အပိုင်း ၁၉

399 8 0
                                    

                         သူမလေးက သူလာလျင် တအားပျော်သည်။ တိုတိုရှင်း တိုတိုရှင်းနှင့် သူ့နောက်လိုက် တစာစာခေါ်တတ်ပြီး သူ့ အချိန်ပြည့်ကပ်နေတော့သည်။
                     သူလည်း အဲ့ဒီ အချိန်တုန်းကတော့ သူမ ညီမရင်းလေးလို ဖြူဖြူစင်စင်ချစ်ခဲ့ကာ သူမအပေါ် အကိုကြီးတစ်ယောက်လိုပင် စောင့်ရှောက် သူမနှင့်အဖော်လုပ် ကစားပေးရင်း မောင်နှမရင်းတွေလို ချစ်ခဲ့ကြသည်။
                   သူက တစ်ခါတစ်လေ ဇေကြီးတို့အိမ်တွင်ပင် ညအိပ်ညနေ နေတတ်တော့ သူမက သူလာအိပ်သည့် ညတွေဆို အိပ်ခါနီးလာ ပုံပြင်စာအုပ်တွေ ဖတ်ခိုင်းတော့ သူလည်း သူမ ရင်ခွင်ထဲထား ဖတ်ပြခဲ့ရသည်။

                         သူမက ငယ်ငယ်ထဲက ပုံပြင်တွေ ကြိုက်သော မိန်းကလေးဖြစ်သည်။သူမမှာ Cindrella , Snow white မှစ Alix in wonderland, Beauty & the Beast ,The red ridinghood , Peter Pan စုံလို့ပင်။သူမက cindrella လိုဇာတ်လမ်းတွေထက် ထူးခြားသော beauty & beast ဇာတ်လမ်းမျိုးလေးတွေ ပိုစိတ်ဝင်စားသည်။
                    နောက်ပိုင်း နဂါးက လူဖြစ်လာသော ပုံပြင်မျိုးတွေ၊ဝံပုလွေ တစ်ပိုင်း လူသားတစ်ပိုင်း ပုံပြင်မျိုးတွေ ရေသူမပုံပြင်၊ဖားမင်းသားလေး ပုံပြင်မျိုးတွေ နှစ်သက်သည်။နောက်ပိုင်း သူမ ကြီးလာလို့ သူ့ပုံပြင် လာမဖတ်ခိုင်းတော့ရင်တောင် သူမကို သူမတို့အိမ် စာဖတ်ခန်းထဲ ပုံပြင်တွေဖတ်နေတာ တွေ့ရတတ်သည်။
                    ဦးက စာဖတ်ဝါသနာထုံသူဖြစ်၍ သူစုဆောင်းထားသော စာအုပ်တွေက library လေး တစ်ခုနှယ်ပင်။သူမက ထိုစာဖတ်ခန်းကို နောက်တော့ သူမအတွက်သာ အပိုင်စီးလာတော့သည်။

                            သူမ အဖေကလည်း သူမ အလိုလိုက် ထိုစာဖတ်ခန်းထဲ camp လေးတစ်လုံးပင် ဆင်ပေးခဲ့သည်။တစ်ခါတစ်လေ သူမက ထို camp တဲလေးထဲ စာဖတ်ရင်း အိပ်ပျော်နေတာ တွေ့ရဖူးသည်။camp တဲလေးကလည်း တကယ့်တောစခန်းချရာတွင် အသုံးပြုသည့် တဲလေးမို့ အတော်လည်းကြီးသည်။
                    သူမက ထိုအထဲမှာပင် အိပ်ရာလေးခင်းကာ သူမနှစ်သက်သော အရုပ်များ အစားအသောက်များ နှင့် စာဖတ်မီးအိမ်တစ်လုံးပင် ယူဆောင်လာကာ တကယ့် တောစခန်းချ နေသူ တစ်ဦးလိုပင် စိတ်ကူးယဉ်ဆန်ဆန် စခန်းချကာနေလေတော့ အားလုံးက လည်း သူမလေး သဘောကျချစ်ကြရတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now