(Unicode)(Part 28)
"မင်းတို့သိလား"
"ဒီဖေ... "
မင်းမြတ်က ဆဲဖို့ဟန်ပြင်တော့ ကောင်းထက်က ပြုံးစိစိဖြင့်ဝင်တားသည်။
"စိတ်လျှော့ မင်းမြတ်... စိတ်လျှော့... ငါမေးလိုက်မယ်"
မင်းမြတ်ကိုပြောပြီး ခွန်းဆက်ကိုကြည့်ကာ
"မင်းမပြောတော့ ငါတို့ ဘယ်လိုလုပ်ပြီးသိမှာလဲ... ရောင်နီရဲ့"
"အဲ့တာကြောင့် ပြောပြမလို့လေ နလပိန်းတုံးတွေရဲ့"
ခွန်းဆက်စကားကြောင့် ကောင်းထက်တို့ ၃ယောက် နင်သွားကြတော့သည်။ ဘာအပြစ်များ လုပ်မိလို့ သူတို့ ၃ယောက် ခွန်းဆက်ရစ်တာကို ခံနေရသနည်း။ တစ်ယောက်ယောက် ရှင်းပြပေးကြပါအုံး။
"ငါလေ အလင်းကို သိပ်ချစ်တာကွ"
ခွန်းဆက်ဆိုလာသော စကားကြောင့် မိုးထက်တို့ ခွန်းဆက်အားကြည့်လိုက်မိကြသည်။
"အင်း...ပွင့်ထွက်လာပြီပဲ"
"အရင်ရက်တွေက ဘယ်လိုများမျိုသိပ်နိုင်ခဲ့လဲမသိဘူး"
မိုးထက်စကားကို မင်းမြတ်က ထောက်ခံသလိုဝင်ပြောသည်။ အလင်းဆည်းဆာ ဆုံးပါးသွားသည့် သတင်းက ခွန်းဆက်အပေါ် ရိုက်ချက်ပြင်းသည်ကို သူတို့သိပါသည်။ အရင်ရက်တွေကလည်း ခက်ခက်ခဲခဲ ထိန်းချုပ်ကာ မျိုသိပ်နေရသည်ကိုလည်း မိုးထက်တို့သိသည်။ ထို့ကြောင့် အလိုက်သင့်နေပေးခဲ့ကာ ခွန်းဆက်ခေါ်သည့်အခါတွင်လည်း မအားသည့်ကြားမှ အရောက်လာခဲ့ကြသည်။ အခုလို ခွန်းဆက် ခံစားချက်တွေကို ဖွင့်ဟလာစေဖို့ သူတို့မျှော်လင့်ခဲ့ကြသည်။ မျိုသိပ်ထားသည်ထက် တစ်ယောက်ယောက်ကို ဖွင့်ဟလိုက်သည်က ခွန်းဆက်အတွက် အနည်းငယ် ခံစားရသက်သာစေနိုင်သည်လေ။
"ငယ်ငယ်က အလင်းကို တစ်ခါတည်း တွေ့ဖူးပေမဲ့ တစ်နေ့မှ မေ့မရခဲ့ဘူးကွ... ဒါပေမဲ့ သူက ငါ့ကို မစောင့်ဘူးကွာ... ငါနဲ့ အဝေးဆုံးကို... ငါလိုက်လို့မမှီနိုင်တဲ့ နေရာထိကို သူထွက်ပြေးသွားခဲ့တာ... ငါ့မှာ အိပ်မက်တွေရှိတယ်... သူနဲ့အတူတူ အေးချမ်းတဲ့နေရာလေးမှာ ပျော်ရွှင်စွာနေကြမယ်ဆိုပြီး... ဒါပေမဲ့... ဒါပေမဲ့ကွာ"
![](https://img.wattpad.com/cover/355326751-288-k26229.jpg)
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)