သူ ညီမဖြစ်သူ အသံလေးကြောင့် အိပ်ရာမှ ဆတ်ခနဲထထိုင် သူ့ခေါင်းရင်းဘေး ပြူတင်းပေါက်ကိုလန့် လှည့်ကြည့်လိုက်သည်။
ခုဏ တဒုံးဒုံး ထုသံနှင့်အတူ ညီမဖြစ်သူ အသံလေးက ထိုပြူတင်းပေါက်မှ လာခဲ့သည်။
'ရှင်း ! နင်ဘာလုပ်..´
သူ ပြူတင်းနားမှာပင် ညီမဖြစ်သူ ရပ်နေသည် ထင်မိပြီးမှ သေချာကြည့်တော့ ဘယ်သူမှ မမြင်။
အပြင်မှာလည်း အရုဏ်ဦး အလင်းက လင်းကာစပင် ရှိသေး၍ ညီမလေးလည်း အပြင်မှာရှိနိုင်မည်မထင်။
ဒါပေမဲ့ သူစိတ်ထင့်နေ၍ ဒီအချိန် ညီမလေးရှိလောက်သော မီးဖိုခန်းရှိရာ လာရှာတော့ နောင်ကြီးနှင့် ဖေကြီးပင် မီးဖိုခန်းထဲရှိနေတာ တွေ့လိုက်ရသည်။
ဖေကြီးက ခရီးသွားရန် အဝတ်အစားတွေပင် လဲဝတ်ထားပြီး နောင်ကြီးပြင်ပေးသော မနက်စာကို တိတ်ဆိတ်စွာ ထိုင်စားနေသည်။
သူဝင်လာတော့
'ဪ သား ..´ ဟု ဆိုပြီးမှ သူ၏ ရေးကြီးသုတ်ပျာ ပုံကြောင့် စကားရပ်သွားသည်။သူလည်း နောင်ကြီးပင် ကြည့်ပြီး
'နောင်ကြီး ညီမလေးရော ?´
'ဟင် အိပ်နေတုန်းလေ။ဘာလို့လဲ ?´
သူက အရေးတကြီး ညီမလေးအခန်းရှိရာသွားတော့ ဖေကြီးက သူ့ကြည့် အံ့ဩကျန်ခဲ့ပြီး နောင်ကြီးကတော့ ဘာဖြစ်မှန်းမသိ သူ့နောက်လိုက်လာသည်။ဒုန်း..ဒုန်း
'ညီမလေး ကိုကြီးဝင်ခဲ့မယ်။´
'ဟိတ်ကောင် မင်းဘာဖြစ် ?..´
ညီမလေးကို အခန်းထဲ အပေါ်အင်္ကျီ လဲဝတ်နေတာတွေ့ စိတ်သက်သာသွားပြီး
'sorry ညီမလေး။ခုန နင် ငါ့အော်ခေါ် လိုက်သလားလို့။´
အင်္ကျီလဲဝတ်နေတာဖြစ်၍ သူတို့က မျက်နှာလွှဲသွားတော့ သူမက ထွက်လာပြီးပင် အကိုဖြစ်သူပါး ဖြစ်ညှစ်လိမ်ဆွဲသွားကာ
' အမလေး ငါ့အကိုကြီးက ချစ်စရာလေး။ညီမဖြစ်သူကို စိတ်ပူလို့ အစောကြီးထလာရှာတယ်။
ဘာလဲ ညီမလေးပျောက်သွားတယ်ဆိုပြီး အိပ်မက်ဆိုး မက်လို့လား။စိတ်မပူပါနဲ့ ညီမလေးက ဟော့ဒီအကိုကြီးဘေးက ဘယ်တော့မှမခွာသွားဘူး။အိမ်ထောင်ပြုလည်း အကိုကြီးနားပဲနေမှာ။´
ဟု စနောက်သွားတော့ ဇေကြီးက စိတ်ပူနေရာမှ သက်သာရာ ရသွားလည်း
'ဘာငါ့နား နေရမှာလဲ။အိမ်ထောင်ကျသွားလို့ကတော့ နင့်ငါ့နားမထားဘူး။အာရုံတွေနောက်လို့။
ယောင်္ကျားရတာနဲ့ ဒီအိမ်ပေါ်ကနေဆင်း။မဟုတ် ငါဆင်းသွားမယ်။´
'အမယ် မဆင်းပါဘူးနော်။ကိုကြီးမှာ ညီမလေးမှ မရှိရင် ဘယ်သူက လာချက်ပြုတ်ကျွေးမှာလဲ။ညီမလေးက ဒီအိမ်ပေါ်မှာပဲ လင်ယူသားမွေးလုပ်ပြီး ကိုကြီးနားပဲနေမယ်။
ကိုကြီးကတော့ ယောက်ဖဖြစ်သူနဲ့တည့်အောင်ပေါင်း။ မတည့်လည်းမတတ်နိုင်ဘူး။နောက် ညီမလေးတို့မွေးလာတဲ့ ကလေးတွေ ကူထိန်းပေး။´
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။