(Unicode)(Part 2)
ခွန်းဆက်ရောင်နီ ကတ္တီပါလျှောက်လှမ်းပေါ် တစ်လှမ်းချင်းလှမ်းဝင်လာသူအား စိုက်ကြည့်နေသည်။ ထိုသူ၏ပန်းရောင်သန်းနေသော အသားအရေနှင့် ဖြူစွတ်နေသော ဝတ်စုံလေးမှာ အတော်ပင်လိုက်ဖက်လွန်းသည်။ မိန်းကလေးများ သဘောကျသော ပုံစံဖြစ်ရုံမက gay များနှင့် bi များအား စွဲလန်းစေနိုင်သော ပုံစံမျိုးဖြစ်သည်။ သ့ိုသော် ခွန်းဆက် ရင်မခုန်ပါ။ သူ့နှလုံးသားတစ်ခုလုံးသည် တစ်ယောက်သောသူနှင့်သာ ပြည့်နက်နေပြီဖြစ်သည်။ ဖခင်၏ တစ်ချက်လွှတ်အမိန့်ကြောင့် သူ့ဆန္ဒမပါပဲ ဤမင်္ဂလာပွဲအား လက်ခံခဲ့ရသော်လည်း စိတ်အစုံကတော့ တစ်စုံတစ်ယောက်ဆီသို့သာ ပျံ့လွင့်နေသည်။
ခွန်းဆက် အတွေးထဲလွင့်မျောနေစဉ်မှာပင် အလင်္ကာမုန်းမာန်သည် သူ့အနားသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် နေရာဝင်ယူပြီး သူ့အားစိုက်ကြည့်နေသော မိုးပြာရောင်မျက်လုံးများက အနိုင်ရသူတစ်ယောက်လို ရဲတင်းလွန်းနေသည်။နှုတ်ခမ်းထက်တွင်လည်း အပြုံးတစ်ခုအား ချိတ်ဆွဲထားသေးသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေစဉ် MCထံမှ ထွက်ပေါ်လာသော အသံသည် hall တစ်ခုလုံးလွှမ်းခြုံသွားသည်။
"သတို့သား မောင်ခွန်းဆက်ရောင်နီသည် သတို့သားဖြစ်သူ မောင်အလင်္ကာမုန်းမာန်အား သေတပန်သက်ဆုံး ပေါင်းဖက်လိုသော ဆန္ဒရှိပါသလား"
MCစကားသံကြောင့် ခွန်းဆက် မာန့်အားစိုက်ကြည့်နေရာမှ ဖခင်ဖြစ်သူရှိရာဆီ တစ်ချက်လှမ်းကြည့်လိုက်သည်။ ဖခင်ဖြစ်သူကလည်း သူ့အားအကြည့်စူးစူးများနှင့် စိုက်ကြည့်နေတာကြောင့် ခွန်းဆက် အကြည့်ပြန်လွှဲလိုက်ကာ
"ဟုတ်ကဲ့ ကျွန်တော် ဆန္ဒရှိပါတယ်"
"သတို့သား မောင်အလင်္ကာမုန်းမာန်သည် သတို့သားဖြစ်သူ မောင်ခွန်းဆက်ရောင်နီအား သေတပန်သက်ဆုံး ပေါင်းဖက်လိုသော ဆန္ဒရှိပါသလား"
မာန်သည် သူရှေ့မှ ခွန်းဆက်အား မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေရင်း စိတ်ထဲတွင်လည်း အလွန်ဝမ်းသာနေမိသည်။ ခွန်းဆက်ရောင်နီ၏ ယခုကဲ့သို့ မျှော်လင့်ချက်ပျောက်ဆုံးနေသည့် ပုံစံအားကြည့်ကာ အကျေနပ်ကြီး ကျေနပ်နေမိသည်။ မာန် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)