အပိုင်း ၄၁

196 10 2
                                    

      🔞

                    သူမတို့ရှေ့ရှိ အတွဲကပျောက်ကွယ်သွားပြီး သူနှင့်သူမသာ အိမ်အတွင်း ထီးထီးကျန်နေခဲ့ကာ သူက သူမချီပွေ့ ခေါ်ဆောင်လာသော မီးဖိုခန်းလေးထဲ ရောက်ရှိသွားသည်။
                   သူက သူမပင် ထမင်းစာပွဲပေါ်တင်လျက် နမ်းရှိုက်လာတော့ သူမ ဘယ်လို လုပ်ရတော့မည်မသိတော့စွာ မီးဖိုခန်းထဲပင် မလုံမလဲ ကြည့်မိလိုက်သည်။
                  မီးဖိုခန်းမပြောနှင် တစ်အိမ်လုံးက သူမ အရုဏ်တက်ချိန် ထွက်လာစဉ်ကလို မည်သူမျှ ရှိမနေတော့ပဲ အလင်းက ဖျော့ဖျော့ပင်ရှိ အေးစက်နေကာ နံဘေး မြူတွေပင် ရစ်သိုင်းနေသည်။
                  သူမ ဒီ ထူးထူးဆန်းဆန်း ခံစားချက်ကြီးကို ကြောက်သည်။
                  မျက်လှည့်ဆရာလေးကလည်း သူမပင် အတင်းထိကပ် ဖိကပ်နမ်းနေတော့ သူမမှာ သူ့အနမ်းတွေအောက် အလူးအလိမ့်။

                  ရွှီ.......

                 ထိုအချိန် မီးဖိုပေါ် gus မဖွင့် မီးမရှိပါပဲ ရေနွေးအိုးက ထဆူနေတော့ သူမအသည်းနှလုံးတွေပင် ပြုတ်ထွက်တော့မလို လန့်တုန်သွားသည်။
                 '..မျက်လှည့်ဆရာလေး !?´
                 သူမ ကြောက်ရွံ့ရွံ့ခေါ်မိတော့ သူက သူမ စိတ်ခံစားချက်သိ
                'မကြောက်နဲ့အမ။ ကျွန်တော်တို့က dimension တစ်ခုထဲရောက်နေကြတာ။ဘာမှ ကြောက်နေစရာ မလိုဘူးနော်။´
                   သူက သူ့လိုပင် သူမချော့ပြောလာခဲ့သည်။သူမ အရင်က သူနှင့်ဖြစ်ခဲ့သည်များပင် မျက်လှည့်ဆရာလေးနှင့် ဖြစ်ခဲ့သလို ခံစားလာရသည်။

                   ..ဒါက ဘယ်လောက် ရူးလိုက်စရာ ကောင်းသည့် ခံစားချက်မျိုးကြီးများလဲ ?
                   သူမ မသိနိုင်တော့။မျက်လှည့်
ဆရာလေးကလည်း အရင်က ပုံအမျိုးမျိုး ပြောင်းနိုင်သည်၊အသံတုလည်း မျိုးစုံ လုပ်နိုင်သည် ဆိုထားတော့ မခက်ဖူးလား ?
                   သူမတွေးရင်း သူ့ပင် အတော်ကြောက်ရွံ့လာရသည်။မျက်လှည့်ဆရာလေးက မကောင်းဆိုးဝါးဆိုလျင် သူက အားလုံးထက် ဆိုးယုတ်သော မကောင်းဆိုးဝါး ဘုရင်ပင် ဖြစ်နိုင်နေသည်။ဒါဆို သူမ ဘယ်လိုများလုပ်ရပါ့။သူမ ရှေ့ဆက်မတွေးတတ် ဖြစ်သွားရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now