အပိုင်း ၂၉

331 6 1
                                    


 
                          ' ဟယ် ချောကလက်တွေ !! မမရှင်း သင်း နဲနဲ ယူသွားမယ်နော်။´
                         သူမ မပြောချင်တော့။သင်းသိင်္ဂီက သူပေးထားသည့် ချောကလက်တွေပင် လက်တစ်ဆုပ်ကြီးနှိုက်ယူသွားတော့သည်။သူမလည်း သက်ပြင်းချပြီး အခန်းတံခါးပင် မြန်မြန် ပိတ်ပစ်လိုက်ရသည်။
                         သင်းသိင်္ဂီက ချောကလက်တွေပင် အခွံခွာ ပါးစပ်ထဲ တစ်လုံးပြီး တစ်လုံးမြန်မြန်ထည့်ရင်း အိမ်ရှေ့ခန်းပြန်ရောက်လာကာ
                        'မေမေရယ်။မမရှင်းအခန်းကလေ သမီးဝင်ရတာတောင် အသက်ရှုရကျပ်တယ်။ဖိုးဖိုးတို့များ ဘယ်လိုဆောက်ပေးသွားမှန်းမသိ။အိမ်ဘေးတံစက်မြိတ်လို နေရာလေးမှာမှ ကပ်သပ်ပြီး..
                      နောက် မမရှင်းမှာလေ အရင်လိုပဲ ထမီတွေက အရမ်းပါးရှားနေရှာတာ။ဒီအရွယ်ရောက်နေပြီ သူ့မှာ ထမီက ၁၀ထည်တောင်မပြည့်ဘူး။
                     ပါတိတ်ကလည်း မကောင်းမကန်းလေးတွေမှ တစ်စုံနှစ်စုံထဲရယ်။နောက်မှ သမီး မဝတ်တော့ပဲ အိမ်အကူတွေပေးဖို့ ဖယ်ထားတဲ့ အဝတ်ဟောင်းတွေထဲက ကောင်းနိုးရာရာလေးတွေရွေး ပို့ပေးရဦးမယ်။´
                      'အို ငါ့သမီးလေးက သိပ် ကြင်နာတတ်တာပဲ။ဒီလို စိတ်ကောင်းလေးတွေ ရှိနေလို့လည်း မျက်နှာလေးက ဖိုးလမင်းလေးလို ဝင်းပနေတာ။
                     မောင်ရှင်းဆက်ရေ။သူတို့ ကျောင်းတက်တုန်းကလည်း သမီးက ဒီလိုပဲလေ။မမရှင်းမှာ ကျောင်းလာတာ တစ်ခါလာလည်း ဒီအဝတ်စား နှစ်ခါလာလည်း ဒီအဝတ်စားနဲ့မို့ uniform ဝတ်ပြီး တက္ကသိုလ်တက်နေတာလား ကျောင်းသားတွေ စနောက်တာ ခံနေရတယ်တဲ့။
                      ဒါကြောင့် ဒီစိတ်ကောင်းရှိတဲ့ သမီးလေးက အိမ်ပြန်လာပြီး သူ မဝတ်တော့တဲ့ အဝတ်အစားတွေထုတ် ညချင်းပို့ပေးလိုက်တာ။ ပီနံအိတ်ကြီးနဲ့တစ်ထုပ်ပဲလေ။အောက်ခံ အဝတ်အစားတွေတောင်ပါသေးတယ်နော်သမီး။
                       မိရှင်းက ဒီလို သမီးပို့ပေးတဲ့ အဝတ်အစားတွေဝတ် ကျောင်းတက်ခဲ့ရတာ..´

