အပိုင်း ၃၀

368 11 1
                                    

                        ဒါက အားနဲသူတွေအတွက် အကောင်းဆုံး တန်ပြန်တိုက်ကွက်ပေပဲလား ?
                ရှင်းလေး။သူမက မထင်မှတ်ပဲ တစ်ကယ်ပြည့်ဝနေသူလေးပင်။သူက အရင်ကတော့ သူမဘဝလေးကို သူနှင့်မတူ အလွန် တည်ငြိမ်အေးချမ်းသည်ဟု ထင်ခဲ့သည်။ခု တစ်ကယ်တန်းတော့ ထိုသို့မဟုတ်တာ နားလည်လာရသည်။
                 လောကဓံဆိုတာ မကောင်းဆိုးဝါးကြီး ဆိုလျှင် ထိုအရာက အပြစ်ကင်းသော ခလေးငယ်ကိုပင် ချန်လှပ်မထားနိုင်ပဲ ဒုက္ခပေးနိုင်​သော အရာကြီးဖြစ်ကြောင်း သူနားလည်လာရသည်။
                  သူမက ထိုလောကဓံတရားကို တခြားသူတွေလိုပင် သူမနည်း သူမဟန်နှင့် တန်ပြန်တိုက်ခိုက်နေရခြင်းသာ။ဒါကြောင့် လူတိုင်းမှာ ကိုယ်ပိုင်စစ်ပွဲတွေ ရှိသည်ဟု ဆိုကြခြင်းပင်။
                 ဘယ်လောက်ပင် စိတ်သဘောကောင်းပြီး အေးချမ်းသူလေးဖြစ်လည်း ထိုမကောင်းဆိုးဝါး၏ အရိပ်ထဲ သူမက လျှောက်လှမ်းနေရပြီး ထိုအရာလက်မှလည်း သူမမှာ ခုချိန်ထိ မလွတ်မြောက်နိုင်သေး။လွတ်လမ်းလည်း မမြင်ရသေး။

                       သူ သက်ပြင်းချပြီးပင် သူမအတွက် နွားနို့တစ်ခွက်ငှဲ့ယူလာကာ သူမတိုက်ရန် အခန်းရှေ့ရောက်လာခဲ့သည်။သူမက သူတို့အတွက် ညစာပြင်ပေးထားခဲ့လည်း ကိုယ်တိုင်တော့ စားခဲ့ဟန်မတူ။ဒါကြောင် အဆာမခံစေပဲ နွားနို့လေးတော့ သောက်အိပ်စေချင်သည်။
               ' ရှင်းလေး ကိုယ်ပါ။ဝင်လာခဲ့မယ်နော်။´
                တံခါးခေါက်ပြောလည်းဖြေသံမကြား၍ တံခါးဖွင့်ပြီးပင် ကြည့်လိုက်သည်။တစ်ချိန်လုံး အခန်းအောင်းနေသည် ထင်ရသူလေးက အခန်းထဲ မရှိ၍ အံ့ဩ တွေသွားရသည်။ရေချိုးခန်းထဲများ ဝင်နေရော့သလား တံခါးသွားဖွင့်ကြည့်လည်း မရှိ။သူ အလွန်ပျာသွားရသည်။

                   ညက ခုနှစ်နာရီကျော်လောက်ပင်ရှိသေးသည်။သူမက ဘယ်ရောက်သွားသည်လဲ။ဒီအချိန်တော့ သူမက အိပ်ပြီးယောင် လျှောက်သွားနေမည်ဟုတော့ မထင်။ဒါမှမဟုတ် အဲ့ဒီလိုများ လျှောက်သွားနေမည်လား။
                   သူ အလွန်စိတ်ပူ နွားနို့ဖန်ခွက် စာပွဲပေါ် ချထားခဲ့ပြီး ဇေကြီးရှိရာ အပြေးရောက်လာခဲ့ပြန်သည်။
                  ' ဇေကြီး ဟေ့ကောင်ဇေကြီး။´
                  'အေး ဝင်ခဲ့။´
                  အခန်းထဲ ဝင်လိုက်တော့ ဇေကြီးကို စာပွဲမှာပင်ထိုင် စာကြည့်နေဟန်ဖြင့်တွေ့လိုက်ရသည်။
                  သူ ပြူးတူးပြဲတဲနှင့်
                  'ရှင်းလေးမရှိပြန်ဖူးဟ။ငါ ခုနတင်သွားရှာလာတာ သူ့အခန်းထဲ မရှိတော့ဘူး။အိမ်ထဲ ဘယ်နေရာမှလည်း မတွေ့ခဲ့ဘူး။အပြင် ထွက်ရှာရတော့မယ်ထင်တယ်။´

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now