အပိုင်း ၁၀

122 5 0
                                    


                     မျက်လှည့်ဆရာလေးနှင့် သူမ တစ်နေရာပြီးတစ်နေရာ လျှောက်လာခဲ့ကြပြီး တစ်နေရာရောက်တော့ သူက ရုတ်တရက် ရပ်သွားသဖြင့် သူ့ကျောပြင်နှင့် သူမနှဖူးလေး ဆောင့်တိုက်မိသွားသည်။
                     သူမလည်း သူ့မော့ကြည့် ရပ်တံ့သွားရတော့ သူက လက်ထဲမှ မီးအိမ်ကို မီးစာတင် မြှောက်ပြလိုက်ရင်း
                  'ရောက်ပြီ။သေချာပေါက် ဒီလိုအခန်းမျိုးပဲ။' ဟု ဆိုတော့ သူ့မီးအိမ်မှအလင်းရောင်နှင့် ပတ်ဝန်းကျင် ကြည့်မိရတော့ သူမတို့က စာအုပ်ဟောင်းတွေ များစွာရှိနေသော အခန်းတစ်ခုထဲ ရောက်နေတာ တွေ့ အံ့ဩသွားရသည်။
                အရင်က ဒီနေရာက စာအုပ်တွေ ရောင်းသည့် နေရာဖြစ်ခဲ့ပုံပေါ်သည်။ဒီခေတ်ထဲ လူတွေက စာအုပ်တွေမဖတ်တော့ပဲ သူတို့သိချင်ရာ ဖတ်ချင်ရာ လွယ်လွယ် phone ဖွင့်ပြီးပင် ရှာနိုင်လာတော့ ဒီလိုစာအုပ်တွေ အိမ်မှာဝယ်ထားစရာ မလိုတော့။
                  သူက စာအုပ်တွေပေါ်မှ ဖုန်တွေကြည့်ပြီး စိတ်ပျက်သွားလည်း သူမကပျော်နေတော့ အံ့ဩဟန်ကြည့်လာသည်။
               သူမက ကလေးပုံဝတ္တုများ ဆိုသည့် စာအုပ်ပုံနားပင် သွားရပ် အပေါ်ဆုံး စာအုပ်အဖုံးပေါ်မှ ဖုန်များပင် မှုတ်ထုတ်လိုက်တော့ ဘေးမှသူပင် တဟွပ်ဟွပ် ချောင်းဆိုးသွားရသည်။
                ' ဒါတွေက တန်ဖိုးရှိလည်း lost တွေ ဖြစ်သွားပြီပေါ့။ဒါတွေထက် ကလေးတွေက cartoonကားတွေ၊game တွေပဲပို မက်မောစွဲလမ်းလာကြပြီ။ဒါပေမဲ့ သူတို့အပြစ်တော့ မတင်ချင်ပါဘူး။ဒါက ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းပဲလေ။
                ဒါတွေ မဖတ်လို့လဲ သူတို့ပညာ မရနိုင်ဘူးလဲ မဆိုလိုပါဘူး။ရှာတတ်ရင် ဘယ်နေရာမှာမဆို ပညာကရှိတာပဲမဟုတ်လား။'
               မေးမိရတော့ သူက သူမအမေး စိတ်ဝင်စားမှု့ မပြုတော့ပဲ မီးအိမ်မြှောက်ကာပင် တစုံတခု ရှာဖွေနေလေတော့ သူမလည်း စာအုပ်နှစ်အုပ် သုံးအုပ်ပင် အိတ်ထဲကောက်ထည့် သူ့နောက် ဆက်လိုက်လာရသည်။
                  သူက ရှေ့ဆက်သွားပြီး စာအုပ်စင်တန်း အတော်များများကျော်လာပြီးနောက် ဒဏ္ဍာရီပုံပြင်များ ဆိုသော မှတ်ချက်ရေးထားရာ စာအုပ်စင်နားအရောက် ရပ်တံ့လိုက်ကာ
