အပိုင်း ၂၄

324 10 0
                                    


                           သူ အတန်ပင် အံ့ဩနေရသည်။အကြောင်းက သူမလေးက အိပ်ရာမှ ထလာတာ လုံးဝအမှတ်မရတော့။
                      အမှန်တော့ သူမက နေ့လယ်နေ့ခင်း တစ်ရေးတစ်မောဝင်အိပ်ပြီး ညနေစောင်းနေလည်း အခန်းထဲက မထွက်။ဒါကြောင့် သူက အပြင်မှပြန်ရောက်လာတော့ ဦးကိုမေးကြည့်တော့ ဦးက တစ်ခါတစ်လေ သူမက ဒီလိုပင် ပင်ပန်းလျှင်အိပ်တတ်သည်ဆို၍ စိတ်လျှော့လိုက်ရသည်။
                       အမှန်တော့ သူ သူမလေးအတွက် စိတ်ပူနေသည်။မနက်ကလည်း ညီမဝမ်းကွဲနှင့်တွေ့လာကာ အပြောခံခဲ့ရသည်များကြောင့် သူမမှာ စိတ်မချမ်းသာတာများလား။ဒါကြောင့် အပြင်မှပြန်လာတော့ သူမအကြိုက် ချောကလက် Ice cream ပင် တစ်ကူးတစ်က ဝင်ဝယ်လာခဲ့သေးသည်။
                       သူမ နိုးလာတော့မှကျွေးရန် freezer ထဲမှာပင် ထည့်သိမ်းထားလိုက်ရသည်။ဒါပေမဲ့ ညနေ သူတို့ထမင်းစားချိန်ရောက်သည်အထိ သူမက နိုးမလာခဲ့။
                        သူ တပီပီညှောင်နေ၍ ဇေကြီးက သူမအိပ်ခန်းထဲပင် သော့တူနှင့်ဖွင့် ဝင်ကြည့်ရတော့ အိပ်နေသည်တွေ့ စိတ်အေးသွားသည်။ဇေကြီးက ညီမဖြစ်သူ ကိုယ်ပူတွေဘာတွေ စမ်းကြည့်ပြီး မရှိမှ စိတ်အေးကာ ထွက်လာကြတော့
                     'အိပ်နေတာပါကွာ။ဒါပေမဲ့ မင်းတို့ တစ်ခုခုများဖြစ်..'
                     'ဘာမှမဖြစ်ပါဖူးကွ။မင်းကလည်း ထစ်ခနဲဆို ဒါပဲ။'
                    'ဪ ငါက ရန်တွေဘာတွေများဖြစ်ကြသလား မေးမလို့ပါကွာ။'
                    'ဘာလို့ဖြစ်ရမှာလဲ ? ငါက မင်းညီမလေးကို ငါ့ကိုယ်ငါထက်တောင် ပိုချစ်သေးတယ်။'
                      သူ့အဖြေကြောင့် ဇေကြီးက ရယ်ကျဲကျဲဖြင့်
                    'အေးပါကွာ အေးပါ။မင်းက ငါ့ညီမလေးကို ငါ့ထက်ချစ်တာလည်းသိထားပါတယ်။ငါလည်း မင်းတို့ရန်ဖြစ်မယ်လို့လည်း ထင်မထားပါဘူး။ဒါပေမဲ့ ညီမလေးက တစ်ခါတစ်လေ သူ စိတ်မချမ်းသာတာများရှိလို့က ဒီလို အိပ်ရာထဲ ဝင်ခွေနေရောပဲ။ဒါကြောင့် ဖြစ်လိုဖြစ်ငြား မေးမိတာပါ။
                     ... မနက်က ဈေးဝယ်ထွက်လိုက်တာ တော်တော်ပင်ပန်းသွားလို့ပဲနေမှာပါ။လာပါကွာ သူ အချိန်တန်တော့ ထလာပြီး ညစာ စားပါလိမ့်မယ်။
                   ဒါနဲ့ မင်း ငါ့ Ice cream ကျွေးဖို့များအစီစဉ်မရှိတော့ဘူးလား။ Freezer ထဲ ထည့်ထားတာတွေ ငါတွေ့တယ်။ညီမလေးဖို့ပဲလား။ ငါလည်း ကြိုက်တတ်ပါတယ်နော်။'
                    ဟု အနားလိုက်ကာ စကားနာတွေထိုး တမင်စနေလေတော့ သူ စိတ်ပျက်မိရရင်း
                     ' ခွေးကောင် မင်းက ကလေးလား။' ဟုပင် ဆဲလိုက်ရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now