အပိုင်း ၃၉

185 12 1
                                    

                      ...ဂျင် ..ဂျင် ..ဂျင်..
     
                     အသံက တိုပြတ်နေလည်း ပုံမှန်လည်နေသော ဒီအသံ။စက်ကရိယာတစ်ခု ပုံမှန်လည်ပတ်နေ၍ ထွက်လာသော အသံမျိုးပင်။
               ထိုအသံက ဝင်္ကပါထဲရှိ camp တဲလေးထဲ တစ်ပင်တစ်ပန်း အိပ်ပျော်နေရှာသော မိန်းကလေးကို အနှောက်အယှက်ကြီး ဖြစ်လာစေသည်။
                သူမက အသံကြောင့် နိုးထချင်နေလည်း မျက်လုံးများက မဖွင့်နိုင်ရှာ။
                သူမ ခန္ဓာကိုယ်အနှံ့မှာလည်း စုန်းကိုက်ထားသလို အစိမ်းရောင်အကွက်လေးတွေ များစွာဖြင့်...
                သူမ ညဝတ်အင်္ကျီ ဂါဝန်လေးကလည်း တစ်ချို့နေရာတွေတွင် စုတ်ပြဲလို့....
                သူမက ဒီပြန်ရောက်လာဖို့အရေး အများကြီး ပင်ပန်းလာခဲ့ရသည်။
                အကြောင်းက သူမအိမ်မှာ ဘယ်သူမျှမရှိ ဘယ်သူမျှလည်း ခေါ်နှိုးလို့ မရတော့တာကြောင့် မတတ်နိုင်သည့်အဆုံး ခြံပြင်ထွက်လာခဲ့လိုက်မိသည်။အဲ့ဒါကလည်း သူမအတွက် အမှားကြီး မှားသွားခဲ့ခြင်းဖြစ်သည်။
                 ဘာပဲဖြစ်ဖြစ် သူမ ကိုယ့်အိမ်ခြံဝင်းလေး ထဲ၌သာ နေခဲ့သင့်သည်။ဘယ်နေရာမှ ထွက်မလာခဲ့သင့်။

                  သူမအပြင်ရောက်လာသည်။လမ်းပေါ်မှာလည်း ကားအသွားအလာ လုံးဝမတွေ့။လူအသွားအလာကလည်း ဝေလာပင်ဝေးလို့။ရပ်ကွက်ထဲ လူမပြောနှင့် ခွေးတစ်ကောင် ကြောင်တစ်မှီးမှ မရှိတော့သလို အားလုံးတိတ်ဆိတ်နေသည်။
               ဘယ်လိုဖြစ်တာလဲ ? ငါတို့တစ်ရပ်ကွက်လုံးက လူတွေ အိပ်နေကြတုန်းပဲလား ? မနက် အလင်းရောင်ကလည်း ခုထိ အရုဏ်ဦး အလင်းရောင်လေးပဲလား ? နေမင်းကြီးက ဒီနေ့အတွက် မထွက်ပေါ်လာတော့ဘူးလား ?
               တစ်ယောက်ထဲ မျိုးစုံတွေးလိုက်မိသည်။ဟုတ်သည်လေ သူမ ဖေကြီး ကိုကြီးနှင့် သူ့ပင် မတွေ့၍ အိမ်နှင့်ခြံဝင်းအတွင်း ပတ်ရှာနေတာ တစ်နာရီပင် မကနိုင်တော့။ဒါကြောင့် ဒီအချိန်နေက ထွက်ပြူသင့်နေပြီ။ဒါမှမဟုတ် အချိန်အခါမဟုတ် မိုးအုံ့နေလို့ပဲလား ?
                သူမ ခေါင်းမော့ကြည့်လိုက်မိသည်။တစ်ထူးတစ်ခြားပင် သူမခေါင်းပေါ်က ကောင်းကင်ပြာကြီး မဟုတ်တော့ပါလား။ရုတ်ခြည်း ခေါင်းနားပန်းကြီးသွားရသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now