အပိုင်း ၂၆

347 10 1
                                    

                              သူ ပြင်ဆင်ဝတ်စားပြီး ထွက်လာသော သူမလေးကြည့် မျက်နှာက ပြုံးယောင်သန်းလာသည်။
                       သူမက ဒူးလောက်ထိရှည်သော မှိုပွင့်ပုံ ဂါဝန်တိုလေးကို အောက်မှာတော့ stocking အရှည်နှင့် တွဲဖက်ဝတ်ဆင်လာပြီး ပိုက်ဆံအိတ်လေးတစ်လုံးကိုလည်း စလွယ်သိုင်း လွယ်လာ လိုက်သေးသည်။
                       ဒါ သူမ မိုင်ကုန်ပြင်ဆင်လာခြင်းလည်း ဖြစ်နိုင်သည်။
                     မျက်နှာမှာတော့ မိတ်ကပ်ပါးပါးလေးလိမ်းထားပြီး နှုတ်ခမ်းဆိုးဆေး ပါးပါးလေးလည်း တင်ထား၍ အရင်လို မျက်နှာပြောင်နှင့်တော့ မဟုတ်။ဒီလိုလေးပြင်ထားတာပင် သူ့အတွက်တော့ အနဲငယ် အသစ်အဆန်းဖြစ်သွား၍ ငေးတော့ကြည့်မိသွားသည်။
                    ' ရပြီလား ကိုကြီး။´
                     သူမ အမေးစကားကြောင့် သူလည်း ပြုံးတုံ့တုံ့ ခေါင်းညိတ်ပြီးပင်
                    ' ရပါပြီဗျာ။သွားကြရအောင်။´
                       ဒီလို မပြောလို့လည်းမဖြစ်။သူနှင့်သွားဖို့ ပြင်နေတာ နေ့ဝက်ကျိုးသွားပြီ။

                        သူမ ကားပေါ်တက်တော့ သူက သူမဘက်ကိုင်း သိုင်းကြိုးတတ်ပေးရင်းပင်
                    ' မနေ့က ရှင်းလေး ဈေးထဲမှာ ကိုယ့် ရှင်းရဲ့ Body guard လို့ အဒေါ်ကြီးတွေရှေ့ ပြောခဲ့တာ မှတ်မိသေးတယ် မဟုတ်လား ?´
                    'ဟင် ဪ ဟုတ်။ ရှင်း စ'ပြီး ပြောခဲ့တယ်လေ..´
                    'ဒီနေ့ ကိုယ်က ရှင်းကို ကိုယ့်ရည်းစားလို့ ကိုယ့်လူတွေရှေ့ပြောရင် ရမလား ?´
                    'ဟင် ! ဒါတော့..´
                    'ရှင်းကကျ ကိုယ့်ပြောချင်တာ ပြောလို့ရပြီး ကိုယ်ကကျ ပြောလို့မရဘူး ဒီလိုသဘောလား ?´
                    'ဟင် အဲ့ဒီလိုတော့ မဟုတ်ပေမဲ့ ရှင်းက အဒေါ်ကြီးတွေကို body guard လို့ပဲ ပြောခဲ့တာလေ။ကျန်တာကတော့ သူတို့ဟာ သူတို့ ချဲ့ကား..´
                    ' ဒါဆိုမရဘူးလား ?´
                    သူပြောတော့ သူမလေးက သူ့မျက်နှာရိပ်ကြည့်ကာ
                   'ပြောလို့တော့ရပါတယ်။ရှင်းက..ရှင်းကြောင့် ကိုကြီးရှင်း ..´
                   'ရပြီ ဒီလိုဆို။ဟိုရောက်ရင် ကိုယ့်  senior နဲ့ junior တွေရှေ့ မျက်နှာတော့မဖျက်နဲ့။´
                    'ဟင် !?´

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now