အပိုင်း ၃၄

327 10 2
                                    

                       ' Shinn မင်း အမှားကြီးကြီးလုပ်လိုက်မိတာပဲ။ဒါပေမဲ့ မင်းအပြစ်တော့ လည်း မဆိုသာပါဘူး။ဘယ်သူမဆိုမင်းနေရာမှာ ရှိနေရင် ဒီလိုပဲ လုပ်မိလိုက်နိုင်လို့လေ။ဒါပေမဲ့ အဲ့ဒါကြောင့် မင်း သူ့အပေါ် အကြွေးကြီးတင်သွားမိပြီ။
                  မင်းက ငါတို့ ruwandaလူမျိုး အကြီးအကဲတစ်ချို့နဲ့တူတယ်။မင်းသိတဲ့အတိုင်း ငါတို့ ruwandaလူမျိုးအကြီးအကဲတွေအတွက် အလိုအပ်ဆုံးက စိတ်ဝိညာဉ်ခွန်အားပဲ။သူက အဲ့ဒါရှိမှ သူ့မျိုးနွယ်စုကိုစောင့်ရှောက်မှု့ပေးနိုင်ပြီး လမ်းညွှန်မှု့တွေလုပ်ပေးနိုင်တယ်။
                   ဒါပေမဲ့ တစ်ခါတစ်လေ အဲ့ဒီလောက်ကြီးလေးတဲ့ဝန်ကို မထမ်းရွက်နိုင်တဲ့ လူမျိုးတွေရှိတယ်။ပြောရရင် အကြီးအကဲအဖြစ်မွေးဖွားလာလည်း စိတ်ဝိညာဉ်က အကြီးအကဲဖြစ်ဖို့လောက်ထိ အင်အားမရှိတဲ့လူတွေပေါ့။
                    အဲ့ဒီအချိန် ငါတို့ ruwandaလူမျိုး အသက်အရွယ် ကြီးရင့်နေတဲ့ သူတွေက သူ့အတွက် သမီးပျိုတစ်ဦး ရှာဖွေပေးရတယ်။ virgin, တို့ထိခံရဖူးချင်း အလျှင်း မရှိသေးတဲ့ သူပေါ့။ တစ်ခါတစ်လေ မိန်းကလေးက ၁၂၊၁၃ အရွယ်လောက်ထဲက သူ့အတွက်အမှု့ထမ်းပေးရတယ်။
                   အဲ့ဒီမိန်းကလေးက သူ့ရဲ့စိတ်ဝိညာဉ်ကိုယ်လုပ်တော်အဖြစ် သူမဘဝကို သူ့အတွက်ပေးဆပ်ထားရတယ်။တခြားယောင်္ကျား ယူခွင့်မရှိဘူး။ ဒီလို မိန်းကလေးမျိုး ချမ်းသာတဲ့ အိမ်တစ်ချို့မှာ တမင် ထားထားတတ်တာ ငါ တွေ့ခဲ့ဖူးတယ်။
                     အဲ့ဒီအိမ်ရဲ့ အိမ်ဦးနတ်က ruwanda အကြီးအကဲလို အဲ့မိန်းကလေးရဲ့ စိတ်ဝိညာဉ်ကို စားသုံးပြီး စိတ်ခွန်အားတွေ တိုးတက်လာတာပေါ့။နောက်ထပ် ပိုပြီး အဲ့ဒီမိန်းကလေးရဲ့ တည်ရှိမှု့က အဲ့ဒီအိမ်ကို ရောက်လာနိုင်တဲ့ ဒါမှမဟုတ် ပို့လွှတ်လိုက်တဲ့ မကောင်းမှု့တွေအတွက် ကြားခံ တည်ရှိမှု့တစ်ခုလို ဖြစ်လာတာပဲ။
                      မကောင်းတာမှန်သမျှ အဲ့မိန်းကလေးက ကိုယ်စားခံပေးနေရပြီး သူက သက်ရှိ လူသားယာဇ်ကောင်လို အပူဇော်ခံထားရတယ်။အဲ့ဒီအိမ်အတွက် စတေးခံ စိတ်ဝိညာဉ်တစ်ခုလိုမျိုးပေါ့။ဒီလိုမျိုး တစ်ချို့ လောဘအရမ်းကြီးတဲ့ မိန်းမတွေရှိတဲ့ အိမ်မျိုးတွေမှာတွေ့ရတတ်တာ။
                       ဒါကြောင့် ကိုယ့်သမီးပျိုလေးကို ချစ်တယ်၊ သမီးရင်းလို မွေးစားထားချင်တယ် ပြောပြီး ချမ်းသာတဲ့အိမ်တွေက တောင်းရင် လွယ်လွယ်မပေးသင့်ဘူး။
                     အဲ့ဒီအိမ်ရဲ့မိန်းမက ချမ်းသာသည်ထက် ပိုချမ်းသာချင်တော့ ကိုယ့်ယောင်္ကျားကို အဲ့ဒီမိန်းကလေးနဲ့ စိတ်ဝိညာဉ်ချင်း ပေါင်းသင်းမိအောင် အောက်လမ်းနည်းတွေသုံး အစီအရင်တွေ လုပ်တတ်တယ်။နောက် အဲ့ဒီမိန်းကလေးကိုပဲ သူက မနာလို နှိပ်စက်မှု့တွေလည်း လုပ်လာတတ်တယ်။
                     ငါတို့ ruwandaလူမျိုး အကြီးအကဲတွေက မိန်းကလေးဆီက မြင့်မြတ်တဲ့ စိတ်ဝိညာဉ်ခွန်အားပဲယူတာ။မိန်းကလေးကိုလည်း အသက်ရှင်စဉ် နတ်ဘုရားမလေး တစ်ပါးလိုပဲ ချီးမြှောက်ထားတာ။သူတို့လို နှိမ့်ချမထားဘူး။
