စိတ်ဝိညာဉ်အနေဖြင့်သာ မြင်တွေ့နိုင်၍ သူမက စိတ်နှလုံးသားဘယ်လောက် ဖြူစင်သူလေးဖြစ်မှန်း သူ အသိဆုံးပင်။ သူမ စိတ်ဝိညာဉ်က သူ့မျက်စေ့ထဲ အလွန်ပင် ကြည်လင်တောက်ပ လှပလွန်းနေသည်။ဒါကြောင့် အလွန်တရာပင် စိတ်ဝင်စား သူမရှိရာ လက်လှမ်းမိလိုက်တော့...

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now