(Unicode)(Part 32)
"ဟိုကောင် မင်းက ကိုယ့်သူငယ်ချင်း ယောက်ကျားကိုတောင် မရှောင် ကြိုက်တာပဲလား"
"ဗျာ"
"ဟင်"
"ဟမ်"
"ဘယ်လို"
သော်တာ့ စကားကြောင့် တစ်ယောက်တစ်ပေါက်စီ ထွက်လာသော အာမေဠိတ်သံများ။ မင်းမြတ်က အသည်းအသန်လက်ကာပြကာ ငြင်းရန်ပြင်ရတော့သည်။ ခွန်းဆက်ကတော့ စိတ်ပျက်သည့်ဟန်ဖြင့် နားထင်နှစ်ဖက်ကို နှိပ်နေတော့သည်။
သောက်ကျိုးနည်း... ဘယ်လိုတောင် တွေးချလိုက်တာလဲ.....
"မဟုတ်ဘူး သေးသေးလေး"
သော်တာက မင်းမြတ်ငြင်းသည်ကို လက်မခံ ပြန်၍ ရန်တွေ့သည်။
"ဘာမဟုတ်ဘူးလို့ ငြင်းချင်နေသေးတာလဲ... မင်းအသည်းတုံးနဲ့ အတူတူနေချင်လို့ ဒီအခန်းထဲရောက်နေမှတော့ မင်းကြိုက်တာ မာန်က လွဲရင် ဘယ်သူရှိသေးလို့လဲ"
"ဘယ်သူရှိသေးလဲ"
မင်းမြတ်က မျက်ခုံးတစ်ဖက်ပင့်ကာ သော်တာ့ကိုပြန်မေးသည်။
"မာန် မဟုတ်မှတော့ ငါပဲကျန်..."
သော်တာ သူ့ကိုယ်သူ လက်ညိုးထိုးကာပြောရင်း မာန့်ကိုကြည့်မိတော့ရယ်ချင်သည်ကို ထိန်းထားရသော မျက်နှာကို တွေ့လိုက်ရသည်။ ခွန်းဆက်နဲ့ မိုးထက်မှာတော့ တစ်ခွီခွီရယ်နေလေသည်။ သော်တာအခြေအနေကို သဘောပေါက်သွားကာ
"တော်ပြီ...ငါအိပ်တော့မယ်"
ပြောရင်း သော်တာ စောင်ကို ခေါင်းထိလုံအောင်ခြုံရင်း တစ်ဖက်လှည့်ကာ အိပ်သွားတော့သည်။
"ဟိတ်အသေးလေး...ပြောအုံးလေ... ဘယ်သူကျန်သေးလဲလို့"
"သော်တာ မေးနေတယ်... ဘယ်သူကျန်သေးလဲတဲ့"
"မာန် မင်းပါးစပ်ကို ပိတ်ထားစမ်း!!"
စောင်ပုံထဲမှ ထွက်မလာပဲ လှမ်းဟောက်လာသော သော်တာ့ကြောင့် အကုန်လုံး ပွဲကျတော့သည်။ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောနေသော မာန့်ကိုကြည့်ရင်း ခွန်းဆက် နှုတ်ခမ်းစွန်းလေးများ ကော့တက်နေသလို ခေါင်းထိလုံအောင်ခြုံထားသော စောင်ပုံလေးအား ချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းများဖြင့် ကြည့်နေသော မင်းမြတ်နှင့် ပျော်ရွှင်စွာရယ်မောနေသော မိုးထက်တို့ကို City Family ဆေးရုံ၏ VIP room တစ်ခုတွင်တွေ့နိုင်လေသည်။ ထို့အတူကြယ်ရောင်စုံနေသော ကောင်းကင်အောက် လက်ချင်းတွဲကာ လမ်းလျှောက်နေကြသော စုံတွဲလည်းရှိသလို ချစ်ရသူအားဖုန်းအကြိမ်ကြိမ် ဆက်နေသော်လည်း လူကြီးမင်းနဲ့သာတိုးနေသော တစ်စုံတစ်ကောင်းလည်းရှိနေပြန်သည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)