                 ' ကဲ အမက ဒီနေရာမှာပဲစောင့်။ကျွန်တော်ကတော့ အထဲသွားပြီး ဒီကောင်ကြီး နေရာမှန် သွားထားလိုက်ဦးမယ်။'
                 ' ဟင် ? အမကောလိုက်ခဲ့မယ်လေ။ဒီမှာတစ်ယောက်ထဲ ကျန်မနေရဲဘူး။'
                သူက သူမပြောလာတော့ ပခုံးလေးက်ိုင် ငုံ့ကြည့်လာရင်း
                 ' အမကို မခေါ်ချင်လို့မဟုတ်ဖူး။အမလိုက်ခဲ့ရင် ကျွန်တော်ပါလည်း သိပ်ကြောက်ရလိမ့်မယ်။အမ သိတယ်မဟုတ်လား။ဒီထဲမှာ ရှိသမျှ ဒဏ္ဍာရီလာ သတ္တဝါကြီးတွေက စုနေကြတာ။'
                  သူမ သူပြောတော့ တစ်ချက် တွန့်ပင်သွားလည်း
                   ' မင်းပါရင် မကြောက်ပါဖူး။' ပြောတော့ သူကပြုံးလာရင်း
                  ' အထဲရောက်ရင် ကျွန်တော်က လူသားမဟုတ်တော့ပဲ ပုံပြောင်းသွားမှာ။အဲဒါဆိုရင်ကော။ မကြောက်ပဲနေဦးမှာလား။'
                   သူပြောတော့ သူမခပ်တွန့်တွန့်လေးဖြစ်သွားရကာ ဆွံ့အသွားလျက် မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်မိရတော့ သူကပြုံးရယ် သူမခေါင်းလေးပုတ်လိုက်ကာ
                   'ဒီမှာပဲ နေရစ်ခဲ့ပါ။ကျွန်တော်က မကြာပါဘူး။ပြန်ထွက်လာမှာပဲဟာ။ရော့ ဒီမီးအိမ်လေး အမအတွက်ပေးထားခဲ့မယ်။'
                   သူမ သူပေးလာသော မီးအိမ်ပင် ကြည့်မိရလျက်
                  ' ဘယ်ဖြစ်မလဲ။မင်းယူသွားလေ။ အမက မီးမရှိလည်းဖြစ်ပါတယ်။'
သူက စိတ်မရှည် သူမလက်ထဲ မီးအိမ် ထည့်ပေးလိုက်ရင်း
                   ' ဘယ်မှ မသွားပဲ ဒီမှာပဲစောင့်နေ။'
                    သူက ထပ်မှာနေတော့ သူမက သူ့ကြည့်ရင်းပင် မျက်နှာဖုံးည ပွဲတုန်းက သူမ ချစ်ရသူက ဒီလို ဘယ်မှမသွားရန် မှာခဲ့ဖူးတာ သတိရသွားသည်။သူမ ခေါင်းလေးပင် တွင်တွင်ခါရင်း သူ့လက်ပင်ဆွဲထားမိရတော့ သူက သက်ပြင်းချလိုက်ရင်း
                 ' ဒီထဲ ဘယ်သူမှ မရှိပါဘူးကွာ။မင်းသာ ကိုယ့်ကိုယ်ကို မခြောက်လှန့်မိစေနဲ့။'
                  'ဟင် ? '
                  သူ့အသံကြောင့် သူမ သူ့ပင်မယုံနိုင် မော့ကြည့်မိတော့ မျက်လှည့်ဆရာလေးက သူမ ငုံ့ကြည့်ရင်းပင်
                  ' ဘာလဲ ? ကျွန်တော့်ဆီက အကို့အသံ ကြားလိုက်ရတော့ အကို့သတိရသွားပြီ မဟုတ်လား။
                   ဒီလိုပဲ ကျွန်တော်က အသံတုတွေ လုပ်တတ်တဲ့ မကောင်းဆိုးဝါးပဲ။'
                    ' ဟင် ..'
