အဲ့ဒီတုန်းက သူမတို့အိမ် ငွေရေးကြေးရေး အဆင်မပြေဖြစ်ချိန် သူကလည်းပြန်ရောက်လာတော့ ဇေကြီးက အမွေကိစ္စတွေကြောင့် နယ်ကအိမ်လေး ရောင်းရတော့မည်ဟု ဝမ်းနဲစွာဆိုလာခဲ့သည်။
သူက ချက်ချင်းပင် သူဝယ်မည်ဆိုတော့ ဇေကြီးက ဝမ်းသာသွားပြီး ဦးနှင့်အတူပင် နယ်မှအိမ်အထိသွားကာ အရောင်းအဝယ်စာချုပ် လုပ်ခဲ့ကြသည်။နောက်ထိုမှာပင် ဇေကြီးတို့က တစ်ညအိပ်ကြသည်။သူတို့ အရောင်းအဝယ်ဖြစ်သွားပြီဖြစ်၍ စိတ်လက်ပေါ့ပါးသွားကြကာ ထိုညမှာပင် ရှေးဖြစ်နောက်ကြောင်းလေးတွေပြော အရက်လည်းသောက်ကြကာ ည ၉နာရီလောက် အိပ်ရာဝင်ကြသည်။
ဇေကြီးနှင့် ဦးတို့က အရင်ဇေကြီးအခန်းထဲ အိပ်ရာခင်းအိပ်ကြပြီး သူက စာကြည့်ခန်းထဲ အိပ်ရာခင်းအိပ်သည်။အရင် သူပြန်လာ ဒီအိမ်မှာနေတိုင်းလည်း ထိုစာကြည့်ခန်းလေးထဲမှာသာ သူကအိပ်သည်။
အိမ်က ဇေကြီးတို့ ရန်ကုန်ပြောင်းသွားကတည်းက အိမ်ထောင်ပစ္စည်း သိပ်မရှိတော့ပဲ လက်ကျန်ပစ္စည်း အဟောင်းလေး အနဲငယ်သာကျန်၍ အခန်းတွေက အရင်လိုမဟုတ် ဟာလာကြီးတွေဖြစ်နေသည်။
ဒါကြောင့်သူကပြန်လာတိုင်း သန့်ရှင်းရေး အနဲအကျဉ်းလုပ်ကိုင်ကာ အိပ်တော့ စာကြည့်ခန်းထဲ အိပ်ရာခင်းအိပ်ချင်းပင်။
သူက အိမ်ပိုင်ဖြစ်သွားလည်း ဦးနှင့်အန်တီတို့အခန်း ဒါမှမဟုတ် ဇေကြီးအခန်း နောက် သူမလေးရဲ့ အခန်းများကို သူ့အခန်းအဖြစ် မသုံးရက်။ဒါကြောင့် စာကြည့်ခန်းကိုပင် သူ့အိပ်ခန်းအဖြစ် အသုံးပြုခဲ့သည်။သူ ထိုည အတန်ပင်မူး ထွေနေကာ အိပ်ရာထဲရောက်သွားပြီး အိပ်ပျော်သွားပြီးကာမှ သူ့ရင်ခွင်ထဲ မကြုံစဖူး ထူးကဲသော အတွေ့အထိ နွေးနွေးလေးတစ်ခုကြောင့် လေးပင်နေသော မျက်လုံးတွေ အတန်ဖွင့်ကြည့်လိုက်ရသည်။
ပထမဆုံး သူနွေးလွန်း၍ ဖက်လုံးလေးမှတ် ရင်ခွင်ထဲ ဆွဲသွင်းထားမိသော အရာလေးကို မှုံဝါးဝါးမြင်လိုက်ရသည်။
ကောင်မလေးတစ်ယောက် !?
..ဟ ! ငါ့အိပ်ရာထဲ ဘယ်က ကောင်မလေး ရောက်နေတာလဲ လန့်တွန်းဖယ်ရန် ပြင်မိပြီးမှ သေချာကြည့်မိတော့ သူမလေး !!
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Siêu nhiênlove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။