အပိုင်း ၂၀

478 10 0
                                    

                            ဆယ်တန်းစာမေးပွဲအောင်သွားတော့ သူက အဝေးသင် ပညာရေး ယူလိုက်ပြီး ကစားသမားလောကထဲ ခြေစုံပစ်ဝင်လိုက်သည်။ ဇေကြီးကတော့ ဆေးလိုင်းရသွား၍ ရန်ကုန်က အဖိုးအဖွားအိမ်မှာပင်နေ ဆေးကျောင်းစတက်သည်။သူတို့ အဲ့ဒီကစ နဲနဲအနေဝေးသွားကြသည်။ဒါပေမဲ့ အသွားအလာ အဆက်အသွယ်ကတော့ရှိသေးသည်။
                        တခြားမဟုတ်တောင် ဇေကြီးကျောင်းပိတ်ရက် အိမ်ပြန်လာသည့်နေ့တွေဆို သူက အဲ့ဒီအိမ်မှာပင်။ရှင်းလေးကတော့ နဲနဲကြီးလာ၍ သူနှင့် နဲနဲအနေ စိမ်းသွားသည်။ဘာပဲဖြစ်ဖြစ် သူနှင့်က သွေးမတော် သားမစပ်ဖြစ်၍ အန်တီက ရှင်းလေးကို ဆိုဆုံးမထားပုံရသည်။ဒါကြောင့်ကလေးမလေးက သူလာလျင် မရဲတရဲလေးနှင့်။ဒါပေမဲ့ သူ့ အရင်လိုတော့ ခင်ရှာပုံပင်။
                       သူက ဒီလိုဖြစ်လို့ အန်တီ့အပြစ်မမြင်ပါ။ခေတ်ကာလကြီးက ဆုတ်ကပ်ကြီးဖြစ်နေပြီဖြစ်၍ ဒီလိုပင် ကျော်မကောင်း ကြားမကောင်းတွေ မဖြစ်အောင် အမေဖြစ်သူက ထိန်းသိမ်းပေးရပေလိမ့်မည်။သူလည်း ရှင်းလေး မိန်းမကောင်းလေး အဖြစ် ကြီးပြင်းလာတာ မြင်ချင်သည်။

                        သူက ရှင်းလေးကို သူနည်းသူ့ဟန်နှင့်စောင့်ရှောက်သည်။ ရှင်းလေးအတန်းမှ တစ်ချို့ကလေးတွေက သူ၏ မျက်စိတွေ နားတွေပင်။ဒါပေမဲ့ ရှင်းလေးက အတော်ကံကောင်းပါသည်။ဆရာ ဆရာမတွေ၏ ချစ်ခြင်းကိုရပြီး အတန်းဖော်တွေကလည်း သူမ ချစ်ခင်ကြသည်။ဒါပေမဲ့ ရှင်းလေးက ချူချာသည်။
                      ခဏခဏဖျားတတ်ပြီး လူလေးက ပိုးဟပ်ဖြူလေးကျနေသည်။ဒါကြောင့် အန်တီက ဇေကြီးလို သူမ စာလုပ်ဖို့ အတင်းမတိုက်တွန်း။တစ်နှစ်တစ်တန်းအောင်ဖို့ပင် ရည်ရွယ်ချက်ထားပြီး အထိုးအချုပ် အိမ်တွင်းမှု့ လက်မှု့ပညာ၊ စာပေ ပန်းချီ ဂီတ အနုပညာများသာ လေ့လာလိုက်စားစေသည်။

                               သူမဘဝက အေးချမ်းသည်။ကျန်းမာရေးမကောင်းတာကလွဲ ဘာအပူအပင် သောကမှ မကြုံတွေ့ရသော သူလေးပင်။ သူကတော့ ဆန့်ကျင်ဖက် ဘဝက ပင်ပန်းသည်။ အဝေးသင် ပညာရေးယူထား၍ စာသိပ်မလုပ်ရတော့သော်လည်း အားကစားအတွက် training က အပြည့်ပင်။
                    ပိုက်ဆံမရှိ၍ ဝင်ငွေရရန် အချိန်ပိုင်းအလုပ်မျိုးစုံလည်း လှည့်လုပ်ခဲ့ရသေးသည်။အဖေဖြစ်သူနှင့် ပတ်သတ်ပြီး ပြဿနာတွေကလည်း ဒုနှင့်ဒေးပင်။သူ့အတွက် အရက်သမား လုံးလုံးဖြစ်နေပြီး အရင်က ပေပေတေတေနေခဲ့၍ ခန္ဓာကိုယ်နေရာလပ်မကျန် အကောင်းမရှိတော့သော အဖေလုပ်သူက ဝန်ထုပ်ဝန်ပိုးကြီးပင်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now