သူ သူမကို စာပွဲလေးပေါ်ပင်တင်ထားကာ သူမမျက်နှာလေး သူ့လက်တွေနှင့် ညင်ညင်သာသာ ထိကိုင်ကြည့်နေရင်း တမြတ်တနိုး ငုံ့ကြည့်နေရသည်။
သူမကလည်း သူ့ မြတ်နိုးမော့ကြည့်လို့။ဒီလို အကြည့်လေးတွေ အမူအယာလေးတွေကြောင့် သူ့တစ်သက် တွေ့ခဲ့ဖူးသော မိန်းကလေးတွေက သူ့အတွက် အကုန်ခွေးချီးတွေ ဖြစ်သွားကြသည်။
အရင် ဟိုးငယ်ငယ်ထဲက သူမမျက်ဝန်းလေးထဲ ဒီလိုအကြည့်မျိုး ရှိခဲ့သည်။သူ့ကို အကိုတစ်ဦးလိုပင် လေးစား ခင်မင်သောအကြည့် နောက် ဒီ့ထက်ပို၍ သနားချစ်ခင် စာနာတတ်သော အကြည့်မျိုးလေးတွေ။သူက ဒီလိုအကြည့်မျိုး တစ်ခြားမိန်းမတွေထံမှ မရစဖူး။ထိုမိန်းမတွေထံမှ သူနှင့်ပတ်သတ်ပြီး သွေးသားဆန္ဒ လိုချင်တပ်မက်မှု့ တစ်မျိုးထဲနှင့်သာ သူ့ကြည့်သော အကြည့်တွေ ရခဲ့ဖူးသည်။မိန်းမတွေသာ ကွဲသွားလည်း အားလုံးတစ်ပုံစံထဲပင်။
သူ့ ပထမဆုံးရည်းစား ခင်နှင်းမှ စ နောက်ဆုံးအိပ်ခဲ့ဖူးသည့် နိုင်ငံခြားသူ ကောင်မလေးအထိပင်။သူ့အပေါ် ဒီလို ချစ်ခင်မြတ်နိုး တန်ဖိုးထားသော အကြည့်မျိုးလေးတွေက သူမတစ်ဦးထံမှသာ ရှိသည်။သူ့အတွက် တန်ဖိုးမဖြတ်နိုင်သော မျက်ဝန်းလေးတွေပင်။သူ မြတ်မြတ်နိုးနိုး ဒီမျက်ဝန်းလေးတွေမှစ အနမ်းပေးလာတော့ သူမက မျက်ဝန်းလေးတွေ မှေးမှိတ်လက်ခံလာသည်။သူ့လက်တစ်ဖက်က စာပွဲပေါ်တင်ထားသော သူမ ခါးကျဉ်းလေးရှိရာရောက်သွားပြီး သူမ ကိုယ်လုံးလေးပါ သူ့ထံဆွဲယူ မလွှတ်တမ်း နမ်းရှိုက်လာမိသည်။
လက်တစ်ဖက်ကိုတော့ သူမခေါင်းလုံးလုံးလေးမှာ ထိကပ်ထားပြီး သူ့အားကြောင့် သူမခေါင်းလေး နောက်လန်မကျသွားရန် ထိန်းထားရသည်။ပထမ တယုတယ နမ်းနေရာမှ သူ့အသက်ရှုသံက ကြမ်းလာပြီး အနမ်းတွေကလည်း အဆက်မပြတ်တော့။
သူက ဆက်တိုက် ထိကိုင်နမ်းရှုံ့လာနေတော့ သူမမှာ အသက်ရှုရန်ပင် ခက်ခဲလာသည်။ဒီ့အပြင် သူမက သူ့ကောင်းကောင်းပင် အနမ်းပြန်မပေးတတ်သေး။သူကြမ်းချင်နေပြီဖြစ်သော စိတ်ကို မနဲထိန်းချုပ်နေရပြီး သူမလေးကြည့်မိရသည်။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Fantastiquelove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။