                    'ဒီ့အပြင် ကျွန်တော်က တခြားလူတွေရဲ့ ပုံစံတွေကိုလည်း အတုခိုးနိုင်သေးတယ်။ပြောရရင် ဒီမျက်လှည့်ဆရာလေးက ကျွန်တော့်ရဲ့ ပုံစံမှန် မဟုတ်ဖူး။'
                    သူမ သူ့အံ့ဩ တွေကြည့် မိရတော့ သူက
                 ' ကျွန်တော်က သက်ရှိ လူသားတစ်ဦးရဲ့ ခန္ဓာထဲက ခွဲခွာ ထွက်လာတဲ့ ဝိညာဉ်လို အရာမျိုးပဲ။ဒါကြောင့် အမကို ကျွန်တော်က ဖက်ထားလည်း အမမှာ နွေးထွေးမှု့ မရနိုင်ဘူး။'
                  ' ဟင် ! ဘယ်လို ?'
                  ' အမက ခုလက်ရှိ မကောင်းဆိုးဝါးလို ရုပ်ခန္ဓာ မရှိတဲ့ကောင်နဲ့ အတူနေနေတာ။အဲ့ဒါက အမအတွက် ရေရှည် မကောင်းဘူး။ဒါကြောင့် ကျွန်တော်က အမကို ခွဲသွားတော့မယ်။'
                   သူမ သူ့စကားတွေကြောင့် မျက်ရည်လေး ဝဲလာတော့ သူက စိတ်လျှော့လိုက်ကာ
                   ' ကျွန်တော်သွားရင် အကိုက အမဆီ ရောက်လာလိမ့်မယ်။ ဘာလို့လဲ သိလား။ကျွန်တော်က အမဆီ အကို့ လမ်းပြပေးမှာမို့လေ။ဒါကြောင့် ဒီလို ငိုမနေပဲ၊ဒီနေရာမှာပဲစောင့်။ဟုတ်ပြီလား။' ဟု သူမ နှဖူးလေးနမ်း ချော့ဆိုပြန်သည်။
                     သူမက
                     'သူ ..သူက အမ ရှာနေမယ် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အမ မင်းနဲ့ပဲ အတူနေချင်တယ်။'
                      သူမက ဖျော့တော့တော့လေး ပြောလာတော့ သူက သူမပခုံးလေးကိုင် ငုံ့ကြည့်လိုက်ရင်း
                   ' ကျွန်တော် ဒီအတောအတွင်းအမကို မပြောပဲ ထိမ်ချန်ထားတာ ရှိတယ်။တကယ်တော့ အကိုက အမထားသွားခဲ့တာ မဟုတ်ဖူး။အမကသာ သူ့ ထားသွားခဲ့တာ။'
                  'ဟင် !? '
                  'အဲ့ဒီ မျက်နှာဖုံးည ပွဲတော်ထဲမှာ ကျွန်တော်လည်းရှိနေတာ။ပွဲရှိရာ လူ့ဘီလူးကြီးရောက်လာမယ် ခံစားမိနေလို့လေ။
                   အဝတ်လဲခန်းထဲမှာတင် အကို့တွေ့တော့ အကိုက အလျင်လိုနေရက်နဲ့ အဝတ်တွေပြန်လဲနေပြီး၊အမ တစ်ယောက်ထဲ ကျန်ရစ်ပြီး မူးနေလို့ ဒီနေရာက ပြန်ခေါ်ထုတ် သွားတော့မယ်လို့ပြောတယ်။
                    ကျွန်တော်က အမနဲ့တွေ့နှုတ်ဆက်ချင်လို့ အကိုနဲ့လိုက်လာတော့ အမက နောက်က အရက်သမားကြီး လိုက်နှောင့်ယှက်လို့ ထွက်ပြေးသွားတာတွေ့လိုက်တယ်။'
                  'ဟင်..'
