အပိုင်း ၄၄

205 9 3
                                    

        🔞

                     စာအုပ်စင်တန်းကြီးက သူမ ဝင်လိုက်ကာမှ တစ်နံတစ်လျား ပိုရှည်သွားသလို ခံစားလိုက်ရသည်။သူမဘေး တစ်ဖက်တစ်ချက် အစီအရီတင်ထားသော အချစ်ဝတ္တု စာအုပ်တွေကလည်း အများကြီး။ပထမ သူမ သူ့စာအုပ် ဘယ်လိုရှာရတော့မလဲ တွေးအခက်ပင်တွေ့သွားတော့သည်။
                  အရင်က သူပြောဖူးခဲ့တာရှိသည်။သူက အသက် ၁၈နှစ်လောက်က စာရေးသူတစ်ယောက် ဖြစ်ချင်၍ ဝတ္တုတစ်ပုဒ် စရေးခဲ့သည်။ထို ဝတ္တုထဲမှ ဇာတ်ကောင်မင်းသမီးလေးက သူမနှင့်ဆင်တူသတဲ့။
                  သူက ဒီဝင်္ကပါထဲ သူမနှင့် ချစ်ရည်လူးနေစဉ် မေးခဲ့သည် ..
                 '..မင်း ငါ့ရဲ့ ဇာတ်ကောင်မလေး ဖြစ်ချင်သလား ? ´ တဲ့။
                 သူမကလည်း သူနှင့် ချစ်ဆိပ်တက်နေရင်း ပြန်ဖြေခဲ့သည် ..
                 '..ရှင့်ရဲ့ ဇာတ်ကောင်မလေး အမြဲဖြစ်ချင်တယ်´ ဟု။
                     အဲ့ဒီမှာတင် သူမက သူ့ဝတ္တုစာအုပ်ထဲ ရောက်မှန်းမသိ ဝင်ရောက်သွားတော့သည်။

                    ထိုအထဲမှ မိသားစုလေးပင် သူမ မိသားစုလို့ထင်၊ထိုမှာကြုံတွေ့နေရသော ဇာတ်ကောင်မင်းသမီးလေး၏ ဘဝကိုလည်း သူမဘဝလို့ထင်၊ သူမကို ငယ်စဉ်ထဲက အပျောက်မခံနိုင် အချစ်ကြီး ချစ်နေသော ဇာတ်ကောင် မင်းသားကိုလည်း သူလို့ထင် အပျော်ကြီးပျော်နေခဲ့သည်။
               ထိုအထဲ သူမ တွေ့ကြုံနေရသည့် သူမကိုရက်စက်နေသည်ဆိုသော လောကဒဏ်တရားကြီးကိုလည်း မကြောက်၊ဇာတ်လမ်းသဘာဝအတိုင်း သူမမှာ ဖြစ်ပေါ်ခံစားနေရသော နာကျင်မှု့ ဝေဒနာတွေကိုလည်း မကြောက်၊သူနှင့်အတူဆို အားလုံးခံစား ကျော်လွှားသွားနိုင်သည်ဟု ယုံကြည်မှု့ရှိနေခဲ့သည်။

                နောက် ထိုဇာတ်လမ်းလေးထဲပါနေသော သူမ၏ အဖေနှင့်အကို..
                သူတို့ကိုလည်း သူမ အလွန်ချစ်သည်။အကိုကြီးဆိုလျင် အပြင်မှာ နှစ်ယောက်မရှိနိုင်သော ရှားမှ ရှားအကိုမျိုးပင်။သူမ သူတို့ကို ပြန်ရှာတွေ့ချင်သည်။
                 ဘယ်လိုပင် ထိုဇာတ်လမ်းထဲ သူမကို ဗလိုင်းထိခိုက်စော်ကားနေကြသော Villain တွေပဲပါနေနေ ထိုအထဲ ပြန်သွားလိုသေးသည်။သူမက ထို villain တွေထက် သူမ ဘာပြောပြော ဘာလုပ်လုပ် သဲသဲလှုပ် ချစ်နေကြသော အရံတွေကိုလည်း ချစ်သည်။သူတို့နှင့်လည်း ပြန်တွေ့ဆုံချင်သေးသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now