အပိုင်း ၂၂

353 9 0
                                    

                       အမှန်တော့ ဇေကြီးက လွယ်တဲ့ကောင်မဟုတ်။သူ လိုချင်တာ လုပ်ချင်တာများရှိလို့ကတော့ တစိုက်မတ်မတ်ပင်။မဖြစ် ဖြစ်အောင် စီစဉ်တတ် လုပ်တတ်သူ ဖြစ်သည်။ဒီလိုနှင့် သူ ဆရာဝန် ဖြစ်လာချင်းပင်။ဆရာဝန်လိုင်းသာ အမှတ်မမှီခဲ့ပါက ဒီကောင်ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံသွားနိုင်သည်။တကယ့် အရူးလိုပင်။
                       သူအတန်ပင် အခန်းထဲဝင် စဉ်းစားဆင်ခြင်ရပြီး ပြန်ထွက်လာတော့
                     ' ဟော ရှင်းဆက်ရေ။ဦး မင်းညီမကို ဈေးလိုက်ပို့တော့မလို့။မင်းလည်း ဒီနေ့ အပြင်သွားမှာမဟုတ်လား။
                ရော့ ဒီမှာ အိမ်သော့ တစ်တွဲယူထား။သွားရင် ကိုယ့်ဟာကိုယ် အိမ်သော့ခပ်ပြီးထွက်ပေါ့။´
               သူက သော့ယူပြီးပင် ' ဦးတို့က ဈေးမှာကြာမှာလား ?´
              'နဲနဲတော့ကြာမှာပေါ့ မင်းညီမက ၃ရက်စာလောက် ဝယ်ရမှာဆိုတော့လေ။´
              'ဪ ဟုတ်ကဲ့။ဒါဆို သားထွက်ရင် အိမ်သော့ သေချာခတ်ပြီး ထွက်ပါမယ်။ပြူတင်းပေါက်တွေလည်း သေချာစစ် ပိတ်ပေးခဲ့ပါမယ်။´
              'အေး အေး။´

                    ဦးက သော့ပေးပြီး ကားထုတ်ရန် ဂိုဒေါင်ဖွင့် စက်နှိုးတော့

               ...ဂျစ်ဂျစ် ဂျစ်ဂျစ် . ဂျစ်ဂျစ် ဂျစ်ဂျစ်...ဂျစ်.

                   ထွက်လာသော အသံတွေကြောင့် စိတ်ညစ်သွားသည်။
                   သူမကလည်း ပြင်ဆင် ဈေးခြင်းတောင်းလေးဆွဲ ထွက်လာတော့
                   ' သမီးရေ ခဏနေဦး။ battery ထပ် down သွားပြန်ပြီနဲ့တူတယ်။ဒီကားစုတ်ကတော့ကွာ...´
                   ဖြစ်နေကျ ဖြစ်ပုံရသည်။သူမလေးက ဘာမျှမပြောလည်း သက်ပြင်းချပြီး အိမ်ရှေ့ခုံလေးမှာပင် အဖေဖြစ်သူက ကားစက် ပြန်နှိုးနိုင်ဖို့အရေး ချွေးသန်တရွှဲရွှဲ ကြိုးစားနေပုံ လှမ်းကြည့်နေကာ စိတ်လေးလည်း အတော်လေးဆွဲဆန့် ထိုင်စောင့်နေပုံလေးက သူ့ကို တထူးတခြား အချစ်ပိုမိရစေသည်။

                 ' ဦး မရနိုင်တော့ဘူးနဲ့တူတယ်။ကျွန်တော် work shop က စက်ပြင် သူငယ်ချင်းတစ်ယောက်ကို လှမ်းဆက်ခေါ်လိုက်မယ်။ကားစက်ပြန်နှိုးနိုင်လည်း ကားကို သူနဲ့ထည့်လိုက်ပြီး သေချာပြင်လိုက်ပေါ့။ကျွန်တော်က ရှင်းလေး ဈေးလိုက်ပို့ပေးလိုက်မယ်။´
                'အေး အဲ့ဒီလိုပဲ လုပ်ရင်ကောင်းမလား။နေမြင့်လို့ ဈေးကွဲသွားရင် သမီးလည်း ဘာမှ မဝယ်လိုက်ရပဲ ဖြစ်သွားလိမ့်မယ်။အေး မင်းပဲ လိုက်ပို့လိုက်တော့ကွာ ရှင်းဆက်ရာ။´
                 ဟု ဆိုလိုက်လေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now