အပိုင်း ၁၆

559 13 2
                                    

                  သူထွက်လာတော့ မောင်နှမနှစ်ယောက်စလုံး မီးဖိုထဲရှိနေကြပြီး သူမက ကပျာကယာ မနက်စာအတွက် ထမင်းကြော်နေသည်။ဇေကြီးက ထမင်းစာပွဲမှာတင် coffee သောက်ရင်း နှမဖြစ်သူ၏ ထမင်းကြော်အလာ စိတ်မရှည်သလိုစောင့်နေသည်။
             ကြည့်တော့ အလုပ်သွားရန် ဝတ်စုံပြည့်နှင့်ဖြစ်၍ မနက်စာ စားပြီး တန်းထွက်တော့မည့်ပုံပေါ်သည်။ဇေကြီးက ဆရာဝန်ဖြစ်၍ မနက်စောစော duty ဝင်ရမည့်ပုံပင်။ဆရာဝန်တစ်ယောက်ဖြစ်၍လည်း လူက သန့်ချောခန့်ညားနေသည်။
           ' ပြီး ပြီးတော့မယ်နော် ကိုကြီး။ညီမလေး မနက်အစောပိုင်းမှာနိုးပြီး ပြန်အိပ်ပျော်သွားလို့။မုန့်လေး နဲနဲစားထားပါလား။အဲ့မှာ ကိတ်မုန့်ရှိတယ်။´
             ဆရာက မဖြေ။သူ့ အချိန်ကိုက် မနက်စာ မရ၍ လူက ဘူနေသလိုပင်။ညီမဖြစ်သူကတော့ ပျာယာခတ်နေတော့သည်။
             သူလည်း သက်ပြင်းချ ဝင်လာတော့ ဇေကြီးက မြင်သွားပြီး
            ' ဟာ ဟေ့ကောင်လာ။ငါက မင်း မနိုးလောက်သေးဖူးထင်နေတာ။ညီမလေး နောင်ကြီးအတွက်လည်း coffee တစ်ခွက် ထပ်ထည့်ပေး။´
            'ဟုတ် ဟုတ်ကဲ့။´
            သူမက ထမင်းကြော်နေသည့်ဇွန်း ချပြီး သူ့အတွက် coffee ထည့်ပေးရန် လှမ်းရတော့
            ' နေနေ ရှင်းလေး။ကိုယ့်ဟာကိုယ် ထည့်လိုက်မယ်။ဇေကြီးအတွက်ပဲ ထမင်းကြော် မြန်မြန်ထည့်ပေးလိုက်။´
          ' ဟာ ! ဟေး မင်းကတော့ စပြီး ငါ့အကိုဆိုးဖြစ်အောင် လုပ်လာပြီ။´
           ဟု ရယ်ဆိုလာသည်။သူလည်းပခုံးတွန့်ပြီး
          ' မင်းလည်း ခုအရွယ်ထိ မပြောင်းလဲသေးပဲ ဒီ Rooster ကြီးဝါဒကိုပဲ ဖက်တွယ်ထားတုန်းပဲကို။´
           (Roosterကြီးဝါဒ , ရှင်ကြီးကြက်ဖ ရွှေကြက်ဖ ကလေးပုံပြင်ထဲမှ ကိုယ့်ထက်ငယ်သော ကြက်ပေါက်လေးများနှင့် တခြားအကောင်ငယ်လေးများကို သူတွန်မှ နေမင်းကြီးထွက်ပေါ်လာနိုင်သည်ဟု အယုံသွင်းထားကာ ကောင်ငယ်လေးတွေ ရှာဖွေလာသော ဦးဦးဖျားဖျား အစားအသောက်များ ကို သူ့ထံဆက်သခိုင်းထားပြီး ဘုရင်လိုနေသောသူ။
           မသိနားမလည်သော အကောင်ငယ်လေးတွေအပေါ် အမြတ်ထုတ်နေသောသူ။ကျားဝါဒ ကြီးစိုးလွန်းသောသူ။)
            ' အဟပ်.. ဟွပ်´
            ဇေကြီးက သူ့စကားကြောင့် coffee ပင်သီးသွားတော့သည်။
            သူက coffee တစ်ခွက် ကိုယ့်ဟာကိုယ်ပင် ငှဲ့ထည့်ကာ ထိုင်ခုံတစ်ခု ဆွဲထုတ်ထိုင်တော့ ဇေကြီးက သူ့ပြုံးမော့ကြည့်ရင်း
           ' မင်းကတော့ အရင်အတိုင်းပဲနော်။...ဒါကြောင့်ငါက ငါ့နှမ မင်းနဲ့ပဲ သဘောတူထားတာ။´
           ' ဟာ shit !´
                   နားနား ကပ်ပြောလာတော့ သူကြိတ်ဆဲလိုက်ရသည်။တော်သေးသည်က ရှင်းလေးက သူ့အကိုပြောတာ မကြားလိုက်လို့။ထမင်းကြော်နေသော မီးဖိုနှင့် ထမင်းစာပွဲက အတန်အလှမ်းဝေးနေ၍သာ။
               ဇေကြီးက သူ့နှောက်လိုက်ရ၍ ပြုံးပြုံး ပြုံးပြုံးဖြစ်နေသည်။
              ' ရပါပြီရှင်။ထမင်းကြော်နှစ်ပွဲပါ။လာပြီးဆက်သလိုက်ပါပြီ။´
          ဟု သူမကလည်း နောက်တောက်တောက်လေးဆိုပြီး သူတို့ရှေ့ ထမင်းကြော်ပန်းကန်တွေ ချလာပေးသည်။သူမက အကိုဖြစ်သူ သူမ စိတ်တိုနေ၍ အတန်ချော့ချင်နေပုံပင်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now