(Unicode)(Part 20)
ခွန်းဆက် တစ်ယောက် အိမ်တွင် သောင်တင်နေသည်မှာ တစ်ပတ်လောက်ပင် ရှိနေပြီဖြစ်သည်။ ဆေးရုံက ဆင်းလာပြီးကတည်းက မာန်က ခွန်းဆက်အား ကားပေးမမောင်းသည်ကြောင့် ခွန်းဆက် ဘယ်မှမသွားရပဲ အိမ်ထဲ၌သာ နေရသည်။ခွန်းဆက်သွားချင်သည်ဆိုသော နေရာများကိုလည်း မာန်ကိုယ်တိုင် ကားမောင်းကာ လိုက်ပို့ပေးသည်။သို့သော် တစ်ယောက်တည်းရှိချိန်တွင်တော့ ကားမောင်းခွင့်ကိုမာန် တားမြစ်ထားသည်။
ခိုးထွက်၍လည်း မရ။အိမ်က CCTV များကို မာန့်ဖုန်းနဲ့ ချိတ်ဆက်ထားသည်ကြောင့် ခိုးထွက်ခဲ့ပါက မာန်၏ ဆူပူမှုများကို ခွန်းဆက်ခံရပေအုံးမည်။ဆေးရုံကဆင်းဆင်းချင်း အိမ်ပြန်ရောက်သည့်နေ့တွင် ခွန်းဆက် ကားကိုမိုင်ကုန်မောင်းနှင်ခဲ့သည်ကို သိသွားသောမာန်က ခွန်းဆက်အား အမျိူးအမျိူးအဖုံဖုံ ဆူပူခဲ့သောကြောင့် ထိုနေ့ကဆိုလျှင် ခွန်းဆက် နားပူခြင်း ဒုက္ခကို တစ်ဝကြီးခံစားလိုက်ရသေးသည်။
ဒီတစ်ပတ်အတွင်း သူပျင်းနေမှာစိုး၍ မိုးထက်တို့ ၃ယောက်က ခွန်းဆက်ကို လာတွေ့ကြသော်လည်း အိမ်ထဲမှာနေတာ များလာသည်ကြောင့် အပြင်သို့ထွက်ချင်နေသည်။ ကားအသစ်ကိုလည်း စမ်းမောင်းချင်နေပြီဖြစ်သည်။
ခွန်းဆက် ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နှင့်တစ်ယောက်တည်း ပျင်းရိနေသည်။ မာန်က ကုမ္ပဏ်ီ သို့သွားလိုက်သည်ကြောင့် အိမ်တွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့သည်။ ဖုန်းကြည့်နေသော်လည်း စိတ်ဝင်စားစရာ တစ်ခုမှမတွေ့။ App တစ်ခုဝင် တစ်ခုထွက်နှင့်သာ အချိန်ကုန်နေသည်။
"အလင်္ကာမုန်းမာန်...ခင်ဗျားကတော့ ကမ္ဘာပတ်နေပြီး ကျွန်တော့်ကိုတော့ အကျယ်ချုပ်ချထားတယ်...ပြန်လာပါစေ တွေ့မယ် ခင်ဗျားနဲ့"
ခွန်းဆက် တစ်ယောက်တည်း ကြိမ်းဝါးရင်း အခန်းထဲမှထွက်ခဲ့တော့သည်။
"သားလေး ဗိုက်ဆာလို့လား...အန်တီ နေ့လယ်စာ ပြင်လိုက်ရတော့မလား"
ဧည့်ခန်းတွင် သန့်ရှင်းရေးလုပ်နေသည့် အန်တီမိုးက ခွန်းဆက် ဆင်းလာသည်ကို မြင်တော့ အလုပ်လုပ်နေရင်း လှမ်းမေးသည်။ ခွန်းဆက်လည်း အန်တီမိုးအား လက်ကာပြရင်း
![](https://img.wattpad.com/cover/355326751-288-k26229.jpg)
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)