                  ' အကိုက လှမ်းခေါ်လိုက်လဲ အမက မကြားတော့ဘူး။အခန်းထဲက ခြေလွှတ်လက်လွှတ် ထွက်ပြေးသွားတယ်။အကို့ဒေါသက အမကို လိုက်နှောင့်ယှက်ခဲ့တဲ့ အရက်သမားကြီးပေါ် လုံးလုံး ပုံကျသွားတာပေါ့။
                   သူက အရက်သမားကြီးကို ဆွဲထိုးပြီး ဟိုက လဲကျသွားတော့ အပေါ်စီးကတက် ဆင့်ထိုးတယ်။အဲဒီမှာတင် အရက်သမားကြီးရဲ့မျက်နှာဖုံးက ကျွတ်ထွက်သွားပြီး သူ့သရုပ်မှန်က ပေါ်လာတော့တယ်။
                      ..လားလား အဲဒီလူကြီးက ကျွန်တော်ရှာနေတဲ့ လူ့ဘီလူးကြီးပဲ။သူက မျက်နှာဖုံးစွပ် လူပုံစံပြောင်းပြီး လူတွေနဲ့ရော လာသောက်နေတာ။အမကို မြင်တော့ သူစိတ်ထိန်းနိုင်ပုံမရတော့ဘူး။ဒါကြောင့် အမနောက်လိုက်လာခဲ့တာ။
                     တကယ်လို့ အကိုသာ မတားခဲ့ရင် အဲ့ဒီ လူ့ဘီလူးကြီးက အမနောက် တောက်လျှောက်လိုက်ပြီး အမကို ဒုက္ခပေးတော့မှာအမှန်ပဲ။'
                     'သူ ! သူကော ဘာဖြစ်သွားသေးလဲဟင် ?'
                     သူမ စိတ်ပူမေးမိရတော့ မျက်လှည့်ဆရာလေးက ပြုံးလိုက်ကာ
                     ' အမလူ ဘာဖြစ်မှာတဲ့လဲ။ကျွန်တော်ရှိနေတာပဲဟာ။'
                  'ဟင် !!'
                  သူမ အံ့ဩမော့ကြည့်မိရတော့ သူက စဉ်းစားလိုက်ရင်း
                 ' အဲ... နဲနဲတော့ နာသွားမလားပဲ။လူ့ဘီလူးကြီးက သူ့ ခါချလိုက်လို့လေ။တကယ်လို့များ အဲ့ဒီနား ကျွန်တော်မရှိလို့ကတော့ အဲ့ဒါကြီး ကိုင်ပေါက်တာ အကို ခံလိုက်ရမှာ။ဒါပေမဲ့ ကျွန်တော်က ရှိနေတော့ ဒီလိုမဖြစ်တော့ဘူးလေ။ကျွန်တော်က အဲ့ဒါကြီးခေါင်းပေါ် ဒီဦးထုပ် တင်လိုက်တယ်။
                    ဟီးဟီး.. အမကို ပြချင်လိုက်တာ။လူ့ဘီလူးကြီးရဲ့ခေါင်းပေါ် မျက်လှည့်ဆရာဦးထုပ် ရောက်သွားချိန် ဘယ်လောက် ရီစရာကောင်းလိုက်သလဲဆိုတာ။'
                    ' ဒါနဲ့ သူ့ဘယ်လိုဖမ်းလိုက်လဲ ? ဒီဦးထုပ်ထဲကိုလေ။'
                    သူမ စိတ်ဝင်စားမေးမိရတော့
                    'ကျွန်တော်ပြောပြီးပြီ မဟုတ်လား။သူ့ ဒီဦးထုပ်ဆောင်းပေးလိုက်ပါတယ်လို့။
                   အဲဒီမှာ ပွဲပြီးပြီပေါ့။မျက်လှည့်ဦးထုပ် အစွမ်းနဲ့ ၈ပေလောက်မြင့်ပြီး မတရားကြီးထွားနေတဲ့ အကောင်ကြီးက တ​ဖြည်း​ဖြည်း သေးငယ်သွားပြီး ဦးထုပ်ထဲ ရောက်သွားတယ်။
