(Unicode)(Part 10)
ခွန်းဆက် လေယာဉ်ကွင်းကိုရောက်တော့ ၁နာရီတောင် ထိုးတော့မည်ဖြစ်သည်။ မာယာစီးလာသည့် လေယာဉ်က ၁နာရီခွဲမှ ဆိုက်မည်ဖြစ်တာကြောင့် ခွန်းဆက် toilet နားက ခုံတန်းရှည်တွင် ထိုင်စောင့်မည်ဟု တွေးလျှက် ထိုနေရာကို လှမ်းလာခဲ့သည်။ တစ်ခြားနေရာများတွင် လူရှုပ်နေသည်ကြောင့် လူရှင်းသည့် ဒီနေရာကို ခွန်းဆက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ခွန်းဆက် ဖုန်းကိုထုတ်ကာ မနက်က download လုပ်ခဲ့သော သရဲနှင်နည်း videoအား ကြည့်နေလိုက်သည်။ video ထဲပါသော အကြောင်းအရာများကို စိတ်ပါဝင်စားစွာ တစ်ခုချင်းသေချာမှတ်သားနေသည်ကြောင့် ပတ်ဝန်းကျင်နှင့် အချိန်ကိုပါ မေ့လျော့နေတော့သည်။ ခွန်းဆက် ဖုန်းကြည့်နေစဉ်မှာပင် မာယာနှင်းဆီထံမှ ဖုန်းဝင်လာခဲ့သည်။
"Hello"
"ကိုကို ဘယ်မှာလဲ...လေယာဉ်ဆိုက်တာကြာပြီ...အခုထိမရောက်သေးတာလား"
တစ်ဖက်မှ ခပ်စူးစူးအသံကြောင့် ခွန်းဆက် သူ့လက်မှာပတ်ထားသော နာရီအားကြည့်လိုက်သည်။ video ကိုစိတ်ဝင်စားလွန်း၍ အချိန်ကိုပါမေ့သွားခြင်းပါလေ။
"ငါ ရောက်နေပြီ... toilet နားမှာ လာခဲ့"
"ကိုကိုကလည်း စောင့်စရာနေရာရှားလို့"
ခွန်းဆက် ဖုန်းချလိုက်ပြီး မာယာ့အလာကို စောင့်နေလိုက်သည်။ ခဏအကြာ luggage အား ဆွဲလို့ သူ့ဆီလျှောက်လာသော မာယာ့ကို တွေ့လိုက်ရသည်။ အနားမရောက်ခင်မှာပင် luggage အားပစ်ချကာ ခွန်းဆက်ကို ပြေးဖက်လာသော မာယာ့ကြောင့် ခွန်းဆက် ခြေလှမ်းပင် ယိုင်သွားရသည်။
"ကိုကို...ကိုကို့ ကို မာယာလွမ်းနေတာ"
မာယာ့၏ လုပ်ပုံကြောင့် လူအများက သူတို့နှစ်ယောက်ကိုကြည့်လာကြသည်။ ခွန်းဆက်လည်း နေရခက်လာရကာ မာယာဖက်ထားသော လက်ကိုဖြုတ်ချလိုက်သည်။
"နင်ကလည်း လူမြင်ကွင်းကြီးမှာ...မိန်းကလေးဖြစ်ပြီး ရှက်တတ်စမ်းပါ"
"ကိုကိုကလည်း...မာယာက လွမ်းလို့ဟာကို"
ခွန်းဆက် သူ့အားအမူပိုကာ နှုတ်ခမ်းစူ၍ ချွဲ့နွဲ့ပြောနေသော မာယာ့အားကြည့်ကာ တစ်ခွန်းမကျန် ပြန်ခံပြောတတ်သော နှုတ်ခမ်းရဲရဲလေး ပိုင်ရှင်အား သတိရသွားသည်။ မာန့်ပုံစံလေးအား ပြန်မြင်ယောင်လာသည်ကြောင့် နှုတ်ခမ်းလေးတစ်ဖက် ကော့တက်သွားရသည်။
![](https://img.wattpad.com/cover/355326751-288-k26229.jpg)
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)