                            သူ တအံ့တဩ နားထောင်နေရသည်။ဇေကြီးနှင့် ဦးနှင့်က ဒီလိုစကားတွေကြားတော့ မျက်နှာတွေကရဲ ပျက်လည်းပျက်လာကြသည်။ဒါပေမဲ့ ထိုအမျိုးသမီးကြီးက ဂရုပင်မစိုက်။ စိုက်စရာ လိုသည်ဟုလည်း ထင်ပုံမရ။တမင် သူပြောချင်ရာများ ရှေ့ဆက်ပြောနေတော့ ခက်နေသည်။
                           သူ့ရှေ့တမင် သူမတို့မိသားစုကို အသရေဖျက်ချင်နေတာကလည်း အသိသာကြီးပင်။သူမ ဦးလေးဖြစ်သူကလည်း သူ့သမီးနှင့်မိန်းမ စကားတွေပင် နားထောင်ပြီး proud ဖြစ်နေပုံဖြင့်။
                    ' မိရှင်းက ကျောင်းမှာ ရီးစားရတော့ ကောင်လေးက တော်တော်ချမ်းချမ်းသာထဲကလေ။အဲ့ဒီကောင်လေး မိဘတွေမှာဆိုတာ စိန်တွေမှ ပြည်တောင်းတွေနဲ့ ရှိတာ ကျွန်မက အသိဆုံးပေါ့။တစ်ဦးထဲသော သားလေးလဲဆိုတော့ သားဖြစ်ချင်တာ ချက်ချင်း လုပ်ပေးချင် ဖြည့်ဆည်းပေးချင်ကြတဲ့ လူမျိုးတွေ။
                      မိရှင်းကလည်း ချစ်မွှေးလေးပါလာတော့ မိဘတွေက မိရှင်းကိုတွေ့တာနဲ့ တန်း ချွေးမတော်ချင်သွားကြတာ။ဒါနဲ့ ကျွန်မလည်းဝမ်းသာသွားပြီး သူတို့အတွက် နေ့နံကိုက်၏ မကိုက်၏ သင့်၏ မသင့်မြတ်၏ ကျွန်မတို့ အိမ်က အစဉ်အဆက် ကိုးကွယ်လာတဲ့ အကြားအမြင်ရ ဆရာမဆီ ကောင်လေးမိဘ ခေါ်သွားမေးမိတာ..
                       တကယ်ထဲ မိရှင်းကိုယူရင် ကောင်လေးမှာ အကြီးအကျယ် ကံဆိုးမယ် ဆို ဟိုက ဟောလိုက်ပါလေရော..´
                       'အဟမ်း..´
                       ဦးက ချောင်းပင် ဆိုးလိုက်သည်။ဒါပေမဲ့ ဒေါ်မြင့်သဇင်က ဂရုမစိုက်
                      'မိရှင်းရဲ့ကိုယ်မှာ အစောင့်အရှောက်တစ်ကောင် ကပ်နေတာ ဆရာမက မြင်တယ်တဲ့လေ။ ကြားကောင်းအောင်သာ အစောင့်အရှောက်ရယ်လို့ ပြောကြပေမဲ့ ​တစ်ကယ်တမ်းတော့ မကောင်းဆိုးဝါးပဲပေါ့။
                      အဲ့ဒီ မကောင်းဆိုးဝါးကြောင့် မိရှင်းကို ယူတဲ့သူ မပြောနဲ့ ကြိုက်မိတဲ့ လူတွေတောင် အသေဆိုးနဲ့ သေရနိုင်တယ်တဲ့။´
                       'ဟပ် ´
                      ဇေကြီးက ထပ်ရီပြန်သည်။သူ ဇေကြီးပင် နားမလည်နိုင် လှည့်ကြည့်မိသွားသည်။ ညီမဖြစ်သူကို ဒီလောက် အဖေဖြစ်သူရှေ့မှာပင် မရှောင် မှိုချိုးမျှစ်ချိုးပြောနေတာကိုပင် သီးခံ ရယ်နေနိုင်သေးသည်။သူက မခံနိုင် နဲနဲ လှုပ်ရှားလာတော့ ဇေကြီးက သူ့ အတန်ပင်ခေါင်းခါ ဘာမျှ ထမပြောရန် တားမြစ်ပုံနှင့် တစ်ချက်ကြည့်လိုက်တော့ သူလည်းဆက်နားထောင်လိုက်ရသည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now