                   ကျွန်တော်က ဘာညာ သလကာ ရွတ်ဆိုလိုက်တော့ ဒီကောင်ကြီးလုံးဝ မလှုပ်ရှားနိုင်တော့ဘူးပဲ။ဦးထုပ်ထဲ လုံးဝ ဖမ်းမိသွားတယ်။
                    ပြောရရင် ကျွန်တော် ဒီကောင်ကြီးဖမ်းမိတာ အမနဲ့ အကို့အကူအညီကြောင့် ရလိုက်တာ။သူသာ မျက်နှာဖုံးစွပ်ထားပြီး အမနောက်လည်း မလိုက်ခဲ့ရင် ကျွန်တော်က သူ့သိတောင် သိလိုက်မှာမဟုတ်ဖူး။
                    အကိုက မထိုးခဲ့ဖူးဆိုရင်လည်း သူက အသွင်ပြန်ပြောင်းလာမှာ မဟုတ်ဘူး။'
                  ' ဒါ ဒါဆို..သူက မင်းနဲ့တစ်ချိန်လုံးရှိနေပြီး ဟိုကောင်မလေးနဲ့ ရှိနေတာ မဟုတ်ဖူးပေါ့။'
                  'ဘယ်ကောင်မလေးလဲ ? ဪ ဟော်.. ဟို ကြောင်နက်မကိုပြောတာလား ? အဲ့ဒီ ကောင်မလေးကလည်း အရူးလိုပဲဗျာ။သူက အကိုထင်ပြီး အပိုင်ကြံလိုက်တဲ့ကောင်က အကိုမဟုတ်ပဲ တခြားသုံးစားမရတဲ့ကောင် ဆိုတာသိသွားလို့ ထွက်ပြေးသွားတယ်။
                  အမက သူနဲ့အတူ အကိုရှိနေမှာ စိုးရိမ်နေတာလား။ဒါဆိုပူမနေပါနဲ့။သူတို့က လုံးဝအတူ ရှိနိုင်တဲ့သူတွေမဟုတ်ဖူး။အကိုက အဲ့ဒီလိုမိန်းမတွေ အရမ်းမုန်းတာ။'
                   သူပြောတော့ သူမလည်း သူ့ထံမှ ရုန်းထွက်လိုက်မိရင်းပင်
                   ' ဒါတွေ ဘာလို့ အမနဲ့ တွေ့စက မပြောခဲ့တာလဲ ? ခုမှပြောပြတော့ အမက သူ့ဘယ်လို လိုက်ရှာရတော့မလဲ ?'
ငိုမလို ဒေါသထွက် အော်မိရတော့
                  ' ဟော စိတ်ကလေးက တိုလာပါပြီဗျာ။ငိုတော့ မငိုလိုက်ပါနဲ့။ကျွန်တော်ပြောပြဖို့ စိတ်ကူးပါသေးတယ်။ဒါပေမဲ့ ပြောပြလိုက်ရင် အမက နေမကောင်းလျက်ကြီးနဲ့ ကျွန်တော်နဲ့ခွဲသွား အကို့ရှာမှာ စိုးရိမ်ခဲ့တယ်လေ။
                   အမအခြေအနေကလည်း ကျွန်တော်က စောင့်ရှောက်ထားပေးရမဲ့ အခြေအနေမျိုးမဟုတ်လား။အမကို တစ်ယောက်ထဲ လွှတ်လိုက်ဖို့ စိတ်မချခဲ့ဖူး။
                   ကျွန်တော့တာဝန်ကလည်း ဒီကောင်ကြီး လုံခြုံရာရောက်သွားဖို့က ပထမ ဦးစားပေးလေ။ အမကောင်းကောင်းနေကောင်းမှ ပြောပြပေးမယ်လို့ စိတ်ကူးလိုက်တယ်။ခုလည်း ပြောပြနေပြီလေ။ ကျွန်တော့်စိတ်မဆိုးလိုက်ပါနဲ့။'
                      သူမ ခွေလျှောကျသွားရသည်။သူက သူမ ပခုံးလေးကိုင် ထိန်းပေးလိုက်ရင်း သူမရှေ့ထိုင်ကာပင်