                    တကယ်လို့ သူမက သူမဆီရောက်လာတဲ့ မကောင်းတာတွေ အောင်နိုင်သွားပြီး အသက်ရှင်ခွင့်များရသွားရင် အရမ်းအစွမ်းထက်တဲ့ အကြားအမြင်ရသူ ဖြစ်လာမှာ။ဒါပေမဲ့ ဒါက အယောက် ၁၀၀မှာမှ တစ်ယောက်လောက်ပဲ။
                    ဒီနည်းစနစ်ကို အသုံးပြုပြီး သာမန်လူတွေက သူတို့ကိုယ်သူတို့ ချမ်းသာအောင်ပြုတတ်တာ တွေ့ရတော့ ငါတော်တော် အံ့ဩမိတယ်။ သူတို့ကနောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိတာပဲလား ဒါမှမဟုတ် နောင်ခါလာ နောင်ဈေးဆိုပြီး ပေါ့ပေါ့သဘောပိုက်ကြသလားပဲ။တကယ်တော့ ဒါက တော်တော် အပြစ်ကြီးတဲ့ လုပ်ရပ်ပဲ။
                     အကြီးအကဲ​ ဒါမှမဟုတ် အိမ်တစ်အိမ်ရဲ့ အိမ်ဦးနတ်က သူမကြောင့်စိတ်ဝိညာဉ်ခွန်အားကြီးမား လုပ်သမျှအောင်မြင်ပြီး ကြွယ်ဝချမ်းသာလာလည်း သူမက တစ်စတစ်စ အားပျော့လာတယ်။အယောက် ၁၀၀မှာ ၁ယောက်လောက်ပဲ ဒီကံကြမ္မာဆိုးကိုကျော်ဖြတ်နိုင်ပြီး အကြားအမြင်ရသူ ဖြစ်လာတယ်။ကျန် ၉၉ ယောက်က တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကြရတယ်။´
                     'ဟင် !´
                     'Shinn မင်းရဲ့ မိန်းကလေးက ခု အသက်ဘယ်လောက်ရှိနေပြီလဲ။´
                    '၂၀၊၂၁ လောက်ပေါ့။´
                    'အဲ့ဒါဆို သူနေဖို့ အချိန်သိပ်မကျန်တော့ဘူး။အဲ့ဒီလိုမိန်းကလေးတွေက ၂၅ အပြင် ပို အသက်မရှည်ဖူးကြဖူး။
                Shinn မင်းနောက် ဗမာပြည်မပြန်တော့နဲ့။´
                'ဘာလို့လဲ ?´
                'အဲ့ဒီမိန်းကလေးက မင်းတို့ ဗမာလူမျိုးထဲကပဲ မဟုတ်လား။မင်းပြန်သွားရင် မင်းမှာ အန္တရာယ်ရှိလာလိမ့်မယ်။
                 မင်း မပြန်ပဲနေရင်တောင် မင်းဆီ သူ့စီက မကောင်းသတင်းတွေရောက်လာလိမ့်မယ်။အဲ့ဒါတွေ လျစ်လျူရှု လိုက်။
                 မင်းသူ့ကို အရင်ထက်လည်း တွေ့ချင်မြင်ချင်လာလိမ့်မယ်။ခု မင်း သူ့ဆီခဏခဏသွားရှာနေတယ်မဟုတ်လား။´
                  'အင်း..´
                  သူ ခေါင်းညိတ်မိတော့
                  'နောင် မင်း ဒီ့ထက်ပိုဆိုးလာလိမ့်မယ်။
                မင်း ပိုရှင်းအောင်ပြောရရင် မင်းသူ့ကို ခုလို ခိုးစားနေလည်း သူ့ကိုယ်စောင့်နတ်က သိတယ်။ ဘယ်သူ့ကိုယ်မှာမဆို ကိုယ်စောင့်နတ်ရှိတာ မင်း သိတယ်မဟုတ်လား။
                မင်းစိတ်ထဲ ငါ သူမအပေါ် ပြစ်မှားနေတာ ဘယ်သူမှ မသိပါဘူး ထင်နေလည်း သူ့ကိုယ်စောင့်နတ်နဲ့ မင်းကိုယ်စောင့်နတ်က ကောင်းကောင်းသိပြီး မင်းကိုလည်း စိုက်ကြည့်နေတယ်။
                ပိုရှင်းအောင်ပြောရရင် ခုချိန်ဆို သူ့ကိုယ်စောင့်နတ်က မင်းကို လက်စားချေဖို့ သူ့အနား ဓားပြင်ပြီး မင်းကို ရပ်စောင့်နေတယ်။
                 မင်းတင်မဟုတ်ဖူး။သူ့အနား ကပ်လာပြီး သူ့ရန်ပြုဖို့ ဒါမှမဟုတ် သူ့ဆီက လုယက်ဖို့ လာတဲ့ မည်သူကိုမဆို ဓားကို ဒီလိုအနေထားနဲ့ ဝှက်ကိုင်ပြီးစောင့်နေလိမ့်မယ်။
                  မင်းတွေ့လာလိမ့်မယ် သူ့နား ဓားကိုင် ရပ်စောင့်နေတဲ့ သူမရဲ့ စိတ်ဝိညာဉ် အဖြူကို...´
                  ဟု ဆိုလိုက်တော့ သူလည်း ruwandaလူမျိုး လူငယ်ကို ကြက်သေသေ မော့ကြည့်လိုက်မိလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now