                    'ခုန ကျွန်တော်ပြောခဲ့သလို ကျွန်တော်က အကို့ဆီသွားပြီး အမရှိရာ လမ်းပြ လာခဲ့ပေးပါမယ်။အမက ဒီ မီးအိမ်ကို မငြိမ်းပဲ ထွန်းထားပေးပါ။တစ်ယောက်ထဲ ကျန်ခဲ့ချိန်လည်း သတိဝီရိယနဲ့ နေခဲ့ပါ။အလင်းထဲမှာတတ်နိုင်သမျှ နေပြီး ကျွန်တော်တို့ပြန်လာချိန် စောင့်နေပါ။
                    ဒီထဲမှာ တခြားမရှိလည်း ကြာကြာနေရင် အသံတွေက ခြောက်လှန့်လာလိမ့်မယ်။ ဒါပေမဲ့ မကြောက်လန့်ပဲ စိတ်ခိုင်ခိုင်ထားပြီး ကျွန်တော်တို့ပြန်လာတဲ့အထိ စောင့်မယ်မဟုတ်လား။'
                     သူမခေါင်းညိတ်လိုက်ရသည်။မျက်လှည့် ဆရာလေးက သူ့ suitcase ဆွဲပြီး အတွင်းဝင်ရန် လုပ်ပြီးမှ မျက်နှာလေးဖြူရော်ကာ သူ့ရပ်ကြည့်ကျန်နေရစ်သော သူမ စိတ်မချဟန် လှည့်ကြည့်လိုက်ရင်း သူမထံ ရုတ်ခနဲပြန်လာ ခါးလေးမှဆွဲယူ နမ်းရှိုက်လိုက်တော့ သူမလည်း သူ့လက်ထဲပါသွားကာ အနမ်းပေးတာ ခံလိုက်ရသည်။
                      သူက သူမအားရအောင် အနမ်းပေးပြီးမှ ပြန်လွှတ်လိုက်ကာ
                     ' ဒီအမကွာ။ ထားတောင် မထားခဲ့ချင်တော့ဘူး။ကျွန်တော့်တော်တော် ပြဿနာပေးတယ်။' ဟု ဆို သူမပါးလေးပင် ဖြစ်ညှစ်ရင်း ထွက်သွားတော့ သူမမှာ ရင်ထဲဟာရင်း ကျန်ခဲ့ရသည်။
                    သူက ကျန်နေရစ်သော သူမကို ဝင်သွားရင်း နောက်တစ်ခါ ပြန်လှည့်ကြည့်လိုက်တော့ တောက်ပလှသော သူ့မျက်လုံးတွေမြင် အံ့ဩ ကြက်သေ သေသွားရသည်။
                     သူ့မျက်လုံးများက အမှောင်ထဲရောက် ဓာတ်မီးလိုပင် အရောင်တောက်ပလျက် ညဦးပိုင်း အစာရှာရန်အပြင်ထွက်သော သတ္တဝါတွေ၏ မျက်လုံးတွေလို ဖြစ်နေတော့ သူမ တုန်လှုပ် ကျန်ခဲ့ရသည်။ သူက သူမဒီလိုဖြစ်တာကြည့် ပြုံးသွားဟန်တူသည်။
                     ..သူက လူမဟုတ်ဖူးတဲ့လား။ သူက တခြားလူ ခန္ဓာထဲက ခွဲထွက်လာသော မကောင်းဆိုးဝါးတဲ့လား။
                   သူမ ဒီလိုပင် ကြက်သေ သေနေမိရင်း စာအုပ်စင်တန်း နှစ်ခုကြား ဝင်ရောက်သွားပြီး မြူမှုံလို အရာတွေကြား တိုးဝင်သွားသော သူ့ကျောပြင် ပျောက်ကွယ်သွားသည်အထိ ရပ်ငေးကြည့် ကျန်ခဲ့ရပြီး ထိုနေရာမှာပင် ခွေကျ သွားရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now